ပျောက်ဆုံးနေသည့် ဒိုင်းနက်လူမျိုး ၂၀ ဦးအနက် ၁၇ ဦးကို ကယ်တင်နိုင်ဟု အစိုးရထုတ်ပြန်

 အစွန်းရောက်ဘင်္ဂါ လီများ၏ အကြမ်းဖက်တိုက် ခိုက်မှုခံရသော ရန်ကာစေတီ ကျေးရွာနေ ဒိုင်းနက်တိုင်းရင်း သား ၂၂ ဦးအနက်မှ ငါးဦးသေဆုံး ပြီး ၁၇ ဦးကို ကယ်တင်နိုင်ကြောင်း နိုင်ငံ တော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက သြ ဂုတ် ၂၈ ရက်တွင် သတင်းထုတ် ပြန်သည်။ စစ်ဆေးချက်အရ ဦး စိန်ထွန်းမောင် (၂၈) နှစ်အပါအ ဝင် ငါးဦးသည် အကြမ်းဖက်သ မားအဖွဲ့၏ ဝိုင်းဝန်းထိုးခုတ်မှု ကြောင့် သြဂုတ် ၂၆ ရက်တွင် အခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါဒိုင်းနက်လူမျိုးများ သည် သြဂုတ် ၂၆ ရက်တွင် မောင် တောမြို့နယ် နယ်မြေ (၂)   ရန်ကာစေတီကျေးရွာမှ      အောင်ဇံ တိုင်းရင်းသားကျေးရွာသို့ သွား ရောက်နေထိုင်ရန် တိမ်းရှောင် လာစဉ် ကြောင်ဒိုးကျေးရွာအဝင် တံတားအနီး၌  အကြမ်းဖက်သ မားများ၏ တိုက်ခိုက်မှု ခံခဲ့ရ ကြောင်းနှင့် ယင်းဖြစ်စဉ်တွင် အသက် (၂၈) နှစ်အရွယ် ဦးမောင်ဘစိန် တစ်ဦးတည်းသာ ထွက်ပြေး လွတ်မြောက်လာပြီး ကျန်သူများ သေသည်ရှင်သည် မသိရဘဲ ပျောက်ဆုံးနေကြောင်း သတင်း ထုတ်ပြန်ချက်များအရသိရသည်။

‘‘အဲဒါ ၁၇ ယောက်ပြန်တွေ့ တယ်။ ပထမတော့ ၂၀ လောက် ကို တစ်ယောက်ပဲ လွတ်တယ်လို့ ကြားတာ။ အခု ၁၇ ယောက်ပြန် ရောက်လာတော့ ငါတို့တော် တော်ဝမ်းသာသွားတာ’’ ဟု အ မှတ် (၁) နယ်ခြားစောင့်ရဲကွပ် ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် ကပြောသည်။

ပျောက်ဆုံးနေသူများကို သြဂုတ် ၂၇ ရက်က အောင်သပြေ  ဒေသခံအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုက်လံရှာဖွေရာ မိ သားစုဝင် ၁၅ ဦးကို အောင်သပြေ ကျေးရွာအနီး တောနက်ထဲမှ ပြန် လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဦး သိန်းရွှေဦးက ဆိုသည်။

‘‘ဒဏ်ရာရထားသူတချို့ တော့ ပါတယ်။ အခုတော့အောင် သပြေမှာ စုရပ်အဖြစ်ထားရှိပါ တယ်’’ဟု ကျေးရွာအုပ်ချုပ်ရေး မှူးက ပြောသည်။

အလားတူ အကြမ်းဖက်သ မားများ၏ အန္တရာယ်မှ တိမ်းရှောင်ပုန်းကွယ်နေခဲ့ရသော ဒိုင်းနက် တိုင်းရင်းသား ၃၈ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံ ရာသို့ ကယ်ထုတ်ရွှေ့ပြောင်းပေး နိုင်ခဲ့သဖြင့် စုစုပေါင်းဒိုင်းနက် တိုင်းရင်းသား ၅၅ ဦးကိုကူညီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်း ထုတ်ပြန်သည်။

သြဂုတ် ၂၄ ရက်ညကစတင် ကာ မောင်တောခရိုင်ရှိ ရဲကင်းနှင့် ရဲစခန်းများကို ဘင်္ဂါလီအကြမ်း ဖက်သမားများက စီးနင်းတိုက် ခိုက်မှုကြောင့် လုံခြုံမှုမရှိဖြစ်နေ သည့် တိုင်းရင်းသားကျေးရွာများ မှ မိသားစုဝင်များသည် လုံခြုံမည် ထင်သည့်   တိုင်းရင်းသားစုရပ် များသို့    မိမိတို့အစီအစဉ်ဖြင့် ပြောင်းရွှေ့နေထိုင်ခြင်းဖြစ်သည်။

More in News Section