ခလုတ်နှိပ်တတ်ဖို့လိုပါသည်

(၁)

ရုံးက လုပ်ဖော်ကိုင်ဖက်တွေ နဲ့ စကားပြောကြရင်း ငယ်ငယ်က ဖတ်ခဲ့ရတဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေအကြောင်း ပြောဖြစ် ကြပါတယ်။ အဲဒီလိုပြောကြရင်း ပြန်သတိရမိတာကတော့ ဟို အရင်ခေတ် သတင်းစာတွေထဲက ပြည်တွင်းသတင်းတွေကိုပါပဲ။ နိုင်ငံ့အကြီးအကဲတွေ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဟိုသွားဒီ သွားလုပ်တာကိုပဲ သတင်းအဖြစ် ဖော်ပြခဲ့ကြရတာပါ။ ဘယ်ဝန် ကြီးက ဘယ်ကိုသွားပြီး ‘စစ်ဆေး တယ်’ဆိုတာမျိုးနဲ့ သတင်းကိုစပြီး ‘လိုအပ်သည်များကို မှာကြားခဲ့ပါ သည်’ဆိုတဲ့စကားနဲ့သတင်းကို အဆုံးသတ်လေ့ရှိပါတယ်။ လို အပ်သည်များကို မှာကြားခဲ့ပါ သည်ဆိုတဲ့စကားကို အငြိမ့်လူရွှင် တော်တွေကတော့ ‘လိုအပ်သည် များကို မှာစားခဲ့ပါသည်’လို့ ပြက် လုံးထုတ်ခဲ့ကြတာ မှတ်မိကြပါ လိမ့်ဦးမယ်။ အဲဒီခေတ်မှာ တစ်ခါ တစ်ခါတော့လည်း လိုအပ်သည် များကို မမှာကြားဘဲ‘လိုအပ်သည် များကို ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပါသည်’ဆိုတဲ့ စာသား လေးတွေကိုတော့ ရှားရှားပါးပါး တစ်ခါတစ်ရံ တွေ့ရတတ် ပါ တယ်။

 နိုင်ငံ့ ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် စတဲ့ ဝန်ထမ်းအဖွဲ့အစည်း အကြီး အကဲတွေဟာ ယူထားရတဲ့တာဝန် တွေ ကြီးလေးလွန်းတာနဲ့အမျှ ကိစ္စတိုင်းကို အားလုံးသိနေ တတ် နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ သို့သော်လည်းပဲ သက် ဆိုင်ရာကဏ္ဍအလိုက်၊ တာဝန်ယူ ထားရတဲ့ ရာထူးအလိုက် ဆောင် ရွက်ရမယ့် နိုင်ငံ့အရေးအရာတွေ ကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ပေးရမယ့် တာဝန်က လည်း အပြည့်ရှိနေပြန်ပါတယ်။ အရာခပ်သိမ်းကိုလည်း မသိ၊ မတတ်၊ အောင်မြင်ပြီးမြောက်ဖို့ ကလည်း တာဝန်ရှိနေချိန်မှာ ပေါင်းစပ် ညှိနှိုင်းပေးနိုင်တဲ့ စွမ်း ရည်တော့ဖြင့် မဖြစ်မနေရှိနေဖို့ လိုအပ်ပါတယ်။ အကြောင်းအရာ တစ်ခု၊ အခက်အခဲတစ်ခုနဲ့ပတ် သက်ပြီး ဘယ်သူကတော့ သိ တယ်၊ ဘယ်သူကတော့တတ် တယ်၊ ဘယ်သူကတော့အရင်း အမြစ် စိုက်ထုတ်ပေးမယ် စသ ဖြင့် သိတဲ့၊ တတ်တဲ့ အရင်းအမြစ် စိုက်ထုတ်ပေးနိုင်မယ့်သူတွေ ကြားမှာ ပေါင်းစပ်ညှိနှိုင်းပေးခြင်း အားဖြင့် ပြဿနာရပ်တွေကို လွယ်လွယ်ကူကူ မဟုတ်ရင် တောင် မှန်မှန်နဲ့ မြန်မြန် ဖြေရှင်း ပေးနိုင်မှာ ဖြစ်ပါတယ်။

(၂)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျေးလက်က ပြည်သူလူထုတွေ နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးစကား ဝိုင်းလေး ကျင်းပခဲ့တာ မှတ်မိကြ ပါလိမ့်ဦးမယ်။ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာမှာပါ။ အဲဒီ မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြည်သူ တစ်ယောက်က ဘဏ်တိုးနှုန်း ကြီးမြင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ အဲဒီပွဲလေးမှာပဲ ဘဏ်ချေးငွေတွေဟာ တကယ့် အသေးစား၊ အလတ်စား စီးပွား ရေးလုပ်ငန်းတွေဆီကို မရောက် နိုင်တဲ့ကိစ္စကို မန္တလေးတိုင်းဝန် ကြီးချုပ်က ပြောဆိုသွားပါသေး တယ်။ ကျေးလက်ဒေသတွေမှာ ဂရန်အမည်ပေါက် မြေမရှိလို့ ဘဏ်ချေးငွေတွေ မရနိုင်တဲ့ အခက်အခဲကိုလည်း ပြည်သူတချို့က တင်ပြခဲ့ပါတယ်။

တစ်ပတ်လောက်အကြာ သြဂုတ် ၁၅ ရက်မှာတော့ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘဏ်လုပ်ငန်းရှင်တွေကို ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအစည်း အဝေးကို ဖိတ်ကြားတဲ့ ဖတ်စာ မှာ ပုဂ္ဂလိကဘဏ်တွေက ဥက္ကဋ္ဌ တွေကို အစည်းအဝေးတက် ရောက်ဖို့နဲ့ ကိုယ်တိုင်မလာနိုင်ဘူး ဆိုရင် ကိုယ်စားလှယ် စေလွှတ် စရာမလိုဘူးဆိုတာကို ထည့်သွင်း ဖော်ပြထားကြောင်း သတင်းမှာ ဖတ်ရှုရပါတယ်။ အဲဒီအစည်း အဝေးကို ဘဏ်လုပ်ငန်းရှင် ၂၂ ဦး တက်ရောက်ခဲ့တယ်လို့ဆိုပါ တယ်။ ထူးခြားတာက အတိုင်ပင် ခံပုဂ္ဂိုလ်နဲ့အတူ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ အောင်သူ၊ အခြားဒုဝန်ကြီး နှစ်ဦးတို့ တက်ရောက်ခဲ့ကြတယ် လို့ ဆိုပါတယ်။ အဲဒီအချက်ကို ကြည့်ရင် ဘဏ်လုပ်ငန်းရှင်တွေ ကို ခေါ်ယူတွေ့ဆုံရာမှာ ကျေး လက်နေ ပြည်သူတွေအတွက် အဆင်ပြေစေမယ့် ကိစ္စရပ်တွေ ကို သေချာပေါက် ဆွေးနွေးကြ မယ်ဆိုတာ သိသာလှပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လယ်ယာမြေ ပုံစံ (၇) နဲ့ ကွန်ဒိုခန်း အာမခံထား ငွေချေးပေးနိုင်ဖို့ ဥပဒေပြဋ္ဌာန်း ပေးဖို့ ဘဏ်လုပ်ငန်းရှင်တွေက တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဓိကပြောချင်တာက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တင်ပြလာတဲ့ ပြည်သူလူထုရဲ့ အခက်အခဲတွေကို ပေါင်းစပ်ညှိနှိုင်းပေးခြင်းအားဖြင့် ဖြေရှင်းနေတယ်ဆိုတာကိုပါ။

(၃)

ပေါင်းစပ်ညှိနှိုင်းပေးနေတာ တွေ အထက်မှာတင်ပြခဲ့သလို ရှိ နေပေမယ့် ပေါင်းစပ်ညှိနှိုင်းပေးဖို့ အရေးတကြီးလိုအပ်နေတဲ့ တခြား ကိစ္စရပ်တွေလည်း အများကြီးရှိပါ သေးတယ်။ ဥပမာလေးတစ်ခု လောက် ပြောချင်ပါသေးတယ်။ တချို့မြို့နယ်တွေ၊ ခရိုင်တွေ၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ကြက်ငှက်တုပ်ကွေးရောဂါ ထိန်း ချုပ်ရေးအကြောင်းပြပြီး ကြက်ဥ၊ ကြက်သားနဲ့ မွေးမြူရေးအစာတွေ သယ်ဆောင်တာကို တားမြစ်တဲ့ စာတွေ ထုတ်ကြတယ်။ တစ်ဖက် မှာ ကြက်သားဈေးက ထိုးကျနေ တယ်။ ဒီလိုအခြေအနေမှာ မွေး မြူရေးနဲ့ပတ်သက်ပြီး တာဝန်ယူ ထားရတဲ့ ဝန်ကြီးဌာန၊ ဦးစီးဌာန တွေအနေနဲ့ ဘာလုပ်သင့်သလဲဆို တာကို ဉာဏ်မီသလောက်စဉ်းစား ကြည့်မိတယ်။

မွေးမြူရေးနဲ့ ထွက်ကုန်တွေ နဲ့ပတ်သက်ပြီး ဥပဒေကြောင်း အရ အခွင့်အာဏာ အရှိဆုံးက တော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူ ရေးနှင့်ကုသရေး ဦးစီးဌာနတွေပဲ။ ဒါပေမဲ့ ခက်နေတာက အဲဒီလို ဥပဒေအရ အပ်နှင်းထားတဲ့ သက် ဆိုင်ရာဌာနတွေရဲ့ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး အုပ်ချုပ်ရေးပိုင်း က ဝင်ရောက်ခြယ်လှယ်နေတာ တွေ တွေ့ရတယ်။ တကယ်တော့ လက်ရှိ တည်ဆဲဥပဒေဖြစ်တဲ့ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုး ရေးဥပဒေအရ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကို ရောဂါကင်းရှင်းခြင်း ရှိ၊ မရှိစစ် ဆေးပြီး သယ်ဆောင်ရောင်းဝယ် ခွင့် မပြုဘူးလို့ တားမြစ်ပိုင်ခွင့်ဟာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုသာ အပ် နှင်းထားတယ်။ ဒါကို ဘောင် ကျော်ပြီး အုပ်ချုပ်ရေးက ဝင် ရောက်စွက်ဖက်တာဟာ ဥပဒေ ကို မလေးစားရာရောက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သက်ဆိုင် ရာဝန်ကြီးဌာန၊ ဦးစီးဌာနတွေ အနေနဲ့ မိမိတို့ တာဝန်ယူရတဲ့ စီးပွားရေးကဏ္ဍ (Industry)တစ် ခုကို မပြိုလဲသွားအောင် ထိန်း သိမ်းဖို့အတွက် ပေါင်းစပ်ညှိနှိုင်းမှု တွေ ဆောင်ရွက်ရမယ်လို့ ယူဆ မိပါတယ်။ လိုအပ်ရင် အစိုးရအဖွဲ့ ကိုတင်ပြပြီး အဲဒီလို ဒေသန္တရ အမိန့်တွေကို ပြန်လည်ရုပ်သိမ်း နိုင်ဖို့ ညှိနှိုင်းပေးသင့်တယ်လို့ ယူ ဆမိပါတယ်။

တစ်ဆက်တည်းမှာ ဈေး ကွက်ထဲမှာ ဝယ်လိုအား ကျဆင်း ပြီး ထုတ်လုပ်ပြီးဖြစ်တဲ့ ကြက်ဥ၊ ကြက်သားတွေကို အလေအလွင့် မရှိရအောင် စားသောက်ကုန်လုပ် ငန်း(Food Industry)နဲ့ဆက် သွယ်ပြီး ပေါင်းစပ်ညှိနှိုင်းပေးမယ် ဆိုရင် မွေးမြူရေးသမားတွေ မမြတ်ရင်တောင် မရှုံးတော့ပါ ဘူး။ ရှုံးရင်တောင် နာလန်မထူ လောက်အောင်ထိ မရှုံးတော့ပါ ဘူး။ အစိုးရဝန်ကြီးဌာနတွေ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်း၊ တပ်မတော်စည်သွတ်ဘူး စက်ရုံ တို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဈေး ကွက်ကို ထိန်းကျောင်းပေးဖို့ ကြိုး စားသင့်တယ်လို့ ထင်ပါတယ်။ တစ်ဖက်မှာလည်း စားသောက် ကုန်လုပ်ငန်းရှင်တွေ၊ အအေးခန်း သိုလှောင်ရုံတွေနဲ့ ညှိနှိုင်းပြီး ဈေး ကွက်ထဲမှာ ယာယီပိုလျှံနေတဲ့ ကြက်ဥ၊ ကြက်သားတွေကို ခေတ္တထိန်းသိမ်းပေးဖို့ ပေါင်းစပ် ညှိနှိုင်းနိုင်ပါတယ်။ ဈေးကွက်ထဲ မှာ ပုံနေတဲ့ ပစ္စည်းနည်းနည်း လျော့သွားတာနဲ့ သင့်တင့်တဲ့ဈေး နှုန်းကို တဖြည်းဖြည်းချင်း ပြန် ရောက်လာမှာဖြစ်ပါတယ်။ ဒါက မွေးမြူရေးသမားတွေရဲ့ အခက် အခဲကိုပဲ ဖြေရှင်းပေးတာမဟုတ် ပါဘူး။ နောက်ပိုင်း ကုန်ဈေးနှုန်း ကြီးမြင့်လာတဲ့အခါ ထိန်းသိမ်း ထားတဲ့ ထုတ်ကုန်တွေကို ဈေး ကွက်ထဲ ပြန်ပို့ခြင်းအားဖြင့် ကုန် ဈေးနှုန်းကို ထိန်းသိမ်းပေးရာ ရောက်နိုင်ပါတယ်။ ဒါကြောင့် ပြည်သူတစ်ရပ်လုံး အကျိုးရှိမယ့် ကိစ္စမျိုးပါ။ စာရေးသူအနေနဲ့ ဒီလိုလုပ်ရ မယ်လို့ တိုက်တွန်းတာ မဟုတ်ဘဲ ဉာဏ်မီသလောက် တွေးမိတာကို တင်ပြခြင်းပါ။ အဓိက ဆိုလိုရင်းကတော့ သင့်လျော်တဲ့ Stake-holders တွေကြားမှာ ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြင့် အခက်အခဲကို ဖြေရှင်းကြည့်စေလိုခြင်းသာ ဖြစ်ပါတယ်။

(၄)

 လေယာဉ်မှူးတွေဟာ ဒဏ္ဍာရီထဲက စွမ်းအားရှင်တွေ၊ နတ်ဘုရားတွေလို သဘာဝလွန် စွမ်းအားတွေရှိနေလို့ ခရီးသည် တွေအများကြီးပါတဲ့ လေယာဉ်ကို လေပေါ်မှာ ပျံဝဲနေစေတာ မဟုတ်ပါဘူး။ လေယာဉ်စက်ခန်း ထဲက ဘယ်ခလုတ်ကိုနှိပ်ရင် ဘာ ဖြစ်မယ်ဆိုတာသိပြီး အဲဒီခလုတ် တွေကိုပဲ အခြေအနေ အချိန်အခါ အလိုက် အချိုးညီညီ ပေါင်းစပ် အသုံးပြုသွားတာသာ ဖြစ်ပါ တယ်။ ဒါကြောင့် အရေးအကြီး ဆုံးက ခလုတ်တွေကို မှန်မှန်ကန် ကန် နှိပ်တတ်ဖို့ပါပဲ။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာမှာရော၊ လက်ရှိ ကြုံတွေ့နေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရာမှာရော လုံ လောက်တဲ့ အရင်းအမြစ်တွေ မရှိ ဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ စကားတစ်ခွန်း၊ စာတစ် ရွက်၊ လက်မှတ်တစ်ချက်နဲ့ ပြည် သူလူထုအတွက် အကျိုးရှိတာ တွေ အများကြီးလုပ်နိုင်ပါတယ်။ မလုပ်နိုင်ပါဘူးဆိုပြီး မှိုင်နေ၊ ငေး နေ၊ တွေးနေ၊ မသိချင်ယောင် ဆောင်နေမယ့်အစား အရင်း အမြစ်တွေကိုပဲ ပေါင်းစပ်ညှိနှိုင်း ပေးခြင်းအားဖြင့် ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးနိုင်မှာဖြစ်ပါ တယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို နမူနာယူရင်း ကြုံဆုံ လာတဲ့ အခက်အခဲတိုင်းကို ပေါင်းစပ်ညှိနှိုင်း အဖြေရှာကြပါစို့ လားခင်ဗျာ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)