အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုရပ်ဆိုင်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ဩဂုတ် ၂၅ ရက်က ရပ်ဆိုင်းခဲ့ ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းဥက္ကဋ္ဌဦးအောင်မြင့်သိန်းက ပြောသည်။

မောင်တော၊ ဘူးသီးတောင် နှင့်ရသေ့တောင်မြို့နယ်အတွင်း ရှိ လုံခြုံရေးရဲကင်းနှင့်ရဲစခန်းစုစု ပေါင်း ၃၀ ကိုအစွန်းရောက်ဘင်္ဂါ လီအကြမ်းဖက်သမားများက ဩ ဂုတ် ၂၅ ရက်တွင် တစ်ပြိုင် တည်းတိုက်ခိုက်ခဲ့သည်။

‘‘ပိတ်သိမ်းလိုက်တာမဟုတ် ပါဘူး။ ကိစ္စတွေကြောင့်သူ့အလို လိုရပ်ဆိုင်းသွားတာပါ။ စီးပွားရေး ဘက်ကကြည့်ရင်တော့မကောင်း ဘူးပေါ့နော်။ ဒေသအတွက် အ များကြီးနစ်နာတယ်။ အခုပတ် ၀န်းကျင်အနေအထားကတော့ အင်မတန်ကိုငြိမ်သက်နေတယ်။ အဲဒါက ကောင်းတဲ့အရာလား၊ မကောင်းတဲ့အရာလားတော့ ကျွန်တော်တို့အနေနဲ့ ပြောဖို့ခက် တယ်’’ ဟု ၎င်းကဆိုသည်။

တစ်ဖက်နိုင်ငံသို့ တင်ပို့ ရောင်းချရန် ၀ယ်ယူထားသည့် ဆန်၊ ချင်းစိမ်းနှင့်ငါးများမောင် တောဒေသရှိ ကုန်သည်များလက် ထဲတွင် ကျန်ရှိနေပြီးချင်းစိမ်းသည် အပင်ပေါက်မည့်အနေအထား များဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

ယခင်က  မောင်တောနယ် စပ်စခန်းမှတစ်ဆင့် နေ့စဉ်ကန် ဒေါ်လာသုံးသောင်းမှ ငါးသောင်း ခန့်အထိ တန်ဖိုးရှိကုန်ပစ္စည်းများတင်ပို့ရကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းက သိရသည်။

နယ်စပ်စခန်းအများစုသည် သွင်းကုန်များနေပြီး မောင်တော နယ်စပ်စခန်းသည် ပို့ကုန်အသာ စီးရထားသည့် နယ်စပ်စခန်းဖြစ် သဖြင့် အစိုးရအနေနှင့် နယ်စပ် စခန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရန် ကူညီဆောင်ရွက်ပေးသင့်ပြီး ဒေသငြိမ်းချမ်းရေးရပါက စီးပွား ရေးပိုမိုတိုးတက်လာစေမည်ဖြစ် ကြောင်း ဦးအောင်မြင့်သိန်းက ဆိုသည်။ မြန်မာနိုင်ငံမောင်တောနယ် စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအဓိကတင်ပို့နေပြီး ဆန်၊ ချင်းစိမ်း၊ ရေချိုငါး၊ ငါးခြောက်များလည်း တင်ပို့နေကြောင်း မြန်မာနိုင်ငံမောင်တောနယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ သတင်းရရှိသည်။

Top News