ဖမ်းဝရမ်းထုတ်ခံရသည့် ပြင်စာကျေးရွာနေ တောင်သူတစ်ဦး တရားရုံးသို့ လာရောက်အဖမ်းခံ

 ပြင်ဦးလွင်မြို့ ပြင်စာ ကျေးရွာတွင် ထွန်တုံးတိုက်ပွဲပြု လုပ်မှုကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုခံထားရသော တောင် သူ ဦးစိုးထိုက်အောင်သည် သြ ဂုတ် ၂၉ ရက်၌ ပြင်ဦးလွင်မြို့ နယ် တရားရုံးသို့ လာရောက်အ ဖမ်းခံခဲ့ကြောင်း တောင်သူများ၏ တရားလွှတ်တော်ရှေ့နေ ဦးနိုင်နိုင်ထွန်းက ပြောသည်။

ပြင်စာကျေးရွာတွင် ထွန်တုံး တိုက်ပွဲ ပြုလုပ်မှုကြောင့် တရားစွဲ ဆိုခံထားရသော တောင်သူ ၁၁ ဦးကို အချုပ်ဖြင့် အမှုရင်ဆိုင်ရန် မြို့နယ်တရားရုံးက  ဇွန်လ  ၁၀ ရက်၌ အမိန့်ချသော်လည်း ဦးစိုး ထိုက်အောင်နှင့် တောင်သူအရေး တက်ကြွလှုပ်ရှားသူတစ်ဦးသည် ရုံးချိန်းများ လာရောက်ခြင်းမရှိ၍ အာမခံပေးထားသူ အမျိုးသမီး များကိုပါ တရားရုံးက တရားစွဲဆို ထားသည်။

၎င်းတို့နှစ်ဦးသည် သြဂုတ် ၂၄ ရက် ရုံးချိန်းသို့ လာရောက်ခြင်း မရှိ၍ ပြင်ဦးလွင်မြို့နယ် တရားရုံး က အာမခံပေးသည့် တောင်သူ အမျိုးသမီး ခြောက်ဦးကို ဒဏ်ငွေ ကျပ် ၁၈၆ သိန်းပေးဆောင်ရန် အမိန့်ချမှတ်ထားသည်။

‘‘၁ ရက်နေ့က (စက်တင် ဘာ)  ရုံးချိန်း အာမခံပေးထား တဲ့တောင်သူတွေ အာမခံလျော် ကြေးငွေပေးဖို့ ချိန်းထားတာ။ အ ခုကျတော့ တောင်သူက အဲဒါကို သိလို့ သွားဖမ်းခံတာပေါ့။တောင် သူတွေကိုတော့ လျော်ကြေးငွေကို တရားသူကြီးက သက်ညှာတဲ့အ နေနဲ့ လျှော့ပေးမယ်လို့ တော့ပြော တယ်။ တကယ်တမ်း လျော်ရမယ် ဆိုပြီး အမိန့်ချပြီးသား။ လျော်ရ မယ့် အဆင့်ကို ရောက်နေပြီ။ လာ ဖမ်းခံတဲ့ တောင်သူအတွက်ပေး လျော်ရမယ့် လျော်ကြေးကို လျှော့ပေးမလို့တော့ ပြောတယ်’’ ဟု ဦးနိုင်နိုင်ထွန်းကပြောသည်။

တရားစွဲဆိုခံရသည့် တောင် သူ ၁၁ ဦးသည် ၂၀၁၆ နိုဝင်ဘာမှ ၂၀၁၇ ဖေဖော်ဝါရီအထိ အချုပ် ဖြင့် အမှုရင်ဆိုင်ရပြီး ဖေဖော်ဝါရီ တွင် တရားရုံးက အာမခံပေးခဲ့ သည်။ သို့သော် အာမခံပေးမှုအ ပေါ် ကျေနပ်မှုမရှိ၍ တရားလို များက ခရိုင်တရားရုံးသို့ ပြင်ဆင် ချက် လျှောက်ထားရာ ဇွန်လ ၁၀ ရက်၌ မြို့နယ်တရားရုံးက အာမ ခံရုပ်သိမ်းကာ တောင်သူ ၁၁ ဦး စလုံးကို အချုပ်ဖြင့်အမှုရင်ဆိုင် ရန် အမိန့်ချမှတ်သည်။

ပြင်စာကျေးရွာတွင် ကော်ဖီ စီမံကိန်းအဖြစ် ၁၉၉၈ တွင် အစိုး ရက သိမ်းယူပြီး ဒေသခံတောင်သူ များက သိမ်းဆည်းခံလယ်ယာ မြေများ ပြန်လည်ရရှိရေး ထွန်တုံး တိုက်ပွဲ ပြုလုပ်ရာတွင် လက်လွှဲရ ယူထားသည့် မြေပိုင်ရှင်ဆိုသူများ က တောင်သူနှင့် တက်ကြွလှုပ် ရှားသူများကို ပိုင်နက်ကျူးလွန်မှု အပါအဝင် ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၉၂ စသည့် ပုဒ်မများဖြင့် တရား စွဲထားသည်။

More in Regional Section