မင်းသားကြီးတွေရဲ့ငယ်ဘဝကို သရုပ်ဆောင်ဖြစ်နေတဲ့အိစိကွေး

ဒါရိုက်တာကျော်ဇော လင်းရိုက်ကူးသည့် မောင်နှမဟု အမည်ရှိသည့် ရုပ်ရှင်ဇာတ်ကား၌ မင်းသားအောင်ရဲလင်း၏ ငယ် ဘဝကို သရုပ်ဆောင်နေကြောင်း ကလေးသရုပ်ဆောင် အိစိကွေး က ပြောသည်။

‘‘ပြင်ဦးလွင်မှာ ရိုက်နေတာ ပါ။ ကိုအောင်ရဲလင်းငယ်ငယ်က အမေသေသွားပြီးနောက်ပိုင်း အ ရက်သောက်၊ ပေတေတဲ့ ကာရိုက် တာပေါ့။ အဲဒီကားထဲမှာ ကျွန် တော်အပြင် ကိုအောင်ရဲလင်း၊ ဦးရဲအောင်၊ မခိုင်သင်းကြည်၊ မရွှေမှုံရတီ၊ မယွန်းရွှေရည်တို့ လည်း ပါပါတယ်’’ဟု ၎င်းက ပြောကြားသည်။

အိစိကွေးသည် မကြာမီ ဂီတနှင့်ပတ်သက်၍ လှုပ်ရှားရန်ရှိပြီး သီချင်းတစ်ပုဒ်ကို  အွန်လိုင်းက တင်ပေးရန် စီစဉ်နေသည်။

‘‘အိစိ တစ်ပုဒ်ချင်းစီပဲ ထွက်ပြီး ဖြည်းဖြည်းချင်းပဲ သွားနေပါ တယ်။ အရမ်းကြီးလည်း လောရင်လည်း ကိုယ်လိုချင်သလောက်မရ မှာ စိုးလို့ပါ။ ကိုယ်လုပ်သမျှအရာ တွေကို အကောင်းဆုံးဖြစ်ချင်တဲ့ အတွက် ဖြည်းဖြည်းသွားနေတာ ပါ’’ဟု ဆိုသည်။

ဇာတ်ကားရိုက်ကူးမှုနှင့်ပတ် သက်၍ ဆယ်လပိုင်း၌ နိုင်းနိုင်း၏ ငယ်ဘဝကို ရိုက်ကူးရန် ရုပ်ရှင် ကားကြီးတစ်ကားလက်ခံထားပြီး လိုအပ်ချက်များရှိနေသဖြင့် မင်း သားကြီးများ၏ငယ်ဘဝကို အဓိကသရုပ်ဆောင်ဖြစ်နေသည်ဟု ဆိုသည်။

‘‘အတွေ့အကြုံတော့ တော် တော်လေးရပါတယ်။ ငယ်ငယ် တုန်းကလုပ်တဲ့ ကာရိုက်တာတွေ က ကလေးသရုပ်ဆောင်ဖြစ်တဲ့ အတွက် ကာရိုက်တာမစုံခဲ့ဘူး။ အခုနောက်ပိုင်းမှာ လူလတ်ပိုင်း အရွယ်လေးတွေပါ ရိုက်လာရ တော့ ကိုယ့်အတွက် အတွေ့အ ကြုံလည်းရသလို အဆင်ပြေပါ တယ်’’ဟု အိစိကွေးက ပြော သည်။  လတ်တလောတွင် ခရီး တောက်လျှောက်ထွက်ဖြစ်နေ သည့် အိစိကွေးက သီချင်းအသစ် များ စီစဉ်နေပြီး ၎င်းငယ်ငယ် က ရိုက်ထားသည့် ‘တာတေကြီး’ အမည်ရသော ရုပ်ရှင်ဇာတ်ကား ကို မကြာမီ ရုံတင်ပြသမည်ဖြစ်၍ အားပေးပါဟု ဆိုသည်။