ကိုဖီအာနန်နှင့် တွေ့ဆုံရန် ANP လွှတ်တော်ကိုယ်စားလှယ်များငြင်းဆန်

 ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ဥက္က ဋ္ဌ ကိုဖီအာနန်က ရခိုင်အမျိုးသား ပါတီ (ANP) ကိုယ်စားလှယ်များ ကိုတွေ့ဆုံရန် ဖိတ်ကြားသော် လည်း ငြင်းဆိုခဲ့ကြောင်း ANP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြော ကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် ကိုဖီအာနန်သည် ရခိုင်ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် များနှင့် သြဂုတ် ၂၃ ရက်တွင် နေ ပြည်တော်၌ တွေ့ဆုံရန် ဖိတ်ကြားခဲ့သည်။


 ‘‘ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဖို့ ဖိတ်ပါတယ်။ ဒါပေမဲ့ ပထမအကြိမ် ငြင်းဆိုခဲ့ကြသလိုပဲ သွားရောက် တွေ့ဆုံဖို့အတွက်ကို ဘယ်သူမှ မလုပ်ကြပါဘူး’’ဟု ဒေါ်ခင်စောဝေက ပြောကြား သည်။

ရခိုင်အမျိုးသားပါတီအနေ ဖြင့် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ကော်မရှင်ကို ပြည်သူ့လွှတ် တော်တွင် ကန့်ကွက်ကြောင်း တင်သွင်းခဲ့သကဲ့သို့ ရခိုင်ပြည် နယ် လွှတ်တော်၌လည်း ကန့် ကွက်ကြောင်း တင်သွင်းခဲ့သည်။

‘‘ကျွန်တော်တို့ကတော့ ကိုဖီ အာနန်ကို မကြိုက်ဘူး။ ကျွန်တော်တို့ ကိုဖီအာနန်နဲ့ တွေ့ဆုံဖို့ အ ကြောင်းမရှိပါဘူး။ အခုချိန်မှာက ကိုဖီအာနန်ရဲ့အစီရင်ခံစာက အ ဆုံးသတ်ဖို့ အချိန်ရောက်နေပြီ လေ။ ဒါကို ကျွန်တော်တို့ကို ဖိတ် ပြီး ဆရာကြီးလုပ်ဖို့ သဘောမြင်ပါတယ်။ ကျွန်တော်တို့ ရပ်တည် ချက်အတိုင်းပဲ ကိုဖီအာနန်ကို အသိအမှတ်မပြုဘူးဆိုတဲ့ ရပ် တည်ချက်အတိုင်း ရပ်တည်သွား တာဖြစ်ပါတယ်’’ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောသည်။

ကိုဖီအာနန်၏ ဖိတ်ကြား ချက်တွင် ရခိုင်ပြည်နယ်ကိုယ်စား ပြုလွှတ်တော်အမတ်များဟု လိပ်မူကာ ရောက်ရှိလာပြီး ANP ပါတီကိုယ်စားပြုသော ကိုယ်စားလှယ် များ တစ်ဦးတစ်ယောက်မှ မတက် သော်လည်း သံတွဲ၊ တောင်ကုတ်၊ ဂွမှ NLD အမတ်များအနေဖြင့် တက်ရောက်နိုင်ကြောင်း ဦးဖေ သန်းက ရှင်းပြသည်။

‘‘ကျွန်မတို့ကတော့ ကိုဖီအာ နန်ရဲ့ အစီရင်ခံစာကို လွှတ်တော် ကို တင်ပြဖို့ မျှော်လင့်ထားတယ်။ လွှတ်တော်တင်တဲ့အခါကျရင် ကိုယ်စားလှယ်တွေကို ဖြန့်မှာပါ။ အကယ်၍ လွှတ်တော်ကို တင်လာခဲ့ရင် ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေကို ခေါ်မှာပဲလေ။ အဲဒီမှာ ဖတ်ပြီးတော့ အားသာချက်၊ အားနည်းချက်တွေကို ဖတ်ပြီးတော့ ဆွေးနွေးထောက်ပြသွား မယ်’’ဟု ANP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

Top News