ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေကြေညာပေးရန် အရေးကြီးအဆို လွှတ်တော်ပယ်ချ

 ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် ကိစ္စရပ် များနှင့်ပတ်သက်ပြီး သြဂုတ် ၂၅ ရက်က ကျင်းပသည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေး၌ အ ရေးကြီးအဆို တင်သွင်းသော် လည်း ပယ်ချခံခဲ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြော ကြားသည်။

ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အရေးကြီးအဆိုတင်သွင်းခြင်းကို လွှတ်တော်က ပယ်ချခဲ့သည်။


‘‘အရေးကြီးအဆို တင်တာ ဟုတ်ပါတယ်။ ဦးသောင်းအေးက ရခိုင်ပြည်နယ် အရေးပေါ်အခြေ အနေ ကြေညာဖို့အတွက် အရေး ကြီးအဆိုတင်တာ။ ပယ်ချခံရ တယ်လို့ သတင်းကြားပါတယ်’’ ဟု ရခိုင်အမျိုးသားပါတီမှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြား သည်။

ဦးသောင်းအေးသည် ရခိုင် အရေးကိစ္စကို ကာလုံ ခေါ်ယူဖြေရှင်းရန် သြဂုတ် ၂၄ ရက်က ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့ သည်။

ယင်းသို့ဆွေးနွေးပြီး နောက်တစ်ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ သည်။

 ‘‘လွှတ်တော်နာယကက တော့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ ပယ် ချလိုက်တာပေါ့။ နာယကအနေနဲ့ ပယ်ချနိုင်ခွင့်တွေ ရှိပါတယ်’’ ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးလာမားလေးက ပြော ကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ပြီး အဆိုတင်သွင်းသည့် ဦးသောင်းအေးထံ 7Day Daily သတင်းစာက ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ တစ်စုံတစ်ရာ မှတ်ချက်ပြု မပြောကြားလိုကြောင်း ဖြေကြားသည်။

‘‘အဆိုအပယ်ခံရတဲ့ကိစ္စကို မပြောချင်ပါဘူး။ ကိုယ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ပါတယ်။ လုပ်နေပေမယ့်လည်း လက်ရှိအနေအထားအရ သူတို့ပဲ အားလုံးတာဝန်ယူထားတာဆိုတော့ ဒီလိုပဲဖြစ်မှာပဲ’’ဟု ဦး သောင်းအေးက ပြောသည်။

ဦးသောင်းအေးသည် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးအပြီးတွင် နာယကနှင့် သွား ရောက်တွေ့ဆုံသော်လည်း တွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်း ထောက်များကို တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိပေ။

လက်ရှိတွင် ရခိုင်အရေး ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ် အတည်ပြုခဲ့ပြီးနောက် အမျိုးသားလွှတ်တော်၌ ဆက် လက်ဆွေးနွေးရန် ကျန်ရှိနေသေး သည်။

သြဂုတ် ၂၅ ရက် နံနက် အရုဏ်တက်တွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်ရှိ လုံခြုံရေးဆောင်ရွက်နေသည့် ရဲကင်းစခန်း ၃၀ ကို တစ်ချိန်တည်း အလစ်အငိုက် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် တပ်မတော်သားတစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလ၀ကမှူးတစ်ဦးကျဆုံးပြီး တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိကာ သုံးဦးစိုးရိမ်ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 အကြမ်းဖက်သမား အ လောင်း ၇၇ လောင်းရရှိပြီး တစ် ဦး အရှင်ဖမ်းမိကာ သြဂုတ် ၂၅ ရက် ညနေအထိ ပစ်ခတ်မှုဖြစ် ပွားနေဆဲဖြစ်သည်။

ယင်းအကြမ်းဖက်တိုက်ခိုက် မှုများသည် ကိုဖီအာနန် ဦးဆောင် သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပေးကော်မရှင်က အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်ချိန်နှင့် ၂၀၁၇ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပမည့်အချိန်နှင့် အချိန်ကိုက်ဖန်တီးဖော်ဆောင်လာခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် သုံး သပ်ထားသည်။

More in News Section