ဒေါ်နယ်ထရန့်နှင့် အာဖဂန်နစ္စတန်ရှိ သူ၏ ဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီး ဂျွန်ဒဗလျူနီကိုလ်ဆင်ဂျူနီယာ (Rahmat Gul / AP)

အမေရိကန်၏ စစ်ဦးစီးချုပ် ဒေါ်နယ်ထရန့်နှင့် အာဖဂန်နစ္စတန်တွင် ခက်ခဲသော၊ တိုက်ပွဲဆင်နွှဲနေ သော သူ၏ တပ်မှူးဗိုလ်ချုပ်ကြီး  တို့ မည်သည်အချိန်ကမျှ မတွေဆုံ ဖူးပေ။

လပေါင်းများစွာ နောက် ဆုတ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန် မဟာဗျူဟာကို အပြည့်အစုံတင် ပြရန် သမ္မတဒေါ်နယ်ထရန့်က သူ၏ အမျိုးသားလုံခြုံရေးအဖွဲ့ အစည်းအဝေးပြုလုပ်ချိန်မှာပင်  အာဖဂန်နစ္စတန်တပ်မှူး ဗိုလ်ချုပ် ကြီး ဂျွန်ဒဗလျူနီကိုလ်ဆင်ဂျူနီ ယာရှိမနေခဲ့ပေ။

ဒေါ်နယ်ထရန့်၏ ရှေ့မှ သမ္မတများကမူ အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲပုံမှန်အစည်း အဝေးများတွင် ၎င်းတို့၏ မြေပြင် တပ်မှူးများနှင့် တွေ့ဆုံရှင်းလင်း ရန် အခက်ခဲဆုံး ဆက်ဆံရေးများ ကို ကျော်လွှားခဲ့သည်ကို တွေ့ရ သည်။

သမ္မတထံ တိုက်ရိုက်အစီရင် ခံပါသလားဟု ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ မေးမြန်းချိန်တွင်လည်း အသက် (၆၁)နှစ်အရွယ် ဝါရင့်ဗိုလ်ချုပ် ကြီး နီကိုလ်ဆင်က မိမိအနေဖြင့် အထက်အောက်တပ်မှူး အဆင့် ဆင့်မှ တစ်ဆင့် တင်ပြလေ့ရှိပြီး  ထိုစနစ်မှာ မိမိအတွက် အလုပ် ဖြစ်သည်ဟု ဖြေကြားသည်။

ဗိုလ်ချုပ်ကြီး နီကိုလ်ဆင်၏ စစ်သားဘဝကို စစ်ပွဲများက ပုံဖော်ခဲ့သည်။ အိုဘားမားအစိုးရလက် ထက်တွင် သူက အာဖဂန်နစ္စတန် စစ်ပွဲကွပ်ကဲရေးကို စတင်တာဝန်ယူခဲ့သည်။ ယင်းမှာ ၎င်း၏လေး ကြိမ်မြောက် အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင်မှုဖြစ်ပြီး ၎င်း၏ဇနီးသည်ကိုလည်း ယင်းနိုင်ငံ မှာပင် ဆုံစည်းခဲ့သည်။

ဒေါ်နယ်ထရန့်ကြေညာခဲ့ သော မဟာဗျူဟာတွင် ဗိုလ်ချုပ် ကြီးလိုချင်ခဲ့သော အရာအများစု ရရှိခဲ့သည်။ အမေရိကန်စစ်ဘက်လေ့ကျင့်ရေးသမားများ တိုးမြှင့် ပေးရေးနှင့် အချိန်ဇယားမထား ဘဲနှင့် လေကြောင်းပစ်ကူမှု တိုးမြှင့်ပေးရေးတို့ဖြစ်သည်။

သို့သော်မိမိအနေဖြင့် စိတ် မပါ့တပါနှင့် စစ်ပွဲကို ဆက်လက် ကိုင်တွယ်ရခြင်းဖြစ်ကြောင်းနှင့် မိမိ၏ ကနဦးစိတ်ကူးသည် ယင်း စစ်ပွဲမှ လုံးဝနောက်ဆုတ်ရေးဖြစ် သည်ဟု ဒေါ်နယ်ထရန့်က အ လေးအနက်ပြောကြားသည်။

မိမိ၏ ရာဇဝင်တွင်လည်း ယင်းကနဦးခံစားချက်များနောက်လိုက်လေ့ရှိသူဟုလည်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ကြီး နီကိုလ်ဆင်ကို ထောက်ခံအားပေးသော စကားမဟုတ်ပေ။

ယင်းအတွက် ယခုဆိုလျှင်ဒေါ်နယ်ထရန့်၏ အလောင်းအစား မဆုံးရှုံးရေးသည် ဗိုလ်ချုပ်ကြီး နီကိုလ်ဆင်ပေါ်တွင် မူတည်နေပြီး ကြိုးတန်းလမ်း လျှောက်နေရ သော သူ့အတွက် ပိုမိုခက်ခဲလာ ခဲ့သည်။

အာဖဂန်နစ္စတန်မှ အရင်းအ မြစ်များကို ထပ်မံမလျှော့ချရေး သမ္မတအိုဘားမားကို အသနားခံခဲ့ သော ဗိုလ်ချုပ်ကြီးသည် လပေါင်းများစွာပင် ထရန့်၏ အိမ်ဖြူတော်မှ အာရုံစိုက်မှု မရခဲ့ပေ။ လွန်ခဲ့သော သီတင်းပတ်အနည်းငယ်ကပင် ဒေါ်နယ်ထရန့်က သူ့ကို ထုတ်ပယ်ချင်သည်ဆိုသော သတင်းထွက်လာခဲ့သေးသည်။ ယင်းသို့ဆိုလျှင် ဗိုလ်ချုပ်ကြီး နီကိုလ်ဆင်သည်ယခု အခါအင်အားသစ်များ ရရှိလာခဲ့သော်လည်း ၎င်း၏ အာဖဂန် လက်တွဲဖက်များ အမြင်တွင်မူ အားနည်းသွားပြီဖြစ်သည်။

‘‘ကျွန်တော်အံ့အားသင့်ရုံ သာ မဟုတ်ဘူး။ တုန်လှုပ်သွား တယ်။ ကျွန်တော့်အတွက်တော့ ဒါဟာ ဝါရှင်တန်အနေနဲ့ အာဖဂန် နစ္စတန်အရှိတရားနဲ့ ဘယ်လောက် ကင်းကွာနေသလဲဆိုတာကို ပြသနေပါတယ်’’ဟု ဗိုလ်ချုပ်ကြီး နီကိုလ်ဆင်အား ဒေါ်နယ်ထရန့်က ထုတ်ပယ်မည်ဆိုသော ကိစ္စနှင့် ပတ်သက်၍ အာဖဂန်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဟောင်း အမ်ရူးလားဆာလေးက ပြောသည်။

ဗိုလ်ချုပ်ကြီး နီကိုလ်ဆင် သည် ထူးခြားပြီး ရှားပါးသော အ ရည်အသွေးများ ပိုင်ဆိုင်ထားသူ ဟု မစ္စတာဆာလေးက ဆိုသည်။

ဗိုလ်ချုပ်ကြီး နီကိုလ်ဆင် သည် အာဖဂန်နစ္စတန်စစ်ပွဲ၏ အမေရိကန်မျက်နှာဖုံးဖြစ်ရုံသာမ က အာဖဂန်နစ္စတန်အစိုးရက ဝါ ရှင်တန်မှ အစိုးရသစ်နှင့် ဆက်ဆံ ရေးတွင် အဆက်မပြတ်မှုရှိစေသူ လည်းဖြစ်သည်။ ဝါရှင်တန်က ယခုအချိန်ထိ အာဖဂန်နစ္စတန် ဆိုင်ရာ သံအမတ်သစ်ကို ခန့်အပ် ခြင်းမရှိသေးပေ။


ဗိုလ်ချုပ်ကြီး ဂျွန်ဒဗလျူနီကိုလ်ဆင်ဂျူနီယာကို အာဖဂန်တာဝန်ရှိသူများနှင့်အတူတွေ့ရစဉ် (Muhammad Sadiq / EPA)

၉/၁၁ အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်တွင် အမေရိကန် က ပြုလုပ်ခဲ့သော စစ်ပွဲနှင့်အတူ ပေါ်ထွက်လာခဲ့သူဟု ဗိုလ်ချုပ်ကြီး နီကိုလ်ဆင်က သူ့ကိုယ်သူ ပြော သည်။

ဤနိုင်ငံတွင် ပုဂ္ဂိုလ်ရေး ရင်း နှီးခင်မင်မှုသည် အခြားနေရာများမှာထက် အရေးပါသည်။ တာလီဘန်များအား တိုက်ထုတ်ရာ၌ ဒေသခံခေါင်းဆောင်များ၏ ယုံကြည်စိတ်ချမှုရရှိရေးသည် တိုက်ပွဲများအောင်မြင်သလောက် အ ရေးပါသည်။

‘‘အမေရိကန်တပ်မှူးအများအပြားကို ကျွန်တော်ဆုံခဲ့ဖူးပါတယ်။  ဒါပေမဲ့လည်း ပရော်ဖက် ရှင်နယ်ဆန်တဲ့ ဗိုလ်ချုပ်ကြီးအဖြစ် ဒီနိုင်ငံက ယဉ်ကျေးမှုကို နားလည်ပြီး သက်သောင့်သက်သာရှိတဲ့ အရည်အချင်းတွေနဲ့ နီကိုလ်ဆင်လို ဗိုလ်ချုပ်ကြီးမျိုးဆိုတာ အလွန်ရှားပါတယ်’’ဟု အာဖဂန်စစ်တပ်အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ရှာမိုဟာမက်ကာရီမီက ၎င်းဆယ်နှစ်ကြာ ခင်မင်ရင်းနှီးခဲ့သူအကြောင်းပြောသည်။

‘‘သူ ဗိုလ်မှူးကြီးဘဝကနေ အခုဗိုလ်ချုပ်ကြီးဖြစ်လာတဲ့အထိ ကျွန်တော်စောင့်ကြည့်နေခဲ့ပါ တယ်။ အဲဒီတုန်းကလည်းပဲ အခုလိုမျိုးပဲ သူက နန်ဂါဟာ၊ ခို့စ်ပြည် နယ်က အကြီးအကဲတွေနဲ့ တွေ့ ဆုံပြီး လက်ဖက်ရည်သောက်၊ နေ့လယ်စာစား၊ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်’’ဟု ဗိုလ်ချုပ်ကြီး ကာရီ မီက ပြောသည်။

အာဖဂန်နစ္စတန်စစ်ဆင်ရေး တပ်ဖွဲ့များ၏ ကွပ်ကဲရေးမှူးအ ဖြစ် ရောက်မလာမီကပင် နီကိုလ်ဆင်သည် အာဖဂန်နစ္စတန်သို့ သုံးကြိမ်ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အရှေ့ဘက်ခြမ်း ပါကစ္စတန်နယ်စပ်ဒေသများမှ နိုင်ငံတောင်ပိုင်းပုန်ကန်မှု ကြီးကျယ် သော နေရာများအထိ ရောက်ရှိခဲ့ဖူးသည်။ အိုဘားမားလက်ထက်တပ်ဖွဲ့ဝင်များ တိုးမြှင့်ပြီး စစ်ဆင်ရေး အရှိန်မြှင့်စဉ်ကလည်း နီကိုလ်ဆင်သည် ကဘူးလ်မြို့ အမေရိကန်စစ်ဆင်ရေးရုံးချုပ်တွင် ဒုတိယအကြီးအကဲတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုနိုင်ငံပြင်ပတွင် တာဝန် ပေးခံရချိန်တွင်လည်း ၎င်း၏ လုပ်ငန်းသည် အာဖဂန်နစ္စတန်နှင့် ဆက်စပ်နေသည်။ ၂၀၀၉-၂၀၁၀ တွင် နီကိုလ်ဆင်သည် ပင်တဂွန်စစ်ဌာနချုပ်ရှိ အာဖဂန်နစ္စတန်-ပါကစ္စတန်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ညွှန်ကြားရေးမှူးဖြစ်ခဲ့ပြီး သောင်းကျန်းသူများအနေဖြင့်  နယ်စပ်တစ်ဖက် ပါကစ္စတန်နိုင်ငံတွင် ခိုလှုံခွင့်ရရှိနေမည်ဆိုပါက အာဖဂန်နစ္စတန်တွင် အောင်ပွဲရရှိရေး မဖြစ်နိုင်ဆိုခြင်းကို မြင် တွေ့ခွင့်ရရှိခဲ့သည်။

ဗိုလ်ချုပ်ကြီးသည် ၎င်း၏ ဇနီးသည် နော်ရင်းမယ်ဒေါနယ်ကိုလည်း အာဖဂန်နစ္စတန်နိုင်ငံ အခမ်းအနားတစ်ခုမှာပင် တွေ့ရှိခဲ့သည်။ နော်ရင်းသည် ဘိန်းကို ဆေးဝါးအဖြစ် အသုံးချရေး ခွင့်ပြု ရန် မဲဆွယ်စည်းရုံးနေသော သု တေသီတစ်ဦးဖြစ်သည်။ မစ္စစ် နော်ရင်းက ဗိုလ်ချုပ်ကြီး၏ နယ် ခရီးစဉ်များတွင် မကြာခဏလိုက် ပါတတ်ပြီး ယင်းမှာ အာဖဂန် ခေါင်းဆောင်များအတွက် ထူး ဆန်သော မြင်ကွင်းဖြစ်သည်သာ မက အမေရိကန်စစ်သားများ အတွက်လည်း တပ်မှူးနှင့်အတူ ဇနီးသည်ကိုပါ တွေ့ရခြင်းမှာ အထူးအဆန်းဖြစ်နေသည်။

၂၀၁၆ မတ်လ၌ ဗိုလ်ချုပ်ကြီး နီကိုလ်ဆင် အာဖဂန်နစ္စတန်တပ်မှူးအဖြစ် စတင်တာဝန်ယူချိန်တွင် စစ်မြေပြင်အရင်းအမြစ်များ လျော့ပါးနေပြီဖြစ်ကာ တာလီဘန်များ၏ ခြိမ်းခြောက်မှု ကြီးထွားနေ ပြီး မြို့များကိုပင် တရစပ်သိမ်း ပိုက်နိုင်တော့မည့် အခြေအနေဖြစ် သည်။

ဝါရှင်တန်တွင်မူ အာဖဂန်နစ္စတန်ထက် အိုင်အက်စ်အဖွဲ့တိုက်ဖျက်ရေးဆီ ဦးစားပေးနေပြီဖြစ် သည်။ ယင်းအတွက် ကဘူးလ်မြို့ ကွပ်ကဲရေးစင်တာတွင် လူများ လျော့ပါးနေပြီဖြစ်ရာ နီကိုလ်ဆင်က နည်းဗျူဟာဆိုင်ရာ ဆုံးဖြတ် ချက်များကို ကိုင်တွယ်ရသလို စစ်ပွဲ၏ လားရာပြောင်းလဲရေးကိုလည်း လုပ်ဆောင်ရသည်။

အာဖဂန်စစ်ပွဲကို ၎င်းစတင် တာဝန်ယူပြီးအချိန်အတော်များ များသည်အိမ်ဖြူတော်သမ္မတရုံး၏ ပြန် လည်သုံးသပ်ချက်များကြား ဖြတ် သန်းခဲ့ရသည်။ ထိုအချိန်တွင် တပ်မှူး နီကိုလ်ဆင်သည် ခေါင်းငိုက်အောက်စိုက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေခဲ့ရသည်။

ပထမဆုံးအနေဖြင့် အာဖဂန် တွင် အမေရိကန်တပ်ဖွဲ့များ မလျှော့ချရေး သမ္မတအိုဘာမား ကို ဗိုလ်ချုပ်ကြီးက လပေါင်းများ စွာ သွေးဆောင်ခဲ့ရသည်။ တာလီ ဘန်များနောက် လိုက်လံတိုက် ခိုက်နိုင်ရေး ကွပ်ကဲရေးဝန်ထမ်း  တိုးမြှင့်ပေးရန် ပန်ကြားရသည်။ ထို့နောက်ယခုနှစ် ပွင့်လင်းရာသီ ၌ တိုက်ခိုက်ရေးတိုးမြှင့်မှုများ စ တင်ချိန်မှာပင် ဒေါ်နယ်ထရန့် အစိုးရ၏ မူဝါဒပြန်လှန်သုံးသပ်မှု နှင့် ရင်ဆိုင်ရသည်။

ဗိုလ်ချုပ်ကြီးသည် အခြား ပဋိပက္ခများကို လေ့လာရေး ၎င်း၏လက်အောက်ဝန်ထမ်းများကို တာ ဝန်ပေးအပ်ခဲ့သည်။ ယင်းတွင် ကိုလံဘီယာ ပြောက်ကျားစစ်ပွဲ၊ အိန္ဒိယနိုင်ငံမှ မော်ဝါဒီပုန်ကန်မှု တို့ပါဝင်ပြီး ယင်းမှာ အမေရိကန် အကြံကုန်နေပြီဖြစ်သော စစ်ပွဲ တွင် အထောက်အပံ့ရရေးဖြစ် သည်။

အာဖဂန်နစ္စတန် သံရုံးတွင် သံအမတ်လစ်လပ်နေသည်မှာ ကြာပြီဖြစ်သောကြောင့် ဗိုလ်ချုပ် ကြီး နီကိုလ်ဆင်သည် သံတမန် တစ်ဦးကဲ့သို့လည်း ပါဝင်ထမ်း ဆောင်ရသည်။အာဖဂန်နစ္စတန် ၏ ကျိုးပဲ့နေသော နိုင်ငံရေးသည် လည်း အမြဲတမ်းလိုကို ပြုစုစောင့် ရှောက်မှုလိုအပ်ခဲ့ပြီး နိုင်ငံရေး တိုက်ပွဲများကြောင့် လုံခြုံရေးတပ် ဖွဲ့များ အားနည်းမသွားစေရေး ကြိုးပမ်းရသည်။ ထို့အပြင် ဗိုလ် ချုပ်ကြီးသည် ၎င်း၏ရှေ့မှ တပ်မှူး များကဲ့သို့ မဟုတ်ဘဲ အာဖဂန်နစ္စ တန်သမ္မတ အက်ရှ်ရက်ဖ်ဂါနှင့် အစိုးရအဖွဲ့အကြီးအကဲအဗ္ဗဒူလာ အဗ္ဗဒူလာတို့နှင့်လည်း အကောင်း ဆုံးဆက်ဆံရေးထူထောင်ထားနိုင် ခဲ့သည်။

ဒေါ်နယ်ထရန့်တက်လာချိန် တွင်မူ အာဖဂန်နစ္စတန်စစ်ပွဲနှင့် ပတ်သက်၍ အချိန်ယူစဉ်းစားခဲ့ပြီး တပ်ဖွဲ့များ လုံးဝရုပ်သိမ်းရေး ဗိုလ်

ချုပ်ကြီး နီကိုလ်ဆင်ကို တွေ့ဆုံဖူးခြင်းမရှိဘဲ ရာထူးမှ ထုတ်ပယ် ရေးများ အထိစဉ်းစားခဲ့သည်ဆို သော သတင်းများထွက်လာခဲ့ သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျင်မ်မက်တစ်အပါအဝင် ဗိုလ်ချုပ်ကြီး၏ အထက်လူကြီး များက ၎င်းအပေါ်ယုံကြည်မှုအ ပြည့်အဝရှိကြောင်း ပြောကြားခဲ့ သော်လည်း သမ္မတထံမှ မတူညီ သော သတင်းစကားများက ပျက် စီးမှုဖြစ်စေခဲ့သည်။

‘‘အခြေအနေပိုဆိုးမှာ မဟုတ်ဘူးလို့ သူက အာမခံတယ်။ အမေ ရိကန်ဒီမှာ ဆက်ရှိမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့လည်း နောက် သုံး၊လေးရက်ကြာတာ့ ဒေါ်နယ် ထရန့်က ဗိုလ်ချုပ်ကြီး နီကိုလ်ဆင် ကို ထုတ်ပယ်တော့မယ်လို့ မီဒီ ယာသတင်းတွေမှာ ဖတ်ရတယ်’’ ဟု ကန်ဒါဟာပြည်နယ်အုပ်ချုပ် ရေးကောင်စီအကြီးအကဲ ဆေ ယက်ဂျန်ခါကွက်ဝယ်က ၎င်းတို့ ဒွိဟဖြစ်ရပုံကို ပြောကြားသည်။

Ref:NY Times

Top News