ကိုယ့်လမ်းကိုယ်ဖောက်ရန် ကြိုးစားရတော့မည့် ဂျပန်

Toru Hanai/File/ reuters

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာ ဘေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပေါ် ထောက်ခံမှု သည် မည်သည့်အချိန်ကမျှ မယိမ်းယိုင်ခဲ့ပေ။ နှစ်ဦးသားတွေ့ဆုံရန် ကြိုးစားခဲ့သလို တယ်လီဖုန်းဖြင့် လည်း ပုံမှန်ဆက်သွယ်စကားပြော ဆိုခဲ့သည်။ သမ္မတထရန့်၏ ပြည် တွင်းနိုင်ငံရေးပြဿနာများအပေါ် ဝေဖန်မှတ်ချက်ပေးခြင်း မရှိသော၊ ရှားပါးသော ကမ္ဘာ့ခေါင်းဆောင် အချို့အနက် တစ်ဦးဖြစ်သည်။


ထိုကဲ့သို့ ချဉ်းကပ်ပုံနှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုများသည် ဂျပန်နိုင်ငံအနေဖြင့် လှုပ်လှုပ်ရွရွဖြစ်နေသော ဒေသတွင်း ၎င်း တို့ကို အဓိကကာကွယ်ပေးသူအ ဖြစ် အမေရိကန်ကို လိုအပ်သည် ဆိုသော အချက်ကို သတိထားမိ ကြောင်း ရောင်ပြန်ဟပ်နေခြင်း ဖြစ်သည်။

နှစ်နိုင်ငံကြား ကွဲပြားခြားနား မှုမရှိသလောက် ပုံပေါ်အောင် လူသိရှင်ကြား ပြောဆိုမှုများနှင့် မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်ဆက်လက်အရှိန်ရနေ ခိုက်၌ မစ္စတာအာဘေးသည် အာရှ၌ ဂျပန်အတွက် ပိုမို၍ အမှီအ ခိုကင်းသော အခန်းကဏ္ဍကို စတင်စဉ်းစားလာခဲ့သည်။ လက်ရှိအိမ်ဖြူတော်အခြေအနေကို ကျော်လွန်ပြီး အမေရိကန်၏ သြဇာ အာဏာကျဆင်းလာသော ခေတ်တစ်ခေတ်အတွက် ဂျပန်၏ အခန်းကဏ္ဍဖြစ်သည်။

ဒေသဆိုင်ရာ ခေါင်းဆောင် အဖြစ် မိမိကိုယ်ကိုယ်ဖော်ဆောင် မည်လား၊ သို့မဟုတ်ပါကလည်း အမေရိကန်မူဝါဒ၏ အုတ်မြစ်ဖြစ် ခဲ့သော တန်ဖိုးများကို ဆက်လက် ကျင့်သုံးမည်လားဆိုသည်ကို ဂျပန်က စတင်ရင်ဆိုင်နေရပြီဖြစ်သည်။

‘‘ရေရှည်မှာဆိုရင်တော့ လစ်  ဘရယ်ဝါဒနဲ့ လွတ်လပ်စွာ ကုန် သွယ်ရေး ဘယ်လိုထိန်းသိမ်းသွား မလဲဆိုတာကို ဂျပန်က စဉ်းစားရ ပါလိမ့်မယ်။ ဒါဟာ ဂျပန်ရဲ့ အကျိုးစီးပွားအတွက်သာ မဟုတ်ဘဲ ဒေ သတစ်ခုလုံးအတွက် ဖြစ်ပါတယ်’’ ဟု ကိုလံဘီယာတက္ကသိုလ်မှ ဂျပန်နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ တွဲဖက်ပါမောက္ခတာကာ ကိုဟိကိုတာမီက ပြောသည်။

ပြီးခဲ့သည့်လကပင် ပစိဖိတ် ရပ်ဝန်းပူးပေါင်းဆောင်ရွက်မှု (TPP) လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်ကို ညှိနှိုင်းခဲ့သော နိုင်ငံ ၁၁ နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေး မှုများကို ဂျပန်က ဦးဆောင်ခဲ့ပါ သည်။ TPP စာချုပ်သည် ဒေါ်နယ် ထရန့်အာဏာရလာပြီး ပထမတစ် ပတ်အတွင်း စွန့်ပစ်ခဲ့သော ကိစ္စ ဖြစ်သည်။ ဂျပန်နိုင်ငံက ယင်း သဘောတူညီချက်ကို ပြန်၍ အ ဖတ်ဆယ်ပြီး ရှေ့ဆက်သွားရန် စိတ်အားထက်သန်နေသည်။ အ မေရိကန်နိုင်ငံ မပါလျှင်ပင် ရှေ့ ဆက် လုပ်ဆောင်မည့် အဓိပ္ပာယ် ဖြစ်သည်။

မဟာမိတ် အမေရိကန်နှင့် လွတ်ကင်းစွာဖြင့် တရုတ်နိုင်ငံနှင့် ခိုင်မာသော ဆက်ဆံရေးတည် ဆောက်ရန် လိုအပ်သည်ဆိုခြင်း ကို အသိအမှတ်ပြုခြင်းအဖြစ် တရုတ်အစိုးရ၏ ရပ်ဝန်းတစ်ခု၊ လမ်းမတစ်ခု (One Belt, One Road) အခြေခံအဆောက်အအုံ တည်ဆောက်ရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ယခင်ရပ်တည်ချက်ကို ပြင်ဆင်၍ မစ္စတာအာဘေးက နွေရာသီတွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ ကိုယ်တိုင်ကလည်း အရှေ့တောင် အာရှဒေသတစ်ခုလုံး၌ အခြေခံ အဆောက်အအုံတည်ဆောက် ရေးများ လုပ်ဆောင်နေသည်။

သို့သော် စစ်ကို အားမပေး သော၊ အခြေခံဥပဒေဖြင့် ကြာရှည်စွာ တုပ်နှောင်ခံထားရသော ဂျပန်သည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးအားမနည်းချင်သည်မှာ အသေအချာပင်ဖြစ်သည်။ အထူးသဖြင့် လုံခြုံရေးကိစ္စတွင် ဆက်ဆံရေးအားနည်းချင်သည်မဟုတ် ပေ။ သြဂုတ်လလယ်ပိုင်းမှာပင် ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုရီအိုနိုဒီရာနှင့် နိုင်ငံခြားရေးဝန်ကြီးတာရိုကိုနိုတို့သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက် တစ်၊ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်တို့နှင့် ဝါရှင်တန်တွင် တွေ့ဆုံခဲ့သည်။ ယင်းမှာ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်နေစဉ် မဟာမိတ်နှစ်နိုင်ငံ ကြား ဆက်ဆံရေးပိုမိုခိုင်မာ အောင် လုပ်ဆောင်ရန်ဖြစ်သည်။ နှစ်ဖက်ပူးတွဲကြေညာချက်တွင် လည်း နျူကလီးယားတပ်ဖွဲ့များ အပါအဝင် အမေရိကန်နိုင်ငံက ၎င်းတို့၏ အင်အားအကုန်သုံး၍ ဂျပန်နိုင်ငံကို ကာကွယ်မည့်အ ကြောင်း ထပ်မံအတည်ပြုခဲ့ကြ သည်။

အမေရိကန်နှင့် မြောက်ကိုရီး ယားတို့က အပြန်အလှန်ခြိမ်း ခြောက်ပြောဆိုနေပြီး ဂျပန်နိုင်ငံ အနီး အငြင်းပွားရေပြင်သို့ တရုတ်နိုင်ငံက သင်္ဘောများ ဆက်လက် စေလွှတ်နေချိန်၌ လက်တွေ့တွင် ဂျပန်အနေဖြင့် ရွေးချယ်စရာမရှိ ဟု နယူးယောက်မြို့တွင် အခြေ စိုက်သော နိုင်ငံရေးစွန့်စားမှု အတိုင်ပင်ခံအဖွဲ့ ‘တီနီယိုထောက် လှမ်းရေး’မှ ဂျပန်ဆန်းစစ်လေ့လာ သူ တိုဘီယက်မာရစ်က ပြော သည်။ ၎င်းတို့နိုင်ငံအနီးအနားမှ ရင်ဆိုင်မှုများကို ကိုင်တွယ်ရန် ဂျပန်က အမေရိကန်နှင့် ထိတွေ့ ဆက်ဆံနေရမည်ဟု ၎င်းက ဆက် လက်ပြောသည်။

အချို့ကလည်း ဒေါ်နယ်ထ ရန့်နှင့် မြောက်ကိုရီးယားအပေါ် လွန်လွန်ကျူးကျူး ရန်လိုသော ပြောဆိုမှုများသည် ဂျပန်အား အမေရိကန်နှင့် ဝေးဝေးနေရန် ဖြစ်လာစေမည်လားဟု တွေးတောနေ ကြသည်။

‘‘ဒေါ်နယ်ထရန့်ရဲ့ မြောက် ကိုရီးယားအပေါ် မာမာထန်ထန် ရပ်တည်မှုကို ဂျပန်က ဘယ် လောက်အထိ သည်းခံမလဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာနိုင်ပါတယ်’’ ဟု နိုင်ငံတကာရေးရာ ဂျပန်အင် စတီကျုဒ်မှ ဝါရင့်ပညာရှင် တက် ဆူအိုကိုတာနီက ပြောကြားသည်။

ယခုလအတွင်း ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပသော ဒေသတွင်း လုံခြုံရေးဖိုရမ်တစ်ခု၌ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာကိုနိုက မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုနှင့် တွေ့ဆုံခဲ့ သည်ဟု သတင်းများတွင် ဖော်ပြ ခဲ့ပြီးနောက် ဂျပန်မီဒီယာများက အထက်ပါမှန်းဆချက်များကို အားကောင်းလာစေခဲ့သည်။ ဂျပန်နိုင်ငံ နှင့် ဆွေးနွေးရေးကို မြောက်ကိုရီး ယားနိုင်ငံက လမ်းဖွင့်ထားသည့် သဘော မစ္စတာရီယောင်ဟိုက ပြောကြားသည်ဟု သတင်းမီဒီယာ များက ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဌာနကမူ ယင်း သတင်းများကို အတည်ပြုခြင်း မရှိပေ။

အချို့သော ဆန်းစစ်လေ့ လာသူများကလည်း မြောက်ကိုရီး ယားနှင့် အမေရိကန်ကြား တွေ့ ဆုံဆွေးနွေးမှုဖြစ်ပေါ်ရန် ဂျပန် နိုင်ငံက ကြားဝင်ညှိနှိုင်းပေးသင့် သည်ဟု အကြံပြုကြသည်။ 

‘‘စစ်အင်အားနဲ့ပဲ မြောက်ကို ရီးယားကို ဖိအားပေးနေတာ မထိ ရောက်ပါဘူး။ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား တင်းမာမှု လျော့ပါးအောင် ဂျပန်က လုပ် ဆောင်ပေးသင့်တယ်’’ဟု ယခင် အစိုးရဒုတိယအတွင်း ဝန်ဟောင်းနှင့် ယခုအခါတိုကျိုအခြေစိုက်နိုင်ငံခြားရေးမူဝါဒပညာရှင်အဖွဲ့ မှ ဒါရိုက်တာ ကျိုဂျိယာနာဂီဝါ ဆာက ပြောကြားသည်။

သို့သော်ဆွေးနွေးမှုများ ဖြစ် ပေါ်ရေး လုပ်ဆောင်ရာတွင် ဂျပန် နိုင်ငံက အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍမှ ပါဝင်နိုင်ဖွယ်မရှိဟု မစ္စတာအာဘေးနှင့် ၎င်း၏ဝန်ကြီး အဖွဲ့ အတွေးအခေါ်များနှင့် နီးစပ် သူတစ်ဦးက ဆိုသည်။ နိုင်ငံ ပေါင်းစုံ ဆွေးနွေးပွဲဖြစ်ပေါ်ရေး တိုကျိုက လုပ်ဆောင်နိုင်စွမ်းရှိ သည်ဟု မြောက်ကိုရီးယားနှင့် တရုတ်တို့ကပါ ရှုမြင်ခြင်းမရှိဟု ယင်းကိစ္စကို လူသိရှင်ကြား ပြော ခွင့်မရသော ထိုပုဂ္ဂိုလ်က ပြော ကြားသည်။ ထိုသို့ဆွေးနွေးပွဲလုပ် ဆောင်ရန် ဝါရှင်တန်(သို့) ဘေ ဂျင်းကသာ တတ်နိုင်ပြီး မော်စကို၊ တိုကျိုနှင့် ဆိုးလ်တို့လည်း မတတ် နိုင်ဟု နှစ်ဖက်စလုံးက ယူဆထား ကြသည်။

လက်ရှိအချိန်တွင် ဂျပန်က ၎င်းတို့၏ ဒုံးကျည်ကာကွယ်ရေး စနစ်တိုးတက်ရေး စီစဉ်နေသည်။ Aegis Ashore ဟုခေါ်သော အမေရိကန်ဒုံးခွင်းဒုံးစနစ်ကို ဝယ်ယူရေး ဘတ်ဂျက်တောင်းဆိုမည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက  ပြောကြားသည်။ ယင်းစနစ်သည် ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ကမ္ဘာ့လေထုပြင်ပတွင် ကြားဖြတ် ပစ်ချနိုင်စွမ်းရှိသော ဒုံးခွင်ဒုံးစနစ် ဖြစ်သည်။

ဝေဖန်သူများကလည်း ဆွေး နွေးပွဲဖြစ်ပေါ်ရေး မစ္စတာ အာဘေးအနေဖြင့် ဒေါ်နယ်ထရန့်နှင့် ရင်းနှီးသော ဆက်ဆံရေးကို အသုံးချသင့်သည်ဟု ပြောဆိုကြသည်။ ‘‘ဂျပန်အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးဖြတ်တောက်စရာ အကြောင်းမရှိဘူးလို့ ထင်တယ်။ ဒါပေမဲ့ လည်း စစ်မှန်တဲ့ မိတ်ဆွေတစ် ယောက်အနေနဲ့ ဒေါသတွေ လျော့သွားအောင် နာကျင်စရာဖြစ် ကောင်း ဖြစ်နိုင်ပေမယ့် ရိုးသားတဲ့ အကြံဉာဏ်ပေးသင့်ပါတယ်’’ဟု တိုကျိုမြို့ဆိုဖီယာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ကိုအိချိနာကာနိုက ပြောသည်။

အချို့သော ဆန်းစစ်လေ့ လာသူများကလည်း ဂျပန်နိုင်ငံ အတွက် အကျိုးစီးပွားကို မြင်တွေ့ခဲ့လျှင် အာဘေးသည် အမေရိကန်နှင့် မတူသောလမ်းစဉ်ကို လိုက်စား နိုင်စွမ်းရှိသူဟု ဆိုသည်။

အိုဘားမား လက်ထက် ၂၀၁၄ တွင် ရုရှားက ခရိုင်းမီးယား ဒေသကို ၎င်းတို့ပိုင်နက်ထဲ သွတ် သွင်းခဲ့ပြီးနောက် အိမ်ဖြူတော်က အလိုရှိသည်ထက် ပို၍ အကန့်အ သတ်ရှိသော တားဆီးပိတ်ဆို့မှု များကို ဂျပန်နိုင်ငံက ချမှတ်ခဲ့ သည်။ ပစိဖိတ်ရပ်ဝန်းသဘောတူ ညီချက် (TPP)ကို ပြန်လည်အ သက်သွင်းရေး ဂျပန်၏ ကြိုးပမ်း အားထုတ်မှုသည် အမှီအခိုကင်း ရေး နမူနာတစ်ခုဖြစ်နိုင်သည်။

‘‘မဟာမိတ်ဖွဲ့စည်းမှုကို မစ္စ တာအာဘေးက အမြင့်ဆုံးအဆင့် မှာ မှန်ကန်တဲ့ အပြုသဘောပုံစံနဲ့ ကျွမ်းကျင်စွာ ထိန်းသိမ်းထားနိုင် တယ်ဆိုတဲ့ နမူနာပါပဲ။ ဒါပေမဲ့ လည်း အဲဒီရဲ့ ပြင်ပမှာ သူ့ဘာသာ လုပ်ချင်တာကိုလည်း စီမံခန့်ခွဲနေ ပါတယ်’’ဟု ယခင်က ကိုရီးယား ကျွန်းဆွယ်အထူးပြု ကန်နိုင်ငံခြား ရေးဝန်ကြီးဌာန သံတမန်ဟောင်း မင်တာဂိုအိုဘက ပြောသည်။

—Ref:The New York Times

Top News