တွေးခွင့်ပေးပါ ပညာရေး

စိတ်မဆိုးနဲ့နော်××× ခွင့် လွှတ်တီချယ်××× တပည့်မှားနေ ရင်××× သားစိတ်ကြိုက် ဒီအဖြေ ဟာ××× သားတစ်ယောက်ရဲ့အ တွေးအခေါ်ပဲ××× တကယ်ဆို တော့ မရူးပါဘူး×××

သမိုင်းအဆက်ဆက် ပုံစံအ သေတွေ××× မပြောင်းသရွေ့ တော့ ရင်နာစရာပေ××× ထာဝရနိမ့်နေမှာပဲ××× စဉ်းစားခွင့်အ ကန့်အသတ်ထဲ××× တွေးတော ခွင့် အကန့်အသတ်ထဲ××× ပညာရေးနစ်မနေစေချင်×××

အင်း... တကယ်စစ်မှန်တဲ့ ပညာရေးဆိုတာ ရဲရဲဝံ့ဝံ့တွေးခေါ် ဖို့၊ ဖောက်ထွက်တွေးတတ်ကြဖို့၊ လမ်းသစ်ဖောက်ပေးခြင်းမျိုးဖြစ် ပါလေရဲ့။ အတွေးအခေါ်အိုတွေ ရဲ့အောက်မှာ၊ သစ်ပင်အိုတွေရဲ့ လောင်းရိပ်အောက်မှာ၊ ငယ်ရွယ် ပျိုမျစ်သစ်ပင်တို့ ရှင်သန်ထ မြောက်ဖို့ခက်သလိုမျိုး၊ အတွေး အခေါ်ကန့်သတ်လောင်းရိပ်တွေ ရဲ့အောက်မှာ၊ ကိုယ်ပိုင်အယူအ ဆကန့်သတ်လောင်းရိပ်တွေရဲ့ အောက်မှာ ပညာရေးစနစ်ဟာ အရောင်ညစ်နေခဲ့တာကြာခဲ့ပါ ပြီ။ သူများနိုင်ငံတွေမှာ ဒေးဗစ် ဘက်ခမ်းဆိုတဲ့ ကမ္ဘာကျော်ဘော လုံးသမားအကြောင်း ပြဋ္ဌာန်းစာ အုပ်ထဲရောက်ရှိနေပေမယ့် ကိုယ် တွေနိုင်ငံမှာတော့ ခုချိန်အထိ ကျွန်မ၏ အဖေသည် ဦးဘဖြစ်ပါ သည်။ ကျွန်မ၏ အမေသည် ဒေါ်မြဖြစ်ပါသည်ထဲက ရုန်း မထွက်နိုင်သေး။

ဒါကြောင့်မို့ မဝံ့မရဲနဲ့ အဓိက ပြောချင်တာက ကလေးတွေကို အစဉ်အလာဥခွံဟောင်းထဲက ဖောက်ထွက်ခွင့်၊ ကိုယ်ပိုင်အယူ အဆ၊ ကိုယ်ပိုင်အတွေးအခေါ် များနဲ့ လမ်းသစ်ဖောက်ခွင့်ပြုစေ ချင်တာပါပဲ။ ရှေးစာဆို ဂန္ထဝင် ဆြာညှပ်က ပြောခဲ့ဖူးပါတယ်။ ပညာ ရေးဆိုတာ အတွေးအခေါ်ကို တောင်ပံတပ်ပေးခြင်းတစ်မျိုးဖြစ် ပါသတဲ့။ တစ်နည်းအားဖြင့် လမ်း လျှောက်တတ်စကလေးငယ်တစ် ယောက်ကို လူကြီးမိဘတွေက သူ့လျှောက်လမ်းက ခလုတ်ကန် သင်းအတားအဆီးတွေကို ဖယ် ရှားပေးရုံသာ၊ သူ့ခြေလှမ်းနဲ့ သူ့ ဟန်ချက်ကို သူ့အတွေ့အကြုံက သင်ကြားတတ်မြောက်စေသလို မျိုးပါပဲ။ အဓိကအချက်ကတော့ ကလေးငယ်တစ်ယောက်ရဲ့ စူး စမ်းတွေးခေါ်လိုစိတ်ကို အဟန့် အတားမဖြစ်မိဖို့ပါပဲ။ လမ်းသစ် ဖောက်ခြင်း၊ အစဉ်အလာဟောင်းထဲကနေ ဖောက်ထွက်ခြင်းတို့ကို တားမြစ်ကန့်သတ်ထူးခတ်ထား ခြင်းဟာ ဆင့်ကဲဆင့်ကဲပြောင်းလဲ တိုးတက်တော့မယ့် အနာဂတ်ကို ကျောက်ချရပ်နားခိုင်းခြင်းတစ် မျိုး ဖြစ်ပါလေရဲ့။

အခုလို ရှည်လျားပေများစွာ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ရင်နာနာနဲ့ တင်ပြ နေရတာကတော့ ကျောင်းသူလေးတစ်ယောက်ရဲ့ စာစီစာကုံး မှာ ဆရာမတစ်ဦးရဲ့ Comment ထင်မြင်ယူဆချက်ကြောင့်ပါ။ လူ မှုကွန်ရက်ထဲမှာ ပွက်လောရိုက်ခဲ့ သလို သတင်းစာတချို့မှာလည်း မြင်တွေ့ခဲ့ရပါတယ်။ အဖြစ်အ ပျက်က အယူအဆတစ်ခုကို တရားသေဆုပ်ကိုင်ထားတတ်သူ တစ်ဦးနဲ့ ကိုယ့်ယုံကြည်ရာ ကိုယ် ပိုင်အတွေးအခေါ်ကို ပွင့်ပွင့်လင်း လင်း ဖော်ထုတ်တဲ့ ကျောင်းသူ လေးတစ်ဦးရဲ့ ခံယူချက် ကွာဟမှု ပါ။ ကျောင်းသူလေးရဲ့ စာစီစာ ကုံးမှာ ဒီလိုတွေ့ရပါတယ်။

‘‘အချို့လူများသည် မိုးရွာ ချိန် ကော်ဖီပူပူလေးကို သောက် လျှင်အရမ်းကောင်းသည်ဟု ပြော သော်လည်း ကျွန်မကမူ မိုးရွာချိန် တွင် ရေခဲချောင်းအေးအေးလေး စားလိုက်လျှင် အရမ်းအရသာရှိ သည်ဟု ယုံကြည်ပါသည်ဟု စာ စီစာကုံးမှာ ရေးသားထားတာ တွေ့လိုက်ရပါတယ်။ အမှတ်ပေး သူဆရာကတော့ ခေါင်းစဉ်နဲ့ မညီပါဟု ရေးသားထားပြီး အမှတ်နှစ်ဆယ်မှာ လေးမှတ်ပေးထားပါ တယ်။ ဒါကတော့ ဆရာဖြစ်သူရဲ့ အမှတ်ပေးစည်းကမ်းနဲ့ လုပ်ပိုင် ခွင့်ဖြစ်ပြီး ဘာမှလည်း ပြောစရာ မရှိပါ။ အဓိကအချက်ကတော့ ကျောင်းသူလေးရဲ့ စာစီစာကုံး လေးထဲက ကျွန်မကမူ မိုးရွာနေ ချိန်တွင် ရေခဲချောင်းအေးအေး လေးစားလိုက်ရလျှင် အရမ်းအရ သာရှိသည်ဟု ယုံကြည်ပါသည် ဆိုတဲ့ နေရာမှာ ‘ရူးနေလား’ဆိုတဲ့ မှတ်ချက်ကလေးဖြစ်ပါတယ်။ ကလေးငယ်တစ်ယောက်၊ ကျောင်းသူလေးတစ်ယောက်ရဲ့ ခန္ဓာဗေဒအလိုအရ၊ Child Psy-chology ကလေး စိတ်ပညာအရ၊ ပုဂ္ဂလတပ်မက်မှုအရ မိုးအေးအေးမှာ ရေခဲချောင်းလေးဟာ စွဲမက် နှစ်မြို့ဖွယ်ရာ ဖြစ်နိုင်ခွင့်ရှိပါ တယ်။

ဒီနေရာမှာ ကျောင်းသူလေး က အခြားသူတွေလို ကော်ဖီပူပူ လေးသောက်လိုက်လျှင် အရမ်း ကောင်းသည်ဟု ပြောသော် လည်းဆိုတဲ့အတွက်ကြောင့် အ များနဲ့မတူတဲ့ မိမိရဲ့ ထူးခြားချက် ကို ရဲရဲဝံ့ဝံ့ ရိုးရိုးသားသားဖော် ထုတ်ထားတာကိုလည်း မြင်လိုက် ရပါရဲ့၊ သင်ကြားသူဆရာအနေနဲ့ လည်း အစဉ်အလာထဲက ဖောက် ထွက်လာတဲ့ သာမန်အတွေး အ ယူအဆတစ်ခုကို အမှတ်မထင် ကြုံတွေ့လိုက်ရလို့ စေတနာဇော နဲ့ ရူးနေလားလို့ ရေးလိုက်မိတာ လည်း ဖြစ်နိုင်ပါတယ်။ တကယ် တော့ သေးငယ်တဲ့ ကိစ္စလေးပါ။ ဒါပေမဲ့ အနာဂတ်မှာ တောက်ပ လာမယ့် ကြယ်ပွင့်လေးတွေကို ပျိုးကြဲပေးပြီး ကိုယ်ပိုင်အစွမ်းအစ တွေကို ရေလောင်းပေါင်းသင် ဖော်ထုတ်ပေးရတဲ့ အာစရိယ ဆရာဥယျာဉ်မှူးတွေ ဖြစ်နေလို့ ပါ။

တစ်ခါတုန်းက အနောက် တိုင်းဟာသလေးတစ်ပုဒ် ဖတ်ခဲ့ရဖူးပါတယ်။ ဆရာမက စာသင်နေတုန်း ကျောင်းသားလေးတစ် ယောက်ကို မေးပါသတဲ့။ ရှေ့ဆုံးခုံမှာ ထိုင်နေတဲ့ ဂျင်မီဆိုတဲ့ ကျောင်းသားလေးကိုပါ၊ ဂျင်မီရေကမ္ဘာကြီးမှာ ရေမရှိတော့ရင် ဘာဖြစ်သွားမလဲတဲ့၊ ဂျင်မီက ချက်ချင်းဆိုသလို ပြန်ဖြေလိုက်တယ်။ ‘‘အဲဒါဆို ရေကူးလို့မရတော့ပါ ဘူး။ ဆရာမတဲ့၊ ဆရာမက ‘‘ဟဲ့... ကမ္ဘာကြီးမှာ ရေမရှိတော့ရင် တို့ အားလုံး သေသွားမှာပေါ့ဟဲ့’’ဆို ပြီး ထိပ်ကိုလည်း မခေါက်ခဲ့ပါ ဘူး။ ရူးနေသလားလိုလည်း မပြောခဲ့ပါဘူး။ ပြုံးပြုံးလေးနဲ့ ဂျင် မီလေးရဲ့ ပညာရေးမှတ်တမ်းမှာ ရေကူးခရေဇီလေးလို့ Comment ရေးမှတ်တမ်းတင်လိုက်ပါတယ်။ သူ့ရဲ့ ရေကူးဝါသနာကို မြေ တောင်မြှောက်ပေးလိုက်တော့ တစ်ချိန်မှာ အဲဒီကျောင်းရဲ့၊ အဲဒီ နိုင်ငံရဲ့ ဂုဏ်ထူးဆောင်ရေကူးချန် ပီယံဖြစ်ခဲ့ပါတယ်။

ညှပ်ကြီး မိတ်ဆွေ ဆာသော် ဒိုး ငယ်ငယ်တုန်းက သူ့ရဲ့အတန်း ပိုင်ဆရာမက ကျောင်းဝင်းထဲမှာ စိုက်ဖို့ ကျောင်းသားအားလုံးကို အပင်လေးတွေ တစ်ပင်စီယူလာ ဖို့မှာလိုက်ပါတယ်။ ကျောင်းသား အားလုံး သီးပင်၊ ပန်းပင်လေး တွေ ကိုယ်စီယူလာကြပေမယ့် တစ်နေကုန်ဆော့နေတဲ့ ကျောင်း သားလေး မောင်ဆာသော်ဒိုးတစ် ယောက် လက်ထဲမှာ ဘာအပင်မှ ပါမလာပါဘူး။ ကျောင်းနား ရောက်မှ ဆရာမရိုက်မှာစိုးတာနဲ့ လမ်းမှာ တွေ့တဲ့ မြက်ပင်တစ်ပင် ကို အမြစ်ကနေ နုတ်ပြီးယူလာပါ တယ်။ ကျောင်းရောက်တော့ ကျောင်းသားတွေယူလာတဲ့အပင် မျိုးစုံကို ကျောင်းရဲ့ဥယျာဉ်ထဲမှာ စိုက်ခိုင်းပြီး အဆော့သန်တဲ့ မောင်ဆာသော်ဒိုးလေးယူလာတဲ့ မြက်ပင်ကိုတော့ ကျောင်းဘော လုံးကွင်းမှာ စိုက်ခိုင်းပါတယ်။ လိမ္မာတဲ့ မောင်ညှပ်ကြီးယူလာတဲ့ နှင်းဆီပင်လေးကတော့ ပန်း ဥယျာဉ်မှာ စိုက်ရတာပေါ့။ မောင် ဆာသော်ဒိုးတစ်ယောက် ရူးနေ လားလို့ အပြောမခံရ။

ပြီးတော့ ကျောင်းအုပ်ကြီး က ကျောင်းသားတွေကို အမှာ စကားပြောပါတယ်။ သားတို့ အခု ယူလာကြတာ စံပယ်၊ နှင်းဆီ၊ ခတ္တာ၊ ငုဝါ၊ ပိတောက် ပန်းမျိုးစုံ တော့ ဒီကျောင်းမှာ ပန်းဥယျာဉ် တစ်ခု ပေါ်လာပါတယ်တဲ့။ သား တို့အားလုံး နှင်းဆီပဲ ယူလာရင် နှင်းဆီခင်း၊ စံပယ်ပဲယူလာရင် စံပယ်ခင်း အစရှိသလို ပန်းခင်းပဲ ဖြစ်လာလိမ့်မယ်။ ပန်းမျိုးမစုံရင် ဥယျာဉ်တစ်ခု ဖြစ်မလာနိုင်ဘူး။ ဒါကြောင့် နောင်အနာဂတ်မှာ လည်း တိုင်းပြည်အတွက် ကိုယ် ပိုင်အယူအဆ၊ ကိုယ်ပိုင်အတွေး အခေါ်နဲ့ မတူကွဲပြားဝါသနာများနဲ့ နိုင်ငံတော်ဆိုတဲ့ ဥယျာဉ်ကြီးကို အလှဆင်ကြပါတဲ့ မှာကြားတာ လေး သတိရမိသေး။ ပြီးတော့ ဆရာကြီးက အားလုံးကို ရေခဲ ချောင်းကျွေးတယ်။ အဲဒီအချိန်မှာ မိုးရွာနေတယ်... ။  ။

(ဖော်ပြပါ သရော်စာသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)