သွေးတိုးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သည့် ကောင်စစ်ဝန်ကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေး

ရခိုင်ပြည်နယ် စစ် တွေမြို့တွင် တာဝန်ထမ်းဆောင် နေစဉ် သွေးတိုးရောဂါဖြင့် ရုတ် တရက်ကွယ်လွန်ခဲ့သည့် မြန်မာ နိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ကောင် စစ်ဝန်၏ရုပ်အလောင်းကို မောင် တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  လွှဲပြောင်းပေးခဲ့ သည်။ 

ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် (Mr. Dr. Md Awlad Hossain Consul)၏ရုပ်အလောင်းကို သြ ဂုတ် ၁၉ ရက်ညနေက စစ်တွေမြို့ မှတစ်ဆင့် မောင်တောမြို့သို့ သယ်ယူကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ လွှဲပြောင်းခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် သည် စစ်တွေမြို့ရှိ ကောင်စစ်ဝန် ရုံးတွင် သြဂုတ် ၁၉ ရက်နံနက် အစောပိုင်း၌ ရုတ်တရက်ကွယ် လွန်ခြင်းဖြစ်ပြီး  အသက်(၅၀)နှစ်ရှိပြီဖြစ်ကြောင်း ကောင်စစ်ဝန်ရုံးသတင်းရင်းမြစ်များက   ဆို သည်။ 

ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် ၏ ရုပ်အလောင်းကို မောင်တော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့ နယ်ဦးစီးမှူးတို့က လွှဲပြောင်းပေး အပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်အခြေစိုက် ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ၂ မှ ဒုအရာခံဗိုလ် အီဗြာဟိန်းဦး ဆောင်သောအဖွဲ့က လက်ခံခဲ့ ကြောင်း မြို့နယ်လဝကဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 

‘‘ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်က စပိဘုတ်တွေနဲ့ လာသယ်သွားပါတယ်။ သေဆုံးသူ ကောင်စစ်ဝန်ရဲ့ဇနီးဖြစ်သူနဲ့ သား ဖြစ်သူလည်း လိုက်ပါသွားတယ်။ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ချုပ် လည်း လိုက်သွားတယ်’’ဟု လုံခြုံ ရေးတာဝန်ယူခဲ့သည့် မောင်တော မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်မြ ဝင်းက ပြောသည်။ 

ကောင်စစ်ဝန်သည် စစ်တွေ မြို့၌ ယမန်နှစ်မတ်လက စတင် တာဝန် ထမ်းဆောင်ခြင်းဖြစ် သည်။ 

More in News Section