အကြမ်းဖက်မှုတိုက်ဖျက်ရေး အသိနှင့်သတိ

(၁)

ရခိုင်ပြည်နယ်အတွင်းလတ် တလောဖြစ်ပေါ်နေတဲ့ အခြေအ နေတွေနဲ့စပ်လျဉ်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်း တွေကို အချိန်နဲ့တစ်ပြေးညီအ ဆက်မပြတ်ထုတ်ပြန်ဖော်ပြပေး လျက်ရှိပါတယ်။ အဲဒီလိုဖော်ပြရာ မှာ အစွန်းရောက်ဘင်္ဂါလီအကြမ်း ဖက်သမားများရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ နိုင်ငံတော်အ စိုးရရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ၊ ဖြစ်နိုင်ခြေအလားအလာတွေးဆ မှုတွေကို ပြည့်ပြည့်စုံစုံဖော်ပြပေး နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ လူမှုကွန်ရက်စာ မျက်နှာပေါ်မှာတော့ တကယ့်ဖြစ် စဉ်အမှန်နဲ့ ကွဲလွဲတဲ့သတင်းမှား တွေကို တွေ့နေရတုန်းပါပဲ။ ဒါ့ အပြင် တချို့သော ပုဂ္ဂိုလ်တွေအ နေနဲ့ ဖြစ်စဉ်တွေအပေါ် ဝေဖန် ပြောဆိုရာမှာ၊ တုံ့ပြန်ဖို့ကြိုးစားရာ မှာ အစွန်းရောက်အကြမ်းဖက် သမားတွေကို မုန်းတီးတဲ့စိတ်နဲ့ ပြောဆိုဆွေးနွေးကြတာမို့ ကိုယ် တိုင်အစွန်းရောက်မိလျက်သား ဖြစ်နေတတ်တာကိုလည်း သတိပြုသင့်ပါတယ်။ ဒါကြောင့်အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘယ်လိုအသိမျိုး၊ ဘယ်လိုသတိမျိုးနဲ့ ချဉ်းကပ်ကြမလဲဆိုတာကို သေသေချာချာစေ့ငု ကြည့်သင့်ပါတယ်။

(၂)

သေချာတာကတော့ အ ကြမ်းဖက်မှုအားလုံးကို အကြွင်း မဲ့ဆန့်ကျင်ကြရမှာဖြစ်ပါတယ်။ ဆန့်ကျင်တယ်ဆိုရာမှာ လက်သီး လက်မောင်းတန်း၊ သွေးဆူနေရုံ၊ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆဲဆိုနေကြရုံနဲ့တော့ မပြည့်စုံဘူး ထင်ပါတယ်။ ကိုယ်ဟာဘာကြောင့် အကြမ်းဖက်မှုကို ဆန့်ကျင်သလဲဆိုတာကို ကိုယ်တိုင်သေသေချာချာသိမြင်ဖို့ လိုပါတယ်။

တကယ်တော့ အကြမ်းဖက် မှု၊ အကြမ်းဖက်ဝါဒဆိုတာ လူ သားဝါဒမဟုတ်ပါဘူး။ အကြမ်း ဖက်မှုကို ဘယ်သူဘယ်ဝါ၊ ဘယ် အဖွဲ့အစည်းက လုပ်ကိုင်ဆောင် ရွက်သည်ဖြစ်စေ၊ လူသားမျိုးနွယ် ကို ဆန့်ကျင်တာပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အသိဉာဏ်အဆင့် အတန်းမြင့်မားတဲ့ လူသားတွေ အနေနဲ့ အကြမ်းဖက်မှု၊ အကြမ်း ဖက်ဝါဒကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆန့်ကျင်ကြဖို့လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရာမှာ ပြည်ထောင်စုကြီးရဲ့ အသွေး အသား၊ ခြေတံလက်တံဖြစ်တဲ့ ညီအစ်ကိုရခိုင်တိုင်းရင်းသားတွေ တိုက်ခိုက်ခံရလို့ ဆန့်ကျင်တယ် ဆိုတဲ့ အချက်အပြင် လူသားတွေ နဲ့ မအပ်စပ်တဲ့အရာမို့ ဆန့်ကျင် ရမယ်ဆိုတဲ့ အသိတစ်ခုပါပါလာ ခဲ့ရင် ပိုမိုပြည့်စုံလိမ့်မယ်လို့ ယူဆ မိပါတယ်။

 ဒုတိယ အချက်ကတော့ လတ်တလောရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်၊ဖြစ်ရပ်တွေ ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခရီးကို ပိုမို ရှည်လျားသွားစေ၊ ပိုမိုနှေးကွေး သွားစေသလို ခရီးလမ်းကိုပိုမို ကြမ်းတမ်းသွားစေတာကြောင့် အဲဒီအကြမ်းဖက်မှုဖြစ်စဉ်တွေကို ရှုတ်ချရမှာဖြစ်ပါတယ်။ ဆန့်ကျင် ရမှာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိကအဆီး အတားဟာ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေဖြစ်ပါတယ်။ အဲဒီဒီမို ကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အခြေခံဥပဒေကို ပြင်ဆင်ပြီး စစ် မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တော်တည်ဆောက်ရေးဟာ မြန် မာနိုင်ငံအတွက် အရေးအကြီး ဆုံးကိစ္စရပ်ဖြစ်ပါတယ်။ အရေး အကြီးဆုံးဖြေရှင်းရမယ့်ကိစ္စရပ် ကို ခဏလေးထားပြီးအကြမ်းဖက် တိုက် သမားနှိမ်နင်းရေးလုပ်ရမှာ ဖြစ်တာမို့ မြန်မာ့ဒီမိုကရေစီခရီး လမ်းမှာ အခုအကြမ်းဖက်မှုဖြစ် စဉ်တွေဟာ ဆူးငြောင့်ခလုတ်ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများသာမက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းကြသူတိုင်းက အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြရမှာဖြစ်ပါတယ်။

(၃)

အကြမ်းဖက်မှုကို ဆန့်ကျင် တာနဲ့အမျှ အကြမ်းဖက်မှု တိုက် ဖျက်ရေး လုပ်ငန်းစဉ်တွေကို ထောက်ခံဝန်းရံမှုတွေ လိုအပ်လာ ပြန်ပါတယ်။ နဂိုကတည်းကမှ ရှုပ်ထွေးလွန်း၊ အကဲဆတ်လွန်း၊ လုပ်ရကိုင်ရခက်လွန်းတဲ့ မြန်မာ့ နိုင်ငံရေးမှာ မလိုလားအပ်တဲ့ဆိုး ကျိုးတွေကို ရှောင်ရှားနိုင်ဖို့အ တွက် ဘယ်အရာကိုမဆိုသတိကြီး ကြီးထားပြီးဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့အကြမ်း ဖက်မှုကို ဆန့်ကျင်ကြရာမှာ၊ အ ကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ် ငန်းစဉ်တွေကို ထောက်ခံဝန်းရံ ရာမှာလည်း သတိကြီးကြီးထား ဆန့်ကျင်ကြ၊ ၀န်းရံကြဖို့ လိုအပ် မှာဖြစ်ပါတယ်။

မိမိတို့ဆန့်ကျင်နေကြတာ ဟာ အကြမ်းဖက်သမားနဲ့ အ ကြမ်းဖက်ဝါဒကိုသာ ဆန့်ကျင်နေ ခြင်းဖြစ်တယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေကို ထောက်ခံဝန်းရံတာကလည်း အ ကြမ်းဖက်ဝါဒကို ချေမှုန်းလိုရင်း သာဖြစ်တယ်ဆိုတဲ့အချက်ကို သ တိမလပ်ဖို့လိုအပ်ပါတယ်။ လက် ရှိအခြေအနေအထိ အကြမ်းဖက် သမားနဲ့ လူသားမျိုးနွယ်ရဲ့ပဋိပက္ခ၊ အကြမ်းဖက်နယ်ချဲ့ကျူးကျော်သူ နဲ့ တိုင်းရင်းသား ပြည်သူတို့ရဲ့ ပြဿနာအဖြစ် အားလုံးကလက် ခံထားတဲ့ အနေအထားရှိပါတယ်။ အဲဒီလိုအခြေအနေမှာ ဘာသာ ရေး၊ လူမျိုးရေးမှိုင်းတိုက်ပြီး ဘာ သာရေး၊ လူမျိုးရေးအသွင်ဆောင် တဲ့ ပဋိပက္ခအဖြစ်အပြောင်းအလဲ မခံရဖို့ အထူးသတိရှိဖို့လိုပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်စာ မျက်နှာတွေပေါ်မှာ သွေးထိုးလှုံ့ ဆော်မှုတွေ ရှိနေသလို လွယ် လွယ်လေးနဲ့ သွေးဆူတတ်တဲ့သူ တွေလည်း ရှိတာမို့အထူးသတိပြု ကြဖို့၊ ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

အဲဒီလို မထိန်းသိမ်းဘဲသတိ လက်လွတ်ဖြစ်ပြီး သွေးထိုးလှုံ့ ဆော်မှုတွေနောက်ကို ယောင်မှား လိုက်မိကြလို့ အကြမ်းဖက်မှုကို ဆန့်ကျင်တာမဟုတ်တော့ဘဲဘာ သာရေး၊ လူမျိုးရေးအသွင်ဆောင် လာမယ်ဆိုရင်တော့ ပြဿနာမီး ပွားက နိုင်ငံရဲ့ ဒေသအနှံ့အပြား ကို ပျံ့နှံ့သွားနိုင်တာကြောင့် အ ထူးသတိပြုကြဖို့ တိုက်တွန်းလိုပါ တယ်။ ကျွန်တော်တို့အနေနဲ့ အ ကြမ်းဖက်မှု၊ အကြမ်းဖက်သမား၊ ကျူးကျော်သူတွေကိုသာ ဆန့် ကျင်နေတာဖြစ်ပြီး ပြည်ထောင် စုအတွင်းမှာ မှီတင်းနေထိုင် လျက်ရှိတဲ့ နိုင်ငံသားစစ်စစ် ဘယ် လူမျိုး၊ ဘယ်ဘာသာကိုမှ ဆန့် ကျင်နေတာ မဟုတ်ဘူးဆိုတာ ကို အမြဲသတိချပ်ဖို့လိုပါတယ်။

အရေးကြီးဆုံးကတော့ ရ ခိုင်ဒေသမငြိမ်းချမ်းမှ လူထုကမဲ ပေးရွေးချယ်ထားတဲ့ ပြည်သူ့အ စိုးရကို ဖိအားပေးနိုင်မယ်လို့ယုံ ကြည်နေကြတဲ့ နိုင်ငံရေးအမြတ် ထုတ်မှုမခံရရေးအတွက် သတိ ကပ်နေကြဖို့ပဲဖြစ်ပါတယ်။ အိမ် နီးချင်းနိုင်ငံနဲ့ ကွာခြားလွန်းလှတဲ့ လူဦးရေနဲ့ သယံဇာတအခြေအ နေ၊ ခေတ်အဆက်ဆက်လျော့ရဲ ခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်၊ မခိုင်မာခဲ့တဲ့ တရားဥပဒေစိုးမိုး ရေးတွေအပြင် နှစ်ပေါင်းများစွာ ပြဿနာကို လုံးဝမကိုင်တွယ်ဘဲ ပစ်ထားခဲ့ခြင်းတွေကြောင့် ရခိုင် ပြည်နယ်အတွင်းက ဘင်္ဂါလီ ပြဿနာဟာ အစိုးရအနေနဲ့ အချိန်တိုအတွင်း လွယ်လွယ်ကူ ကူဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆို တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီအထဲမှာ ဘူးလေးရာဖရုံဆင့်စေ တဲ့အကြမ်းဖက်မှုတွေကြောင့် အ စိုးရက ခက်ခက်ခဲခဲကိုင်တွယ်ဖြေ ရှင်းနေရချိန်မှာ နိုင်ငံရေးအမြတ် ထုတ်လိုသူတွေကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ အစိုးရနဲ့ပြည်သူကိုသွေးခွဲဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေကို ခွင့်မပြုဖို့ အားလုံးသတိရှိဖို့လိုအပ်ပါတယ်။

ရခိုင်ပြည်နယ်အရေးမှာ အ စိုးရဟာ ပြည်တွင်းက နိုင်ငံရေး အမြတ်ထုတ်လိုသူတွေကို ရင် ဆိုင်နေရသလို နိုင်ငံတကာဖိအား ကိုလည်း နည်းလမ်းပေါင်းစုံသုံးပြီး ကြံ့ကြံ့ခံရင်ဆိုင်နေရတာဖြစ်ပါ တယ်။ ဘင်္ဂါလီအရေးကို အခြေခံ ပြီး နိုင်ငံရေးဩဇာလွှမ်းမိုးဖို့၊ ဖိ အားပေးအကျပ်ကိုင်ဖို့ ကြိုးစား နေတဲ့ နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေရှိနေတာကို အားလုံး အသိပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ လတ်တလောအကြမ်းဖက်မှုကို ဆန့်ကျင်တဲ့အခါမှာ သတိလက် လွတ်ဖြစ်ပြီး အဲဒီနိုင်ငံတွေ၊ နိုင်ငံ တကာ အဖွဲ့အစည်းတွေရဲ့ ထောင်ချောက်ထဲမှာ မမိသွားစေ ဖို့ အထူးဂရုပြုဖို့လိုပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အ တည်းရဲ့ လတ်တလောအနီးစပ် ဆုံးထွက်ပေါက်က ၂၁ ရာစုပင် လုံညီလာခံဖြစ်ပါတယ်။ အဲဒီညီ လာခံက ထွက်ပေါ်လာတဲ့ပြည် ထောင်စုသဘောတူညီချက်တွေ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအ သစ်အတွက် အခြေခံမူတွေဖြစ် လာမှာပါ။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် ညီလာခံမှာ သဘောတူညီချက် အတော်များများကို ချမှတ်နိုင်ခဲ့ ပြီး ဆက်လက်ဆွေးနွေးရမယ့် အချက်တွေလည်း ကျန်နေပါ သေးတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်အခြေအနေတွေ ဟာ အဲဒီပင်လုံညီလာခံအပေါ် ကောင်းကျိုး၊ ဆိုးကျိုးတွေဘယ် လိုသက်ရောက်လာနိုင်သလဲဆို တာကို မခန့်မှန်းနိုင်ပါဘူး။ ဒါ ကြောင့် အားလုံးက သတိရှိရှိနဲ့ ပြောဆိုဆွေးနွေးဆောင်ရွက်ကြ ခြင်းဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ရည်မှန်းချက်ကို ကာကွယ်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

 နောက်ထပ်သတိပြုအပ် တာကတော့ ရခိုင်ဒေသအတွင်း စစ်ရေးအရ ရှင်းလင်းဆောင်ရွက် မှုကို ထောက်ခံကြတဲ့အခါ အ ကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ် ငန်းစဉ်ကို ထောက်ခံတာ၊ အဲဒီ လုပ်ငန်းစဉ်ကို စည်းကမ်း၊ နည်း လမ်းတွေနဲ့အညီ အသက်ပေးပြီး ဆောင်ရွက်နေကြသူတွေ၊ စီမံ ကွပ်ကဲနေကြသူတွေကို ၀န်းရံ ထောက်ခံတာဖြစ်ပြီး ဒါဟာ စစ်အာဏာရှင်စနစ်ကို ထောက်ခံတာမဟုတ်ဘူးဆိုတဲ့အတွေးအခေါ် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားရှိနေကြဖို့ ဖြစ်ပါတယ်။

(၄)

 အကြမ်းဖက်သမားများနဲ့ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြ ပါစို့၊ အသိကြီးကြီး၊ သတိကြီး ကြီးနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက် ရေးလုပ်ငန်းတွေကို ထောက်ခံ ၀န်းရံကြပါစို့လို့ ဆန္ဒပြုလိုက်ရပါ တယ်။ မြန်မာပြည်ကြီး ငြိမ်းချမ်း ပါစေ။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)