အားလပ်ရက်မှာ လည်ပတ်စရာ

စီးတီးမောလ်သို့ တစ်ခေါက်
ဓာတ်ပုံ− ကျော်ဇင်သန်း

အပန်းဖြေ လည်ပတ်စရာ နည်းပါးတဲ့ ရန်ကုန်မြို့နေပြည်သူ လူထုအတွက် ကုန်တိုက်တွေ၊ ရှော့ပင်းမောလ်တွေက အပန်း ဖြေစရာနေရာတစ်ခုပါပဲ။

အားလပ်ချိန်လေးမှာ မိသား စုနဲ့ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေ တွေနဲ့ဖြစ်စေ ဈေးဝယ်ထွက်ပြီး ကော်ဖီသောက်၊ မုန့်စားတာက လည်း မြို့ပြယဉ်ကျေးမှုတစ်ခု ဖြစ်လာနေပါတယ်။ ဒီအတွက် လည်း ရှော့ပင်းမောလ်တွေ၊ ဈေး ၀ယ်စင်တာတွေကလည်း နေရာ အနှံ့ဖွင့်လှစ်လာခဲ့ပါတယ်။

ဒီလိုအများအပြားရှိတဲ့အထဲ က မကြာသေးခင်ကမှ ပြည်လမ်း၊ စိန့်ဂျွန်းကားမှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတဲ့ CITY MALL ဆိုတဲ့ ဈေးဝယ်စင်တာကို လမ်းညွှန်ချင် ပါတယ်။

စီးတီးမောလ်က သုံးထပ်ဖွဲ့ စည်းထားပြီးတော့ အိုးရှင်းစူပါစင် တာ၊ လက်ဝတ်ရတနာ၊ ဖက်ရှင် ဆိုင်၊ ဒုတိယထပ်မှာတော့ အိုင်တီ ပစ္စည်း၊ ဖက်ရှင်အ၀တ်အထည်နဲ့လူသုံးကုန်ပစ္စည်းဆိုင်၊ တတိယ ထပ်မှာတော့ မုန့်ဈေးတန်း၊ ရုပ်ရှင်ရုံ၊ ကလေးကစားကွင်း စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။

စီးတီးမောလ်ကို ၀င်ဝင်ချင်း ပထမထပ်မှာတော့ MK ဖက်ရှင်၊ ဘလေဇွန်၊ MANGO စတဲ့နာမည် ကြီး အမှတ်တံဆိပ်တွေ၊ စိန်နန်းတော်၊ စင်္ကြာရွှေရည်၊ SK JEWELS စတဲ့ လက်ဝတ်ရတနာ ပစ္စည်းဆိုင်တွေ ရှိပါတယ်။

ပြီးတော့ အသုံးအဆောင် ပစ္စည်း စုံစုံလင်လင်ရရှိတဲ့ အိုးရှင်း စူပါစင်တာကို ဖွင့်လှစ်ထားပြီး အိုးရှင်းစူပါစင်တာရဲ့ ထုံးစံအ တိုင်း၊ မီးဖိုချောင်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်း စုံစုံလင်လင်ရောင်းချတာကို တွေ့ရမှာပါ။

အိုးရှင်းစူပါစင်တာမှာဆိုရင် မီးဖိုချောင်သုံး အခြေခံစား သောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်တွေ၊ အသင့်စား စားသောက်ကုန်၊ အ အေးခန်းစားသောက်ကုန်တွေနဲ့ မီးဖိုချောင်သုံးအိုးခွက်လူသုံးကုန် ပစ္စည်းတွေကို တစ်နေရာတည်း မှာ ၀ယ်ယူနိုင်ပါတယ်။

ပြီးတော့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေနဲ့ ရာ သီပေါ် သီးနှံတွေကိုလည်း စုံစုံ လင်လင် ၀ယ်ယူနိုင်ပြီး အသားငါးတွေကိုလည်း ၀ယ်နိုင်ပါသေး တယ်။

ဒါ့အပြင် ငါးပိကျော်၊ ငံပြာ ရည်ကြော်၊ ငါးခြောက်၊ ဆတ် သားခြောက်ဖုတ် စတဲ့ အသင့်စား နိုင်တဲ့ စားသောက်ကုန်တွေကို လည်း လိုသလောက်ဝယ်ယူနိုင်ပါ တယ်။ ထမင်းဖြူ၊ အသားဟင်း အစုံအလင်၊ ဟင်းသီးဟင်းရွက် ကြော်၊ ငါးပိရည်၊ ငါးပိထောင်းနဲ့တို့စရာအစုံအလင် စတာတွေကို လည်း အမည်စုံစွာ ရောင်းချပေး တဲ့အတွက် နေ့လယ်စာကို အ ဆင်ပြေစွာ စားသုံးနိုင်မှာပါ။

အိုးရှင်းစူပါစင်တာရဲ့ မုန့် ဈေးတန်းက ဖွင့်လှစ်သမျှ အိုးရှင်းစီးတီးမတ်ဆိုင်တွေထဲမှာ အစုံအလင်ဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေကို ချက်ချင်းကြော်လှော်ရောင်းချနေတဲ့အပြင် သင်္ဘောသီးထောင်း၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ ကွေ့သယို၊ ဟင်းထုပ်၊ မုန်ညင်းပေါင်း၊ အကြော်စုံ၊ကိုရီးယားထမင်းလိပ်၊ ဆူရှီ စတာတွေကိုလည်း ကောင်တာလေးတွေခွဲကာ ရောင်းချပေးတဲ့အတွက် ပူပူနွေးနွေးစားသောက်နိုင်ပါသေးတယ်။ ပြီးတော့ ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်၊ ပဲပြားနဲ့ ငါးဖယ်အစာသွတ်တွေအပြင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတွေနဲ့ သရက်သီး၊ မရန်းသီး၊ သစ်တိုသီး၊ မက်မန်းသီး စတဲ့အချဉ်ပေါင်းတွေလည်း ရရှိနိုင်ပါသေးတယ်။

ဒါတင်ပဲလားဆိုတော့ ရွှေရင်အေး၊ သီးစုံကျောက်ကျောနဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးဖျော်ရည်တွေကိုလည်း ၀ယ်ယူစားသုံးနိုင်ပါတယ်။

အပေါ်ထပ်က ဈေးဝယ်စင်တာတွေမှာဆိုရင်လည်း ဈေးသင့်တဲ့ အ၀တ်အစားနဲ့ ဖိနပ်ဆိုင်တွေလည်း အများအပြားရှိသလို နာမည်ကြီး အမှတ်တံဆိပ်တွေလည်းရှိတဲ့အတွက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဒါ့အပြင် ပိုးထည်၊ချည်ထည်တွေနဲ့ မြန်မာ့ရိုးရာဝတ်စုံအရောင်းဆိုင်တွေရှိသလို ဘေဘီလေးတွေအတွက် ကလေးပစ္စည်းမျိုးစုံ၊ ချစ်စရာအရုပ်မျိုးစုံ၊ ဖုန်းနဲ့ အိုင်တီပစ္စည်းစုံစုံလင်လင်ရောင်းချတဲ့ဆိုင်တွေလည်း ရှိပါသေးတယ်။

ပြီးတော့ အလှကြိုက်တဲ့ မမ များနဲ့ အသားအရေထိန်းသိမ်းလို သူများအတွက်လည်း CAT RICE, ABSOLUTE, BEAUTY BUFFET/ THE SKIN HOUSE စတဲ့ အလှကုန်ပစ္စည်းတွေကို ရွေး ချယ်ဝယ်ယူနိုင်သလို တိုနီထွန်း ထွန်း ဆလွန်းလည်းရှိတဲ့အတွက် ဆံပင်ညှပ်မလား၊ ခေါင်းလျှော် မလား စိတ်ကြိုက်ရွေးချယ်ပြုလုပ် နိုင်ပါတယ်။

တတိယထပ်မှာတော့ ရုပ် ရှင်ရုံ၊ ကာရာအိုကေခန်း၊ကလေး ကစားကွင်း၊ လူနေပရိဘောဂအ ရောင်းဆိုင်၊ ကလေးပစ္စည်းအ ရောင်းဆိုင်တွေလည်းရှိပါတယ်။

ဒါ့အပြင် မုန့်ဈေးတန်းလို့ ခေါ်တဲ့ Food Court မှာလည်း ရွှေ ရသာ၊ ကြေးအိုး၊ မိုးကုတ်ဒေါ်ရှန်၊ MR.WORK၊ တီတူး၊ ရှင်းယမ်ယမ် စတဲ့ ဆိုင်တွေ တစုတစည်းတည်း ဖွင့်လှစ်ထားတဲ့အတွက် စိတ် ကြိုက်ဝယ်ယူစားသောက်နိုင်ပါ တယ်။ မုန့်ဈေးတန်းမှာ မစားချင်ဘူးဆိုရင်လည်း သီးသန့်ဖွင့်လှစ်ထားတဲ့ Spicy House၊ တာမွှား၊ ရွှေ လာဟော့ပေါ့နဲ့ Lotteria ကြက် ကြော် စတဲ့ဆိုင်တွေမှာလည်း ၀ယ်ယူစားသောက်နိုင်ပါတယ်။

ဒီတော့ အားလပ်ရက်မှာ မိသားစုနဲ့တစ်ပတ်စာဈေးဝယ် ထွက်မလား၊ သူငယ်ချင်းမိတ်ဆွေ တွေ၊ ချစ်သူတွေနဲ့ အေးအေးဆေး ဆေးတွေ့ဆုံပြီး Shopping ထွက် မလားရွေးချယ်နိုင်ဖို့ သွားရေးလာ ရေးလွယ်ကူတဲ့ စီးတီးမောလ်ကို လမ်းညွှန်လိုက်ပါတယ်။         ။