အားလပ်ရက်မှာ ဖတ်စရာ

ဥယျာဉ်မှူးရဲ့ ရနံ့ကြွယ်သော အသီးအပွင့်များ
ဓာတ်ပုံ− စိုင်းဇော်

မုံရွာမြို့က ချင်းတွင်းအိမ် စာပေဟာ အထွက်ကျဲပေမယ့် စာအုပ်ကောင်းတွေသာ ရွေး ချယ်ထုတ်ဝေလေ့ရှိပါတယ်။ ဒီ လိုထုတ်ဝေရာမှာလည်း ရသစာ ကောင်းတွေကိုသာ တစိုက် မတ်မတ်ရွေးချယ်ထုတ်ဝေခဲ့တာ ကြောင့် ရသစာဖတ်သူတွေကြား လူသိများပါတယ်။ ၂၀၁၅ က ထုတ်ဝေခဲ့တဲ့ မြန်မာကဗျာ (၁၀၀) နဲ့ ပြီးခဲ့တဲ့နှစ်အတွင်းထုတ် ဝေထားတဲ့ မြန်မာကဗျာလက်ရွေး စင်ဆောင်းပါးများ စာအုပ်တို့ဟာ ခေတ်ပေါ်ကဗျာ ချစ်သူတွေ၊ ခေတ်ပေါ်ကဗျာ ရေးသူတွေ တ​ရှိုက်မက်မက်ဝယ်ယူသိမ်းထားတဲ့ အထိလူကြိုက်များခဲ့ပါတယ်။

အဲဒီချင်းတွင်းအိမ်စာပေက ပဲ ယခုရက်ပိုင်းအတွင်းစာအုပ် ကောင်းတစ်အုပ်ကို ထပ်မံထုတ် ဝေလာပါတယ်။ ဒီစာအုပ်က တော့ ကွယ်လွန်သူစာရေးဆရာ ကြီးမြသန်းတင့်ရေးသားခဲ့တဲ့ စာ တွေထဲက ထုတ်ဝေသူအကြိုက် ဆုံးလို့ဆိုနိုင်တဲ့ စာတွေချည်းရွေး ချယ်ထားတဲ့  ချိုးဖျက်၍မရသော သမိုင်းမှတ်တိုင်များပဲဖြစ်ပါ တယ်။ ၁၉၉၈ ဖေဖော်ဝါရီက ကွယ်လွန်ခဲ့တဲ့စာရေးဆရာကြီးမြ သန်းတင့်ဟာ ယခုဆိုရင် ကွယ် လွန်ချိန်နှစ် ၂၀ နီးပါးရှိလာပါပြီ။ မြန်မာစာပေရဲ့ ကြယ်ကြီးတစ်ပွင့် ဖြစ်တဲ့ ဆရာမြသန်းတင့်ကို စာ အများဆုံးရေးသားခဲ့တဲ့စာရေး ဆရာအဖြစ် ပြည်သူတွေကအသိ အမှတ်ပြုပြီးသားပါ။ ဆရာမြ သန်းတင့်ဟာ စာပေအမျိုးအ စားစုံရေးနိုင်ခဲ့လို့ စာပဒေသာ ဥယျာဉ်မှူးကြီး ရယ်လို့ထင်ရှားခဲ့ သူဖြစ်ပါတယ်။ ယခုချင်းတွင်း အိမ်က စီစဉ်တဲ့စာအုပ်မှာဆိုရင် ဆရာမြသန်းတင့်ရေးသားခဲ့တဲ့ စာတွေထဲက အကောင်းဆုံးလို့ဆို နိုင်တဲ့ စာတွေချည်းစုစည်းထား တာမြင်ရပါမယ်။ ဒီလိုစုစည်းဖော် ပြရာမှာ ပင်ကိုရေးနဲ့ ဘာသာပြန် ကဗျာ၊ ဆောင်းပါး၊ ပြဇာတ်၊ မြန်မာရသစာတမ်း၊ နိုင်ငံတကာ ရသစာတမ်း၊ ခရီးသွား၊ ၀တ္ထုတို၊ ဘာသာပြန်ဝတ္ထုတို၊ လူပုဂ္ဂိုလ် အမှတ်တရ၊ လူပုဂ္ဂိုလ်ရုပ်ပုံလွှာ၊ ရေးသားခဲ့တဲ့ စာအုပ်အမှာစာ များ၊ ကျွန်တော်ဆက်၍ ရေးချင် သောဝတ္ထုများ၊ လူလေးသို့ ပေး စာ၊ စာပေအင်တာဗျူးနဲ့ ဆရာမြ သန်းတင့်ရဲ့ ကလောင်ခွဲများ၊ စာ စုစာရင်းနဲ့ ဘ၀နှင့်စာပေမှတ် တမ်းဆိုပြီး ကဏ္ဍများခွဲကာဖော်ပြ ထားပါတယ်။ ဒါ့အပြင် ပန်းချီ မောင်ညိုဝင်းရေးဆွဲတဲ့ ဆရာမြ သန်းတင့်ရဲ့ ပုံတူပန်းချီကားကို လည်း ရောင် စုံပုံနှိပ်ဖော်ပြထားပြီး နောက်ဆုံးဟောပြောခဲ့တဲ့ မုံရွာ စာပေဟောပြောပွဲ ဓာတ်ပုံကို ထည့်သွင်းထားပါတယ်။ စာ အုပ်နောက်ဆုံးမှာဆိုရင် အမျိုး သားစာပေဆုရစာအုပ်တွေဖြစ် ကြတဲ့ စစ်နှင့်ငြိမ်းချမ်းရေး၊ လေ ရူးသုန်သုန်၊ ခန်းဆောင်နီအိပ် မက်၊ သုခမြို့တော်နဲ့ အချစ်မိုး ကောင်းကင်စာအုပ်မိတ်ဆက်အ ကြောင်းတို့ကို ထည့်သွင်းဖော်ပြ ထားတာတွေ့ရပါမယ်။

 

ကဏ္ဍအ လိုက်အခန်းများခွဲပြီး ဖော်ပြထား ရာမှာ နာမည်ကြီး ‘စက္ကူမြင်း တောင်တွင်းရထား’ နဲ့ ‘အသင် ဥရောပ’ ကဗျာတွေကို ဖတ်ရ မှာဖြစ်ပြီး ဆောင်းပါးကဏ္ဍမှာဆို ရင် ‘လမင်းကို ထရံပေါက်မှ ကြည့်ခြင်း’၊ ‘တွိုင်ဘီ၏ ယဉ်ကျေး မှုစနစ်များ’၊ ‘ချိုးဖျက်၍ မရသော သမိုင်းမှတ်တိုင်များ’၊ ‘အာရင် ဘတ်ရဲ့ ၀င်းပသောလေ’၊ ‘သေ သူတို့သည် နားစွင့်နေကြသည်’ အစရှိတဲ့ ဆောင်းပါးတွေပါဝင်ပါ တယ်။ ‘တမာနုချိန် စစ်တမ်း’နဲ့ ‘ထီးကောက်နဲ့ ခေါက်ထီး’ကတော့ ဆရာရဲ့ ပင်ကိုရေးရသစာတမ်း တွေဖြစ်ပြီး နိုင်ငံတကာရသစာ တမ်းအဖြစ် ‘ကြောင်တစ်ကောင် နှင့်စကားပြောခြင်း’နဲ့ ‘ကဗျာအ ကြောင်း စာအကြောင်း’ တို့ကို ဖော်ပြထားပါတယ်။ ခရီးသွား ကဏ္ဍမှာဆိုရင် ဆောင်းပါးရှည် တစ်ပုဒ်ဖြစ်တဲ့ ‘ပီကာဆို၏ ပဉ္စ လက်မီးအိမ်၊ နှစ်သိန်းတန်ထမင်း ပွဲနှင့် မိုးကောင်း’ကို ဖတ်ရမှာဖြစ် ပြီး တာရာမဂ္ဂဇင်းမှာပထမဆုံး ရေးသားခဲ့တဲ့ ‘ဒုက္ခသည်’နဲ့ ‘မင်း သမီးရုပ်နှင့် ဘီလူးခေါင်း’အစရှိ တဲ့ ၀တ္ထုတိုတွေလည်းပါဝင်ပါ တယ်။ လူပုဂ္ဂိုလ်အမှတ်တရရုပ်ပုံ လွှာအဖြစ် လူထုဦးလှနဲ့ ဆရာ ဗန်းမော် တင်အောင်တို့အကြောင်း ဖတ်ရပါမယ်။ အမှာစာ ကဏ္ဍ မှာတော့ ဆရာထင်လင်း၊ ဦးဝင်း တင်နဲ့ ချစ်ဦးညိုတို့ရဲ့ စာအုပ်မိတ် ဆက်အမှာတွေကို ဖော်ပြထား ပါတယ်။ ဒီစာအုပ်မှာပါတဲ့ စာ အပုဒ်တိုင်းဟာ မြေဩဇာကြွယ်ဝ ပြီး လောင်းရိပ်ကင်းကင်းနဲ့ ရင့် မှည့်ခဲ့တဲ့ စာပေအသီးအပွင့်တွေချည်းပဲဆိုနိုင်ပါတယ်။ ဒါကြောင့် အားလပ်ရက်မှာ စိတ်အပန်းလည်း ပြေ၊ အဓိပ္ပာယ်ရှိရှိ အချိန်ကုန် ဆုံးနိုင်ဖို့ ယခုစာအုပ်ကိုညွှန်း ဆိုလိုက်ပါတယ်။ စာအုပ်ကို ၅,၀၀၀ ကျပ်နဲ့ဖြန့်ချိပြီး အိမ်တိုင် ရာရောက်ဖတ်လိုသူတွေ ဖုန်း ၀၉-၂၅၀၀၉၁၉၁၃ နဲ့ face-book/Wedistribution ကို ဆက် သွယ်မှာယူနိုင်ပါတယ်။           ။