အခမဲ့ဖျော်ဖြေပွဲတွေ ရှိတဲ့နေရာ

ဒီတစ်ပတ် အားလပ်ရက်မှာတော့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့ကျစေရန် ရည်ရွယ်ပြီး ပရ ဟိတအဖွဲ့များ၊ အနုပညာရှင်များ ပါဝင်တဲ့ Clean Yangon Cam-paign (August) ကို ဩဂုတ် ၂၇ ရက် လှည်းတန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ စိတ်ဝင်စားသူများ လည်း ဝင်ရောက်ပါဝင်နိုင်တာလို့ သိရပါတယ်။

ဆရာစံလမ်းမှာရှိတဲ့ ပန်းချီ  ချစ်သူများ ဆုံစည်းရာဖြစ်တဲ့ No. 2 Art Area မှာတော့ တစ်လတစ် ကြိမ် နောက်ဆုံးပတ် တနင်္ဂနွေနေ့ တိုင်း ပုံမှန်ကျင်းပနေကျပွဲလေး ဖြစ်တဲ့ ဆရာကြီး ဦးဝင်းဖေမြင့် #WPM ကနေပြီး ပန်းချီနဲ့ဆိုင်တဲ့ စကားဝိုင်းလေးတစ်ခု  ဆွေးနွေးဟောပြောမှာပါ။ ပန်းချီဝါသနာပါတဲ့သူတိုင်း လက်လွှတ်မခံသင့်တဲ့ ဆွေးနွေးပွဲလေးပါ။ နေ့ရက်ကတော့ ဒီလ ၂၇ ရက် ညနေ ၄ နာရီကနေ ၇ နာရီအထိ ဖြစ်ပါတယ်။

ပန်းချီ ဝင်းဖေမြင့်နဲ့ ပန်းချီ ဖိုးဆန်းတို့ရဲ့ TRIP To ANYAR ပန်းချီပြပွဲကို  ဗိုလ်ချုပ်အောင် ဆန်း အားကစားကွင်း (မြောက် ဘက်ရှိ) Ok Gallery မှာ ရေဆေး၊ အခရိုင်းလစ် စတဲ့ပန်းချီကားတွေ ကို ၂၆ ရက်ကနေ ၃၁ ရက်အထိ ပြသမှာဖြစ်ပါတယ်။

ပန်းချီဆရာ ၃၁ ဦးပါဝင်တဲ့ ရှင်သန်ခြင်း (၄) မြတ်ဒါန ပန်းချီ ပြပွဲကို ဗိုလ်တထောင်မြို့နယ်ရှိ 43 Art Gallery မှာ ၂၆ ရက်က နေ ၃၁ ရက်အထိ ပြသမှာ ဖြစ်ပါ တယ်။            ။