■ အားကစားသတင်းတိုများ

လီဗာပူးမှကော်တင်ဟိုနှင့် ဒေါ့မွန်မှ ဘီလီတို့ကို ဘာစီလိုနာက ခေါ်ယူရန် အလွန်နီးစပ်နေပြီဖြစ် ကြောင်း ဘာစီလိုနာအသင်း အထွေထွေမန်နေဂျာ ဆီဂူရာက RACI သတင်းဌာနအား ပြောသည်။


နည်းပြကွန်တီက အသင်းတွင် အလိုမရှိဟု ပြော ကြားပြီးနောက် စပိန်တိုက်စစ်မှူးကော်စတာက ၎င်း သည်ချယ်လ်ဆီးသို့ ပြန်မည်မဟုတ်ဘဲ အက်သ လက်တီကိုသို့ ပြောင်းမည်ဟုပြောသည်။

ရီးရဲလ်ကို နှစ်ကျော့ပေါင်း ၅-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နောက် ဘာကာနောက်ခံ လူပီကေးက မိမိတို့သည် ရီးရဲလ်အသင်းလောက် ခြေစွမ်းကောင်းမွန်ခြင်းမရှိ ဟု ပြောသည်။

မန်ယူအသင်းနည်းပြအဖြစ် ပရီးမီးယားလိဂ်ဖလား ၁၃ လုံးရယူပြီး အသက် (၇၅)နှစ်အရွယ် ၂၀၁၃ က အနားယူသွားသော နည်းပြဖာဂူဆန်၏ ပရီးမီးယား လိဂ်အောင်မြင်မူကို ဂုဏ်ပြုရန် ပရီးမီးယားလိဂ်ဖလားမှ ဖာဂူဆန်ဖလားဟု အမည်ပြောင်းသင့် ကြောင်း အာဆင်နယ်နှင့် ဘာစီလိုနာတိုက်စစ်မှူး ဟောင်း အွန်နရီက ပြောသည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီ၏ သားဂျီယို ဗန်နီ (၂၂)နှစ်ကို ဂျီနိုအာမှ ဖရန့်ဖတ်အသင်းက ငါး နှစ်စာချုပ်ဖြင့် ခေါ်ယူသည်။

ပီအက်စ်ဂျီ၊ ရီးရဲလ်နှင့် မန်စီးတီးတို့က ခေါ်ယူရန် ကြိုးစားနေသော မိုနာကိုတိုက်စစ်မှူးသည် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မဆုံးဖြတ်ရသေးဟု ပီအက်စ်ဂျီလူငယ်အကယ်ဒမီအားကစား ညွှန်ကြား ရေးမှူး လူးဝစ်ဖာန်နန်ဒက်ဇ်ကပြောသည်။