ဆမ်ဆောင်း၏ နောက်ဆုံးထုတ် Galaxy Note 8

ဆမ်ဆောင်းကုမ္ပဏီက နောက်ဆုံး ဖြန့်ချိသော Galaxy Note 8 ၏ ဒီဇိုင်းပုံစံသည် Galaxy S8 ပုံစံ ခပ်ဆင်ဆင်ဖြစ်ပြီး Home key မ ပါဝင်ပေ။ မျက်နှာပြင် ၆ ဒသမ ၃ လက်မရှိပြီး Infinity AMOLED စနစ်ဖြစ်ကာ ရှေ့မျက်နှာစာတစ်ခု လုံးကို ဖုံးထားသည်။ ဆမ် ဆောင်းတံဆိပ်က အနက်ရောင် ဖန်သားပြင် မျက်နှာပြင်၏ အလှ ကို မဖျက်ဆီးနိုင်ပေ။

Note 8 သည် တော်ရုံ ရေ ဒဏ်၊ မိုးဒဏ်၊ အရည်ဖိတ်ကျ၊ အပူဒဏ် ခံနိုင်ရည်ရှိသည်။ IP68  လက်မှတ်ရထားသဖြင့် တော်ရုံ မတော်တဆမှုဖြင့် အတွင်းပိုင်းကို အရည်များ မထိခိုက်နိုင်ပေ။ မျက် နှာပြင်ပေါ်တွင် အရည်အချို့ရှိနေ လျှင်ပင် S Pen က ကောင်းမွန်စွာ အလုပ်လုပ်သည်။

မျက်နှာပြင် ရုပ်ထွက်သည် ၂၉၆၀×၁၄၄၀ Pixels ကို ကောင်း စွာပံ့ပိုးနိုင်ပြီး အရောင်များစိုပြည် တောက်ပနေမည်ဟု အာမခံ ထားသည်။

Galaxy Note 8 တွင် 6GB RAM နှင့် မှတ်ဉာဏ်ကတ်အသေး (SD Card) အတွက် နေရာပါရှိ သလို သိုလှောင်မှုအနေဖြင့် 64/ 128/ 256 GB အထိ ထားရှိနိုင် သည်။

ရှေ့ကင်မရာသည် 8- megapixel သာရှိသော်လည်း အလို အလျောက် ချိန်သောစနစ်ပါ ရှိသည်။ ဘက်ထရီသည် 3300 MAh ဖြစ်ပြီး ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်သလို အပြန်အား သွင်းစနစ်လည်း ပါရှိသည်။

လုံခြုံရေးအတွက် လက်ဗွေ စနစ်၊ မျက်လုံးအိမ်ဖတ်စနစ်၊ မျက် နှာမှတ်သားခြင်း စနစ်များ ပါဝင် သည်။—Ref:CNet

Top News