ဇာတ်ကားတွေ ဆက်တိုက်ပြန်ရိုက်တော့မယ့် ဆုပန်ထွာ

 ကလေးမွေးပြီး ရှစ်လ အကြာတွင် ဘန်ကောက်၌ မျက် နှာပြုပြင်မှု အနည်းငယ်ပြုလုပ်ပြီး နောက်ပိုင်း ဇာတ်ကားများ ပြန် လည်ရိုက်ကူးဖြစ်ကြောင်း သရုပ် ဆောင်ဆုပန်ထွာက ပြောသည်။

‘‘မပန် ခုရက်ပိုင်း ဗီဒီယိုကား တွေ ဆက်တိုက်ရိုက်ဖြစ်တယ်။ ကိုနိုင်ကြီးနဲ့ ‘ဘာလဲဆိုတာသိ’ဆို တဲ့ကားလေး အရှေ့မှာရိုက်ထား တယ်။ အဲဒီကားအရှေ့မှာလည်း ဗီဒီယိုကားတွေ ဆက်တိုက်ရိုက် ဖြစ်တယ်။ မပန် အရင်ကလို ဇာတ်ကားတွေ ပြန်ရိုက်တော့ မယ်။ ပြောထားတာတွေလည်းရှိ ပါတယ်။ ဘာလို့လဲဆိုတော့ မပန် သားလေးကလည်း နောက်လဆို တစ်နှစ်ပြည့်ပြီဆိုတော့ မပန်နည်း နည်းလေး လက်လွှတ်လို့ရသွား တာပေါ့။ နည်းနည်းလည်း နားလည်နေပြီဆိုတော့ အဆင်ပြေတယ်။ အလုပ်တွေ တောက်လျှောက်ပြန်လုပ်ပါတော့မယ်’’ဟု ၎င်းက ပြောသည်။

စက်တင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် ၎င်း၏ သားလေး Roar Roar ကျော်၏ တစ်နှစ်ပြည့် မွေးနေ့ကို အမှတ်တရပြုလုပ်မည် ဟု ဆိုသည်။

‘‘အစ်မတို့ သားသားမွေးနေ့ လေးလုပ်ဖြစ်မယ်။ မဟာစည်မှာ ဘုန်းကြီးတွေ၊ မယ်သီလရှင်တွေ၊ ယောဂီတွေ အကုန်လုံးကို ဆွမ်း ကပ်မယ်။ ညဘက်ကျရင်လည်း ပွဲလေးတစ်ပွဲလုပ်ပေးဖို့ စိတ်ကူး ထားတယ်’’ဟု ဆုပန်ထွာက ပြော သည်။

ဗီဒီယိုကားများအပြင် ဇာတ် လမ်းတွဲအချို့လည်း ရိုက်ကူးဖြစ် ပြီး ကြော်ငြာများနှင့် ဓာတ်ပုံများ ရိုက်ကူးရန် လက်ခံထားသည်ဟု ဆိုသည်။

‘‘ခရီးက မပန် လကုန်ကျရင် မေမြို့မှာ မြေကွက်သွားကြည့် ရင်းနဲ့ သတို့သမီးဝတ်စုံသွားရိုက် ပေးရမယ်။ ၃၀ ရက်နေ့သွားမယ်။ မေမြို့တက်မယ်။ မြေကွက်ကြည့် မယ်။ ၃၁ ရက်နေ့ မန္တလေးဆင်း မယ်။ ဓာတ်ပုံကြော်ငြာ၊ စိန်ဆိုင် ကြော်ငြာလေးတွေရိုက်ဖို့ရှိတယ်’’ ဟု ၎င်းက ပြောသည်။

ကိုယ်ဝန်ဆောင်ထားစဉ်က တည်းက အနုပညာလှုပ်ရှားမှုများ ကြိုးကြားကြိုးကြား ပြုလုပ်ခဲ့သလို ကလေးခြောက်လပြည့်မြောက် ပြီး နို့ဖြတ်ပြီးသည့်နောက်ပိုင်းတွင် လည်း ဓာတ်ပုံများနှင့် မင်္ဂလာ ဆောင် ရာသီနီးလာပြီဖြစ်၍ ထိုင်မသိမ်းဝတ်စုံများဖြင့် ရိုက်ကူးဖြစ် ကြောင်း ဆုပန်ထွာက ပြော သည်။ စက်တင်ဘာ၌ ဒါရိုက်တာ ခင်စောမျိုး၊ မင်းသား လူမင်းနှင့် အတူ ဗီဒီယိုတစ်ကားရိုက်ကူးရန် လက်ခံထားပြီး ၂၀၁၈ နှစ်စပိုင်း တွင် ကိုရီးယား၌ အဆီသွားထုတ် ရန်ရှိကြောင်း ဆုပန်ထွာက ပြော သည်။