ငါးသပြုသီးသောက်ဆမ်းချက်

ဒီတစ်ခါတော့ ငါးကို သပြုသီးလေးနဲ့ သောက်ဆမ်းချက်ကြည့်ရ အောင်လို့ ဖော်ပြလိုက်ပါတယ်။

 ပြုလုပ်ပုံအဆင့်ဆင့်

၁။ ငါးများကို အကြေးထိုး၍ အရွယ်တော်လေးများတုံးကာ ငံပြာရည်၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ထားပါ။

၂။ သပြုသီးကို ရေစင်အောင်ဆေး၍ အခြမ်းလေးများ လှီးထားပါ။

၃။ ခရမ်းချဉ်သီးကို လေးစိတ်လှီး၍ ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထားပါ။

၎။ ငရုတ်သီးပုခြောက်ကို ရေစိမ်အစေ့ထုတ်၍ ကြက်သွန်နီနှင့်ရောကာ ညက်အောင်ထောင်းပါ။

၅။ ဒန်အိုးတစ်လုံးထဲတွင် နယ်ထားသောငါး၊ ထောင်းထားသောအနှစ်၊ ခရမ်းချဉ်သီး၊ ဆီတို့ကို ထည့်၍ ရောနယ်ကာ လုံးချက်ပါ။

၆။ ငါးအရောင်ပြောင်းလျှင် သပြုသီးထည့်၍ ရေကို နည်းနည်းချင်းစီ ထည့်တည်ပါ။

၇။ သပြုသီးမှ အချဉ်ဓာတ်ထွက်လာ၍ ငါးအသားနူးလျှင် လိုသလောက်ထည့်ကာ အပေါ့အငန်မြည်းပါ။

၈။ ထို့နောက် ပွက်ပွက်ဆူလာလျှင် ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ကာ သုံးဆောင်လို့ရပါပြီ။     

 ပါဝင်ပစ္စည်းများ

ငါးကြင်း (သို့) ငါးရံ့၃၀ ကျပ်သား

သပြုသီးနှစ်လုံး

ခရမ်းချဉ်သီးနှစ်လုံး

ငရုတ်သီးစိမ်းငါးတောင့်

ကြက်သွန်နီနှစ်လုံး

ငရုတ်သီးပုခြောက်သုံးတောင့်

နံနံပင်အနည်းငယ်

ဆီစားပွဲတင်ဇွန်းလေးဇွန်း

   Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။

Top News