လောင်းလုံးမြို့နယ် ဒေသခံ ၁၀၀ ကျော် ဖျားနာမှု သာမန်တုပ်ကွေးသာဖြစ်ဟုဆို

ထားဝယ်ခရိုင် လောင်း လုံးမြို့နယ် ပင်လယ်ကမ်းခြေဒေ သဖြစ်သော တီဇစ်ကျေးရွာနှင့် ဖိုး လမော်ရွာတို့၌ ရွာသားတစ်ရာ ကျော် ဖျားနာခဲ့ပြီး လက်ရှိတွင် သက်သာလာပြီဖြစ်ကြောင်း တ နင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကျော်ဇေယျက ပြောကြားသည်။

သြဂုတ် ၂၂ ရက်တွင် ယင်း ကျေးရွာရှိ ကျေးလက်ကျန်းမာ ရေးဆေးပေးခန်းမှ တစ်ဆင့် လောင်းလုံးမြို့နယ် ကျန်းမာရေး ဌာနသို့ အကြောင်းကြားချက်အရ ကျန်းမာရေးမှူးနှင့်အဖွဲ့က ဖျားနာနေသော ရွာသား ၅၀ ခန့်အား သွားရောက် ကွင်းဆင်းကုသပေးသော်လည်း ဖျားနာသောလူနာ ပိုမိုများပြားလာကြောင်း ၎င်းက ပြောသည်။


 ‘‘ပြင်းထန်တဲ့ လက္ခဏာ တော့ မတွေ့ရပါဘူး။ တောက် လျှောက် ကြည့်နေတာပေါ့နော်။ သာမန်တုပ်ကွေး အအေးမိဖျားနာ ပတ်ဝန်းကျင်မှာတော့ ရှိပါတယ်။ နှစ်ရက်လောက်ကို ကျွန်တော်တို့ က အဖျားကြီးတယ်ဆိုရင် ကျွန် တော်တို့က စစ်ဖို့ ပြင်ထားပါ တယ်။ အခုလက်ရှိတွေ့ရှိချက်အ ရ ဒီနေ့ ဆေးတိုက်လိုက်ရင် မနက် ဖြန်ကျရင် အဖျားက ကျသွား တယ်’’ဟု ဒေါက်တာကျော်ဇေယျ က ပြောသည်။

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဖျားနာ မှုဖြစ်ပွားနေသော ကျေးရွာများ သည် ပင်လယ်ကမ်းခြေဒေသဖြစ် သည့်အပြင် တောတောင်ထူရာ ဒေသဖြစ်၍ ငှက်ဖျားအပါအဝင် ရာသီတုပ်ကွေးရောဂါ (H1N1) ကဲ့သို့ တုပ်ကွေးရောဂါများအတွက် အသင့်အနေအထား ပြင်ဆင်၍ ဖျားနာသော လူနာများကို ရွာအတွင်း ရှာဖွေကုသပေးနေသည်။

သြဂုတ် ၂၆ ရက်အထိ ဖျား နာလူနာ ၂၀ ဦးခန့်သာ ကျန်ရှိပြီး သုံးရက်ဆက် ဖျားနာပြီး ဆေးမသောက်သော (၃)နှစ်အရွယ် ကလေးတစ်ဦးကို ထားဝယ်ပြည် သူ့ဆေးရုံကြီးသို့တင်၍ အထူးကု ဆရာဝန်ကြီးများက ကြပ်မတ်ကု သပေးပြီးနောက် ၎င်းမှာ သက် သာလာပြီဖြစ်ကြောင်း ဒေါက်တာ ကျော်ဇေယျက ပြောသည်။

‘‘ဆေးသောက်ရင်တော့ အ ဖျားက ကျပါတယ်။ လောလော ဆယ်တော့ ရိုးရိုးတုပ်ကွေးပေါ့’’ ဟု ၎င်းကပြောသည်။

လက်ရှိတွင် တိုင်းရောဂါ ရှာဖွေတိုက်ဖျက်ရေး အဖွဲ့နှင့် လောင်းလုံးမြို့နယ် ဆရာဝန်ကြီး အဖွဲ့တို့က တီဇစ်ကျေးရွာ၌ ဆေးခန်းဖွင့်လှစ်၍ ဖျားနာနေသော လူနာများအပါအဝင် ဖျားနာခြင်း မရှိသော ဗိုက်အောင့်၊ ခေါင်းကိုက် စသော အထွေထွေလူနာများကိုလည်း ကုသပေးကြောင်း ဒေါက်တာကျော်ဇေယျက ဆို သည်။

ထို့အပြင် လောင်းလုံးမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာ များဖြစ်သော ကျောက်နီမော်နှင့် ညောပြင်ရွာများတွင်လည်း ဖျားနာလူနာ အနည်းငယ်ရှိပြီး ယင်းကျေးရွာများရှိ ကျန်းမာရေးတာဝန်ရှိသူများက ကုသပေးနေ ကြောင်း ဒေါက်တာကျော်ဇေယျက ပြောသည်။

 တနင်္သာရီတိုင်းဒေသကြီး တွင် သြဂုတ် ၂၆ ရက်အထိ ရာသီတုပ်ကွေးရောဂါ(H1N1) ဖြစ်ပွား သူ ၂၆ ဦးရှိပြီး သေဆုံးသည့် လူနာမရှိသေးပေ။

More in News Section