ပုဒ်မ ၁၇(၁)ဖြင့် တရားရင်ဆိုင်နေရသည့် သတင်းသမားများ တတိယအကြိမ် အာမခံလျှောက်ထား

သြဂုတ်၁၈ရက်ရုံးချိန်းတွင် သတင်းသမားသုံးဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ−မောင်တာ)

မတရားအသင်းဆက် သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် အ မှုဖွင့်တရားစွဲဆိုခံထားရပြီး သီပေါအကျဉ်းထောင်တွင် ချုပ် နှောင်ခံထားရသည့် သတင်းသမားများကို   အချုပ်ကင်းလွတ်တရား ရင်ဆိုင်ခွင့် အာမခံရရှိရန် သြဂုတ် ၂၅ ရက်က တတိယအ ကြိမ် လျှောက်ထားခဲ့သည်။

ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲ ဆိုခံထားရသည့် သတင်းသမား သုံး ဦးအပါအ၀င် အမျိုးသားခြောက် ဦးကို   အာမခံရရှိရန်  စွပ်စွဲခံ ရသူတို့၏ ရှေ့နေများက သီပေါ မြို့နယ်တရားသူကြီးထံ ထပ်မံ လျှောက်ထားခဲ့ကြောင်း အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင် က ပြောသည်။

သြဂုတ် ၂၅ ရက် ရုံးချိန်းတွင် တရားလိုပြသက်သေက တင် သွင်းသည့် စီဒီခွေကို သက်သေခံ ပစ္စည်းအဖြစ် လက်ခံရန်  သင့်၊ မသင့်    နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြောင်းစွပ်စွဲခံရသူတို့၏ အကျိုးဆောင် ရှေ့နေများက ပြောသည်။ နောက်တစ်ကြိမ်ရုံးချိန်းကို စက်တင်ဘာ ၁ ရက်သို့ ချိန်းဆိုထားပြီး အာမခံ ပေး၊ မပေးနှင့် စီဒီခွေကို သက်သေခံပစ္စည်းအဖြစ် တရားရုံးမှ လက်ခံ၊မခံ ဆုံးဖြတ်မည် ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက် က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့် ဆန်မြို့နယ်အတွင်း ကမ္ဘာ့မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တအာင်းအဖွဲ့ (TNLA)က ပြုလုပ်သည့် မူးယစ် ဆေးဝါးမီးရှို့ဖျက်ဆီးပွဲသို့ သွား ရောက်သတင်းယူခဲ့သည့် ဧရာဝ တီသတင်းဌာနမှ အကြီးတန်း သတင်းထောက်ဦးသိန်းဇော်(ခ) လ၀ီဝမ်၊ ဒီဗီဘီသတင်းဌာနမှ အ ကြီးတန်းသတင်ေးထာက် ဦးအေး နိုင်နှင့် သတင်းထောက်ဦးပြည့် ဘုန်းအောင်တို့ကို တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ရသည်။ သတင်း သမား သုံးဦးနှင့်အတူ ကားဆရာ နှစ်ဦးနှင့် တီးဝိုင်းဆရာတစ်ဦး စုစု ပေါင်း ခြောက်ဦးကို တပ်မတော် ကဖမ်းဆီးအမှုဖွင့်ခဲ့သည်။

အဆိုပါ အမျိုးသားခြောက်ဦးသည် သီပေါအကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရ သည်မှာ ရက်ပေါင်း ၆၀ ကြာမြင့် ပြီ ဖြစ်သည်။

အဆိုပါ အမှုအတွက် တရားလိုပြသက်သေ ကိုးဦးတင်ပြထား ပြီး လက်ရှိအချိန်ထိ တရားလိုပြ သက်သေ နှစ်ဦးစစ်ဆေးပြီးဖြစ် သည်။ သုံးဦးမြောက်တရားလို ကို စစ်ဆေးနေဆဲဖြစ်ကာ အမှု ကြန့် ကြာခြင်းမရှိစေရန် အပတ်စဉ်သောကြာနေ့တိုင်း ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သီပေါမြို့နယ် တရားသူကြီးက ပြောကြား ထားသည်။