အိန္ဒိယက ပဲစင်းငုံအဝယ် ကန့်သတ်ပြီးနောက် ပြည်တွင်း ပဲစင်းငုံဈေး ၂၀ ရာခိုင်နှုန်းကျော် ပြုတ်ကျ

 မြန်မာအပါအဝင် ပြည် ပမှ ပဲစင်းငုံတင်သွင်းမှုကို အိန္ဒိယ အစိုးရက ယခု ဘဏ္ဍာနှစ်တွင် ကန့်သတ်ကြောင်း ထုတ်ပြန်ကြေ ညာပြီးနောက် နှစ်ပတ်အတွင်းပြည် တွင်းဈေးကွက်၌ ပဲစင်းငုံဈေးနှုန်း ၂၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အိန္ဒိယတွင် ပဲစင်းငုံဈေးနှုန်း ကျဆင်းနေသဖြင့် ဈေးပြန်တက် လာစေရန်နှင့် စိုက်ပျိုးထုတ်လုပ် သူ လယ်သမားများ စိုက်ဧကတိုး ချဲ့နိုင်ရန် အိန္ဒိယအစိုးရက ပြည်ပမှ တင်သွင်းမှုကို ကန့်သတ်ခဲ့ ကြောင်း ပြည်ပသို့ပဲမျိုးစုံ တင်ပို့နေသည့် မြန်မာကုန်သည်အချို့က ပြောသည်။

‘‘သူတို့ လယ်သမားတွေအ တွက် အစိုးရက ကာကွယ်ပေးတာ ပါ။ ဒါပေမဲ့ မြန်မာကုန်သည်တွေ ကတော့ ဆုံးရှုံးမှုများတယ်’’ ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

ထိုသို့ ကန့်သတ်လိုက်ခြင်း ကြောင့် အိန္ဒိယနိုင်ငံအတွင်း ပဲ စင်းငုံ တစ်တန်လျှင် ရူပီးငွေသုံး ထောင်ခန့်မှ ငါးထောင်ခန့်ထိ မြင့်တက်လာသည်။

သြဂုတ် ၅ ရက်က အခွန် ကင်းလွတ်ခွင့်ဖြင့် အိန္ဒိယအစိုးရ က ခွင့်ပြုပေးထားသော မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ ပဲ စင်းငုံတင်သွင်းမှုကို ယခုဘဏ္ဍာ နှစ်အတွင်း တန်ချိန်နှစ်သိန်းသတ် မှတ်ခဲ့သည်။

အိန္ဒိယ အစိုးရ၏ ကြေညာ ချက်တွင် ယခုအချိန်အထိ နိုင်ငံစုံ မှတင်သွင်းထားသော ပဲစင်းငုံတန်ချိန် စုစုပေါင်း တစ်သိန်းခြောက် သောင်းခန့်ရှိပြီး ကျန်ရှိနေသည့် လများတွင် ပြည်ပမှ ပဲစင်းငုံတန် ချိန် လေးသောင်းခန့် တင်သွင်းခွင့်ပေးထားကြောင်းလည်း ပါရှိ သည်။

မြန်မာ့ပဲများအဓိကဝယ်ယူ သော အိန္ဒိယက တင်သွင်းခွင့်ကန့် သတ်လိုက်ချိန်တွင် မြန်မာနိုင်ငံ၌ ပဲစင်းငုံ လက်ကျန်တန်ချိန် တစ် သိန်းခန့် ကျန်ရှိနေသည်။ ထို့ ကြောင့် ပြည်တွင်းဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်းများ သြဂုတ် ၅ ရက် မတိုင်မီက တစ်တန်လျှင် ကျပ်ခြောက်သိန်းတစ်သောင်းမှ သြဂုတ် ၁၇ ရက်တွင် ကျပ်ငါးသိန်းသို့ ကျဆင်းလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည် တစ်ဦးက ပြောသည်။

 ထိုကဲ့သို့ ပြည်တွင်းဈေး ကွက်တွင် ဈေးနှုန်းများ ကျဆင်း ပြီး ကုန်သည်များအကျပ်အတည်း ကြုံတွေ့နေရခြင်းကြောင့် မြန်မာ နိုင်ငံရှိ အိန္ဒိယသံရုံးမှ တစ်ဆင့် အိန္ဒိယအစိုးရကို စာပို့ပြီး တွေ့ဆုံ ညှိနှိုင်းရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်ထောက်အတွင်း ဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ ပြည်တွင်း၌ ပဲစင်းငုံကို တစ် နှစ်လျှင် တန်ချိန်နှစ်သိန်းမှ သုံးသိန်းကြား စိုက်ပျိုးထုတ်လုပ်ကြောင်း ဦးမင်းကိုဦးက ပြောသည်။

‘‘လောလောဆယ် ဈေးတွေ ကျနေတာတော့ သိတယ်။ ဒါပေမဲ့တကယ်ရောင်းတဲ့အချိန်မှာ ဈေးအရမ်းကျရင်တော့ လယ်သမား တွေ ဆုံးရှုံးမှာပဲ’’ ဟု ပခုက္ကူမြို့ နယ်နေ ပဲစင်းငုံခြောက်ဧကစိုက်ပျိုးထားသည့် တောင်သူဦးလှဝင်း က ပြောသည်။

 ပဲစင်းငုံဈေးနှုန်း ကျဆင်း သော်လည်း မတ်ပဲသည် ယခုရက် ပိုင်းတွင် တစ်တန်လျှင် ကျပ်ခုနစ် သိန်းခုနစ်သောင်းမှ ကျပ်ရှစ်သိန်း တစ်သောင်းသို့ ဈေးတက်လာ သည်။

 အိန္ဒိယသို့ မြန်မာနိုင်ငံမှ တင် ပို့နေသည့် ပဲများတွင် ပဲစင်းငုံ နှင့် မတ်ပဲက တန်ချိန်အများဆုံး ဖြစ်သည်။

More in News Section