ပြိုင်ဘက်အသင်းတိုင်းကို လျှော့မတွက်ရန် မြန်မာယူ-၂၂ အသင်းကို ဦးဇော်ဇော် သတိပေး

မလေးရှားဆီးဂိမ်းပြိုင် ပွဲဝင် မြန်မာယူ-၂၂ ဘောလုံးအ သင်းအနေဖြင့် ပြိုင်ဘက်အသင်း တိုင်းကို လျှော့မတွက်ဘဲ လေး စားစွာယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော် ဇော်က သတိပေးသည်။

ဩဂုတ် ၁၆ ရက်ကယှဉ်ပြိုင် သည့် ၂၀၁၇ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စုဒုတိယပွဲ တွင် မြန်မာအသင်းက လာအို အသင်းကို အကြိတ်အနယ်ယှဉ် ပြိုင်ခဲ့ရပြီး နောက်ကျသွင်းဂိုးများ ကြောင့်သာ ၃-၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ မြန်မာအသင်းအနေဖြင့် ယင်းပွဲတွင် လာအိုအသင်းကို လျှော့တွက်မိ၍ ကစားပုံကျဆင်း ပြီး နောက်ဆုံးမိနစ်အထိ အနိုင်ဂိုးရရန် ရုန်းကန်ခဲ့ရကြောင်း မြန်မာဘောလုံးပရိသတ်အများစုက ဝေဖန်ကြသည်။

‘‘မြန်မာ့လက်ရွေးစင်အမျိုး သားအသင်းအနေနဲ့ ပွဲစဉ်တိုင်း၊ ပြိုင်ဘက်တိုင်းကို လေးလေးစား စားနဲ့ယှဉ်ပြိုင်ကစားဖို့ပြောချင်ပါ တယ်။ အသင်းတိုင်းကိုလျှော့ တွက်ထားလို့မရပါဘူး။ တစ်ဦး ချင်းကစားရင် ၁၀ ရာခိုင်နှုန်း လောက်ပဲကောင်းနိုင်မယ်။ ကိုယ့် ကစားဖော်တွေကို ယုံယုံကြည် ကြည်နဲ့စုပေါင်းကစားရင်အသင်း က ၁၀၀ ရာခိုင်နှုန်းကောင်းနိုင် တယ်။ ဒါကြောင့် တစ်ဦးတစ် ယောက်ချင်းဆီက ကိုယ့်နေရာကိုယ် တာဝန်ယူပြီး စည်းစည်းလုံးလုံးနဲ့ယှဉ်ပြိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်’’ ဟု ဩဂုတ် ၁၇ ရက်က မြန်မာယူ-၂၂အသင်းနှင့်တွေ့ဆုံရာတွင် ဦးဇော်ဇော်က ပြော ကြားသည်။

မြန်မာယူ-၂၂ အသင်းသည် အုပ်စု(က)အဖွင့်ပွဲတွင် စင်ကာပူ အသင်းကို ၂-၀ ဂိုး၊ ဒုတိယပွဲတွင် လာအိုအသင်းကို ၃-၁ ဂိုးတို့ဖြင့် အနိုင်ရထားသည်။ အုပ်စု(က) နှစ်ပွဲအပြီးတွင် နှစ်ပွဲစလုံးအနိုင်ရ ရှိထားသည့်မြန်မာနှင့် အိမ်ရှင် မလေးရှားအသင်းက ရမှတ် ခြောက်မှတ်စီ ရရှိထားသော် လည်း ဂိုးကွာခြားချက်အသာရရှိ ထားသည့် မြန်မာအသင်းက အုပ် စုပထမနေရာ၌ဦးဆောင်ထား သည်။

မြန်မာအသင်းသည် ဩ ဂုတ် ၁၈ ရက်(ယနေ့)မြန်မာစံ တော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် အုပ်စုတတိယပွဲအဖြစ် ဘရူနိုင်း အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။