အမျိုးထိလျှင် မချိအောင် နာသမို့

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကျော်များမှာ မြန်မာနိုင်ငံမှာ Korea Wave ဆိုတဲ့ ကိုရီးယားလှိုင်း ရိုက်ခတ်မှုဟာ ပိုမိုသိသာထင်ရှားလာခဲ့ပါတယ်။ အခမဲ့ရုပ်မြင်သံကြားလိုင်းတွေကကြည့်ရတဲ့ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများက ကိုရီးယားသရုပ်ဆောင်များရဲ့ဝတ်စားဆင်ယင်ပုံ၊ ပြုမူပြောဆိုပုံတွေကို ဆယ်ကျော်သက် မြန်မာတွေက အတုယူလာကြပါတယ်။

အလှပြင်ဆိုင်တွေမှာ ဆံပင် ဖြောင့်တာ၊ ဆေးဆိုးတာတွေကို မြန်မာမလေးတွေက စိတ်ဝင်စားလာပြီ။ မြန်မာကောင်လေးတွေက တော့ ဆံပင်ကိုဂျယ်လိမ်းပြီး မိုး ထိအောင်ထောင်ဖို့ ကြိုးစားလာ ပါတယ်။ လူစည်ကားတဲ့ မြန်မာ လမ်းဘေးအစားအစာတွေထဲမှာ ကိုရီးယားအကင်၊ ကိုရီးယားရေ ညှိ ထမင်းလိပ်တွေပါဝင်လာပြီး ဆိုရှယ်ကျတဲ့ မြန်မာမလေးတချို့ ဟာ ကိုရီးယားအရက်ဆိုဂျူးကို သောက်တတ်လာကြပါတယ်။

ဂီတနဲ့ ပတ်သက်ရင်လည်း ကိုရီးယားပေါ့ပ်ဂီတ(Kpop) ဟာ မြန်မာကိုသာမက ကမ္ဘာကို ပါ ရိုက်ခတ်ခဲ့ပါတယ်။ ဆယ် ကျော်သက်မြန်မာလူငယ်များ  ဟာ တယ်လီဖုန်းတစ်လုံးနဲ့ Kpop သီချင်းတွေကို ကိုရီးယားစာသား မတတ်ဘဲ အချိန်ဖြုန်းကာ အရ သာခံ နားထောင်နေလာကြပါ တယ်။ ဒါတင်မကပါဘူး မြန်မာ နိုင်ငံကိုလာရောက် ဖျော်ဖြေတဲ့ ကိုရီးယားဂီတအဖွဲ့တွေဖြစ်တဲ့ 2NE1, Sistar, Exo, Bts တို့ရဲ့ ဖျော်ဖြေပွဲတွေကိုလည်း မြန်မာ ပရိသတ်တွေက လက်မှတ်တစ်စောင်သိန်းနဲ့ချီပေးကာကြည့်ရှုခဲ့ပါတယ်။

ကိုရီးယားရုပ်သံဇာတ်လမ်း တွဲတွေကနေ အတုယူပြီး မိန်းက လေးတချို့က သူတို့ရဲ့ချစ်သူ ရည်းစားများကို ဒူးထောက်ချစ် ခွင့်ပန်ခိုင်းတာ၊ ကျောပေါ်ကုန်းပိုး စေတာ၊ အရက်မူးပြီးရိတာ၊ ရစ် တာတွေပါ ပြုလုပ်လာကြပါတယ်။ ဒါဟာလည်း သိပ်မဆန်းကျယ်ပါဘူး။ သူတို့ရဲ့မိခင်၊ ဖခင်တွေကပါ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲတွေထဲက မိသားစုဘ၀တွေကို အတုယူပြီး လူမှုရေးဖောက်ပြန်မှုတွေ ဖြစ်လာတာတွေကြောင့်လည်း ပါပါတယ်။

အခုတော့ ကိုရီးယားလှိုင်း ဟာ အနုပညာတစ်ခုတည်းသာ မဟုတ်ဘဲ ပညာရေး၊ စီးပွားရေး၊နိုင်ငံရေးတွေအထိပါ ရိုက်ခတ် လာပြီဖြစ်ပါတယ်။ မြန်မာ စာစီစာ ကုံးကိုတောင် ဖြောင့်အောင်မရေး တတ်တဲ့ မြန်မာတွေက ကိုရီးယားဘာသာ သင်တန်းတွေကို ငွေ ကုန်ကြေးကျခံကာ သင်ကြားကြ ပြီး တစ်နှစ်တစ်ကြိမ်စစ်ဆေးတဲ့ ကိုရီးယားစာကျွမ်းကျင်မှု စာမေး ပွဲကိုဖြေကာ ကိုရီးယားနိုင်ငံမှာ  အလုပ်သမားအဖြစ် လုပ်ဆောင် ကြဖို့ ကြိုးစားနေကြပြီ ဖြစ်ပါ တယ်။ တကယ်တမ်းမှာ ကိုရီးယားလုပ်ငန်းရှင်တွေဟာ သူတို့ နိုင်ငံမှာ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်တွေကို မြန်မာလုပ်သားတွေကို ဈေးပေါပေါနဲ့ ခေါ်ယူခိုင်းစေနေကြတာပါ။

စီးပွားရေးမှာလည်း ကိုရီး ယားတံဆိပ်တပ်ထားတဲ့ လူသုံးကုန်ပစ္စည်းတွေဟာ လက်ကိုင် တယ်လီဖုန်းကအစ ရေခဲသေတ္တာ၊ အဲကွန်းအထိ မြန်မာ့အိမ်ဦးခန်းမှာ နေရာယူထားကြတာ တွေ့ကြရ ပါလိမ့်မယ်။ လမ်းပေါ်မှာလည်း ကိုရီးယား မော်တော်ကားတွေ ပြေးလွှားမောင်းနှင်နေကြပါပြီ။

သည်လိုကိုရီးယားလှိုင်းက အဆက်မပြတ် ရိုက်ခတ်နေချိန် မှာ ကိုရီးယားစီးပွားရေးသမား တွေဟာ မြန်မာ့နိုင်ငံရေးကိုပါ ၀င် ရောက်စွက်ဖက်ဖို့ ကြိုးစားလာ တာကို မြန်မာနိုင်ငံအတွင်းမှာ ကို ရီးယားဘာသာနဲ့ ထုတ်ဝေတဲ့ Myankore မဂ္ဂဇင်း ၂၀၁၇ သြဂုတ်လထုတ်ထဲက ဆောင်းပါး တစ်ပုဒ်က သက်သေထူခဲ့ပါ တယ်။ Myankore မဂ္ဂဇင်းမှာ ဆောင်းပါးရှင် ရှင်စွန်းဟယျောင်း က ‘အောင်မြင်ခြင်းနဲ့ တိုက်ခိုက် ခြင်း’ဆိုတဲ့ ဆောင်းပါးကိုကိုရီး ယားဘာသာနဲ့ ရေးသားထားပါ တယ်။ ဆောင်းပါးတစ်ပုဒ်လုံးကို ဘာသာပြန်ထားတဲ့ စာကိုကူးယူ ဖော်ပြလိုသော်လည်း စာမျက်နှာ အခက်အခဲကြောင့် ဆောင်းပါး ရှင်ရဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး နဲ့ မြန်မာလူမျိုးတွေအပေါ်ထား တဲ့ သဘောထားတချို့ပါတဲ့ စာ ပိုဒ်လေးတွေကိုသာ ကူးယူဖော် ပြလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံ အစိုးရ ရဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးသူက ‘‘အခုလက်ရှိ မြန်မာပြည်မှာတော့ အောင်ဆန်း စုကြည်အစိုးရဟာ စစ်တပ်နဲ့ စစ် မှန်သော ပူးပေါင်းဆောင်ရွက်မှု ကို မပြုလုပ်နိုင်ဘဲ ရှိနေပြီးတော့ တိုင်းရင်းသားတွေရဲ့ သဘော ထားအမြင်နဲ့ ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေဟာလည်း သွားရတဲ့ ခရီးလမ်းဟာ ဝေးကွာလွန်းလှတယ်။ မြန်မာပြည်သူတွေရဲ့ အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေဟာ အေးခဲလာနေတာကို နေရာတိုင်းမှာ မြင်တွေ့နေရတယ်။ နောက်ဆုံးသူ့နေရာက Super Woman ကို မဖန်တီးနိုင်တဲ့ အနေအထားပဲ ဖြစ်နေတယ်။ အထူးသဖြင့် အနားမှာ ၀ိုင်းရံသူအမျိုးသမီး သုံးလေးယောက်ကို အဓိကထားပြီး နိုင်ငံရေး မျက်နှာစာကို စီမံခန့်ခွဲ နေတယ်ဆိုတဲ့ကောလာဟလတွေလည်း ပျံ့နှံ့နေတာ အဆင်ပြေ ချောမွေ့ဖို့က မလွယ်ဘူးလို့ ပြောကြတယ်’’လို့ ရေးသားဝေဖန်ခဲ့ပါတယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံ သားတွေဟာ အာဏာရှင်ခေတ် ကိုပြန်လည်တမ်းတနေသယောင် ရေးသားခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီး ချုပ်ကိုလည်း မြန်မာပညာတတ် များက Stupid လို့ ဆိုသယောင် ယခုလိုရေးသားထားပါတယ်။

‘‘၂၀၂၀ ရွေးကောက်ပွဲဟာ  ဘယ်လိုမျိုးဖြစ်လာနိုင်မလဲ။ ဒါ ဟာ ဘယ်သူမှအာမမခံနိုင်တဲ့ အ ခြေအနေကို ဦးတည်သွားနေပြီး မြန်မာလူမျိုးတွေ ကြားထဲမှာ လည်း တဖြည်းဖြည်း အရင်ခေတ် ကိုလွမ်းဆွတ်သတိရနေကြတဲ့ စကားသံတွေဟာ ခွန်အားတွေ ရရှိလာနေတယ်။ အဲဒီဝဲဂယက် ထဲမှာမှ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ကာကွယ်ရေးဦးစီး ချုပ်ကို ရာထူးနှိမ့်ချတဲ့ဖော်ပြချက် မျိုး ပြုလုပ်ခဲ့ပြန်တယ်။ တစ်ဖက် မှာတော့ စုကြည်ကိုကိုယ်စားပြု တဲ့ မျိုးဆက်သစ်ခေါင်းဆောင် အနေနဲ့ စစ်ဆင်ရေးကိုပုံဖော်တာ လို့ ဆိုနိုင်ပေမယ့် မြန်မာပညာ တတ်အများစုကတော့ Stupid လို့ ပြောဆိုနေကြတယ်။ သူ့ထမင်း ပန်းကန်ကိုပဲ ကြည့်မနေဘဲ တိုင်း ပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေး လုပ်ဆောင်ရမယ်ဆိုတဲ့ စကားသံ တွေလည်း ပိုပြီးများလာတယ်’’။ အဆိုးဆုံး သူရေးသားခဲ့တာက တော့ မြန်မာပြည်သူတွေအပေါ် သူ့ရဲ့ သဘောထားအမြင်ဖြစ်ပါ တယ်။ ဖတ်ကြည့်ပါဦး။

‘‘မြန်မာခွေးတွေဟာ ပျော် ရွှင်အေးချမ်းနေပုံပေါ်ကြတယ်။ မြန်မာလူမျိုးတွေဟာ လမ်းပေါ် မှာရှိတဲ့ ခွေးတွေနဲ့ တော်တော် လေးကိုတူကြတယ်လို့ ပြော တယ်။ အပူအပင်ကင်းမဲ့နေကြ ပြီး ရေးကြီးသုတ်ပျာ ပုံစံမျိုးမမြင် ရတာကြောင့်ပဲ ဖြစ်တယ်’’

ဆောင်းပါးတစ်ပုဒ်လုံးကို ခြုံငုံသုံးသပ်ရရင်တော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ပြည်သူ တွေက အယုံအကြည်မရှိတော့ သယောင်ရေးသားထားပြီး စာရေးသူကိုရီးယားလူမျိုးကိုယ်၌က အာ ဏာရှင်စနစ်ကို ပြန်လည်တမ်းတ နေတဲ့သဘောပါ။ အစိုးရကို ဘာ မှ အောင်မြင်မှုရအောင် မလုပ် ဆောင်နိုင်ဘူးလို့ ဝေဖန်ရုံမက ပြည်သူပြည်သားတွေကိုပါ လမ်း ဘေးကခွေးတွေနဲ့ နှိုင်းယှဉ်ပြီး ပျင်းရိနှေးကွေးနေတယ်လို့ ရေးလိုက် တာ ဖြစ်ပါတယ်။

ဒီမဂ္ဂဇင်းဟာ ကိုရီးယားဘာ သာနဲ့ ရေးသားထုတ်ဝေပေမယ့် မြန်မာနိုင်ငံအတွင်း ဖြန့်ချိတာပါ။ မြန်မာနိုင်ငံက ကိုရီးယားပစ္စည်း အရောင်းဆိုင်တွေမှာတင် ထားပါ တယ်။ သူများနိုင်ငံမှာ လာနေ၊ သူများအရိပ်ခိုပြီး ခွေးနဲ့နှိုင်းတာ ဟာသားရေပေါ်အိပ် သားရေနား စားသလို ဖြစ်နေပါတယ်။ မြန်မာ နိုင်ငံသားတစ်ယောက်က ကိုရီးယားသွားပြီး ဒီလိုဆောင်းပါးမျိုးရေးရင် ဘာဖြစ်သွားနိုင်လဲ တွေးကြည့်ကြပါ။

ဒီနေရာမှာ စာဖတ်ရှုများကိုတစ်ခုတွေးကြည့် စေချင်တာက အကယ်၍ မြန်မာနိုင်ငံမှာ စီးပွားလာရှာတဲ့ မွတ်စလင်လူမျိုးတစ်ဦးက သူတို့ဘာသာစကားနဲ့ယခုလို မြန်မာတွေကို ခွေးနဲ့နှိုင်းတဲ့ဆောင်းပါးတစ်ပုဒ်ရေးမယ်ဆိုရင် ဘာဖြစ်သွားနိုင်လဲ ဆိုတာပါ။

အမျိုးချစ်ကြရာမှာ အမြင် ကျယ်ဖို့ လိုပါတယ်။ တစ်စုံတစ် ခုကိုပဲ တစိုက်မတ်မတ် အာရုံထားနေမယ်ဆိုရင် တခြားနေရာတွေ မှာ လစ်ဟာမှုတွေများလာနိုင်ပါ တယ်။ နိုင်ငံရေးအချောင်သမား တွေရဲ့ လူပြိန်းကြိုက်မျိုးချစ်တရားတွေထက် ကိုယ်တိုင်သိ ကိုယ်တိုင်မြင်တွေ့ခံစားရတဲ့ မျိုးချစ်စိတ်ဓာတ်ကသာ တိုင်းပြည်ကို အဓွန့်ရှည်တည်တံ့စေမှာ ဖြစ်ပါတယ်။

 ဆယ်ကျော်သက် လူငယ် တွေကိုမှာချင်တာကတော့ နိုင်ငံ ခြားဂီတကိုကြိုက်နှစ်သက်ပါ၊ နိုင်ငံခြားရုပ်ရှင်ကို ကြည့်ပါ၊ နိုင်ငံခြားဘာသာစကားကိုလေ့လာပါ၊ ထို့အတူ ကိုယ့်စာပေ အနုပညာကိုလည်း တန်ဖိုးထားပါ။ ယခုပဲကြည့်ပါ။ တစ်နိုင်ငံလုံးက ကိုရီးယားပစ္စည်းနဲ့ကိုရီးယား အနုပညာတွေ ကို ၀ယ်ယူသုံးစွဲနေပေမယ့် ကိုရီးယားလူမျိုးက ကိုယ့် လူမျိုးကိုခွေးနဲ့ခိုင်းနှိုင်းလိုက်တာ ဘယ်လောက်အသည်းနာဖို့ ကောင်းလိုက်ပါသလဲ။ နိုင်ငံခြားသားတွေရှေ့မှာ ကိုယ့်စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုကို တန်ဖိုးထားပြမှ သူတို့ကလေးစားကြမှာပါ။ သူတို့ရှေ့မှာသူတို့အနုပညာကို တန်ဖိုးထားပြနေရင်တော့ ကွယ်ရာမှာ ခုလိုပြောနေကြဦးမှာပါပဲ။

တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတိုင်း ကို အထင်မကြီးဘဲ ကိုယ့်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့ ကိုယ်စိတ်နှလုံး ဖြင့် ကြိုးစားနိုင်ကြပါစေ။ စဉ်း စားတွေးခေါ်ဝေဖန်ပိုင်းခြားတတ် သော ဉာဏ်ဖြင့်အမျိုးကို ချစ်တတ်ကြပါစေလို့ ။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)