ဝေဖန်မှုတွေ ကြုံတွေ့နေတဲ့ ပွဲခံမယ်ရုပ်ရှင်

R Square Film Pro-duction ၏ ပထမဦးဆုံး ပွဲဦး ထွက် ဇာတ်ကားဖြစ်သည့် ‘ပွဲခံ မယ်’ဇာတ်ကားသည် အိန္ဒိယနိုင်ငံ တွင် ၂၀၀၇ က ရိုက်ကူးပြီး ၂၀၀၈၌ ဆုများရရှိသည့် Paruthiveeranရုပ်ရှင်ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားသည်ဟု ဝေဖန်မှုများအ ပေါ် ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)က ယခုကဲ့သို့ ပြောသည်။

‘‘ဒီဟာကို နဂိုကတည်းက ကျွန်တော်ကိုယ်တိုင် လုပ်ထားတဲ့ ဇာတ်လမ်းပါလို့ မပြောထားဘူး။ မရေးထားဘူး။ ရုပ်ရှင်ကို အင် တာတိန်းမန့်တစ်ခုအနေနဲ့ပဲ ဖန် တီးတာပါ။ အခုပြောနေတဲ့သူ တွေ၊ ရေးနေတဲ့သူတွေကလည်း တရားဝင်မီဒီယာမဟုတ်ဘူး။ အ သားလွတ်သာမန်လူတစ်ယောက် က တခြားလူတစ်ယောက်ကို တိုက်ခိုက်သလိုဖြစ်နေတာပေါ့။ ရုပ်ရှင်တစ်ကားလုံးရိုက်ဖို့အ တွက် အခက်အခဲပေါင်းမြောက် မြားစွာကို ရင်ဆိုင်ပြီးတော့ လုပ်ခဲ့ ရတာဖြစ်တယ်။ အခု ဒီဇာတ်ကားကြီးကို သူတို့ရေးလိုက်ခြင်းအား ဖြင့် ကျွန်တော်တို့ ဇာတ်ကားကြီး အရှိန်တန့်သွားတယ်။ ဒါတွေ သူ တို့ကမသိဘူး။ သူတို့ကတော့ ဘာရည်ရွယ်ချက်နဲ့ ရေးကြတာ မှန်းမသိဘူး။ နားမလည်နိုင်ဘူး။ သူတို့အတွက် ဘာအကျိုးအမြတ် ရှိသွားလဲမသိပေမယ့် တစ်ဖက်လူ ရဲ့ စီးပွားရေးအရ ပျက်စီးသွား တယ်ဆိုတာကို သူတို့သိတာ၊ မသိတာတော့ မသိဘူး’’ဟု ဒါရိုက်တာ စတီးလ်က ပြောသည်။

လက်ရှိတွင် အဆိုပါဂယက် ကြောင့် စိတ်ဓာတ်ကျမိကြောင်း ၎င်းက ပြောသည်။

‘ပွဲခံမယ်’ ဇာတ်ကား၏ အရှေ့တွင် အဆိုပါ အိန္ဒိယဇာတ် ကားကို မှီငြမ်းကာ ဗီဒီယိုအနေ ဖြင့် သုံးကြိမ်တိုင်တိုင် ရိုက်ကူး သည့် ကားများလည်း လူမှုကွန် ရက်ပေါ်၌ ပြန်လည်မျှဝေမှုများရှိ နေသည်။

ဒါရိုက်တာ စတီးလ်သည် လက်ရှိတွင် ရုပ်ရှင်ဇာတ်ကား ၂၁ ကား ရိုက်ကူးထားပြီး ‘ပွဲခံမယ်’၏ အရှေ့တွင် ရိုက်ကူးသည့် ‘ခိုးဆိုး လုနှိုက်’ဇာတ်ကားကြီး ရုံတင်ခဲ့စဉ် ကလည်း အိန္ဒိယဇာတ်ကားတစ်ကားကို မှီငြမ်းရိုက်ကူးသည်ဆို သည့် ပိုစတာများနှင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ထို့အပြင် ယင်းဇာတ်ကား တွင် သရုပ်ဆောင်အိချောပိုက ၎င်းတို့၏ နာမည်ကို ဇာတ်ကား ပိုစတာ၌ အထူးသရုပ်ဆောင်ဟု ရေးသားထားခြင်း၊ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ကလည်း ဇာတ် ကားကြော်ငြာနမူနာနှင့် ပိုစတာတွင် ၎င်း၏ ရုပ်ပုံပါမလာသည့် အပေါ် မေးခွန်းထုတ်ခြင်းတို့ရှိခဲ့ သည်။