နည်းပညာ Gadget အဖြစ်ပါအသုံးပြုနိုင်မယ့် ထူးထူးခြားခြား ထီးခုနစ်မျိုး

မိုးရာသီနဲ့ ထီးဆိုတာ ခွဲခြားလို့မရတဲ့ အတွဲအဖက်မျိုး ဖြစ်ပါတယ်။ မိုးတွင်းမှာတော့ ထီးတွေဟာ သွားလေရာ၊ လာလေ ရာ ယူဆောင်သွားရတဲ့ အသုံး အဆောင်ပစ္စည်းတစ်ခုလို့တောင် ပြောရမလိုပါပဲ။ ဒီတော့ ကိုယ်နဲ့မကွာ နေရာတကာ လျှောက်ယူရ တဲ့ ပစ္စည်းမျိုးတွေကို နည်းပညာ Gadget အဖြစ် ပြောင်းလဲဖို့ အမြဲ တစေ စိတ်ကူးနေတတ်တဲ့ ကုမ္ပဏီ တွေရဲ့ ပစ်မှတ်မှာ ထီးတွေလည်း ပါဝင်လာပါတယ်။ အခုဆောင်း ပါးမှာတော့ နည်းပညာ Gadget အနေနဲ့ပါ အသုံးတည့်မယ့် ထီး ခုနစ်မျိုးကိုစုစည်းဖော်ပြထားပါတယ်။


Lightsaber Umbrella

Star Wars ရုပ်ရှင်တွေကို စွဲစွဲမြဲမြဲကြည့်ရှုခဲ့တဲ့ ပရိသတ်တစ်ယောက်ဆိုရင် Lightsaber ဆိုတဲ့ စိတ်ကူးယဉ်အလင်းဓားတွေကို ကောင်းကောင်းသိနေပြီးသား ဖြစ်ပါလိမ့်မယ်။ အဲဒီ စိတ်ကူးယဉ်သိပံ္ပဇာတ်ကားထဲက Lightsaber လို ပုံစံအတိုင်း ထီးရိုးပုံစံကို ပြောင်းလဲ ဖန်တီးထားပါတယ်။ ထီးရိုးထဲမှာ နီယွန် မီးရောင်အမျိုးမျိုး ထည့် သွင်းထားပြီး ညပိုင်းမှာဆိုရင် ထင်ရှားလှပတဲ့ ဖက်ရှင်အသုံးအ ဆောင်တစ်ခုလို ပြောင်းလဲအသုံး ပြုနိုင်ပါတယ်။ Star Wars ရုပ်ရှင်တွေ နှစ် ၃၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီထီးကို ဖန်တီးထားတာ လို့ ဆိုပါတယ်။

NanoNuno Umbrella

မိုးရွာတုန်း ထီးဆောင်းပြီး အိမ်ထဲဝင်လာချိန် ထီးကနေ ရေတစက်စက်ကျနေလို့ စိတ်အ နှောင့်အယှက်ဖြစ်ရတာမျိုး ကြုံဖူး ပါလိမ့်မယ်။ ဒီထီးကတော့ နာနို နည်းပညာ အသုံးပြု ပိုလီစတာ အမျှင်တွေနဲ့ ရက်လုပ်ထားပြီး စိုထိုင်းမှုကို ဖယ်ရှားနိုင်အောင် စီစဉ်ပေးထားတယ်။ ၃၈ လက်မအရွယ် အချင်းနဲ့ ထီးရွက်တစ်ခုလုံး စိုစွတ်နေလို့ စိတ်ညစ်စရာ မလိုပါဘူး။ ထီးလက်ကိုင်ကနေ အသာလေးခါလိုက်ရုံနဲ့ ရေတွေအကုန်  လွင့်စဉ်ပြီး ထီးရွက်က ခြောက် သွေ့သွားမှာ ဖြစ်ပါတယ်။

Ambient Forecasting Umbrella

ဒီထီးကတော့ လတ်တလော တည်ဆောက်ဆဲအဆင့်မှာပဲ ရှိသေးပြီး ဈေးကွက်ထဲ ရောက်မလာသေးပါဘူး။ အလုပ်လုပ်ပုံက အတော်လေးစိတ်ဝင်စားဖို့ ကောင်းတယ်။ မိုးလေဝသပညာရပ် ဝက်ဘ်ဆိုက်ဖြစ်တဲ့ AccuWeather နဲ့ တိုက်ရိုက်ချိတ်ဆက် ထားပြီး ထီးတည်ရှိတဲ့နေရာမှာ မိုးရွာ၊ မရွာဆိုတာကို ဆန်းစစ်နေမှာ ဖြစ်ပါတယ်။ ရွာဖို့ ရာနှုန်းပြည့်သေချာနေပြီဆိုရင် ထီးမှာပါတဲ့မီးပွင့်လေးက တစ်မိနစ်ကို အကြိမ်၁၀၀ နှုန်းလောက် မှိတ်လိုက်လင်းလိုက်ဖြစ်နေမယ်လို့ဆိုတယ်။ ဒါဆိုရင် အပြင်ထွက်တဲ့အခါ သေချာပေါက် ထီးယူဖို့လိုပြီလို့ သတိပေး ခြင်းဖြစ်ပါတယ်။ မိုးရွာဖို့ ရာနှုန်းနည်းရင်တော့ မှိတ်လိုက်လင်း လိုက်အချိန်က ပိုပြီး ခြားသွား မယ်။ ဒါကြောင့် အပြင်ထွက်ရင် ထီးယူမလား၊ မယူဘူးလား ဆိုတာကို စဉ်းစားဆုံးဖြတ်နိုင်မယ့် သဘောပါ။ မိုးလေဝသကြိုတင် ခန့်မှန်းနိုင်တဲ့စနစ်ကို အသက်ဝင် နေစေဖို့ ထီးထဲမှာ AAA ဓာတ်ခဲ တစ်လုံး ထည့်ထားရမှာ ဖြစ်ပါ တယ်။

Pileus: The Internet Umbrella

မိုးရွာနေတဲ့ ပတ်ဝန်းကျင် မှာ အလှအပဓာတ်ပုံလေးတွေ အမှတ်တရရိုက်ဖို့အတွက် ထီးတစ်ချောင်းရှိရုံနဲ့ လုံလောက်လာမှာပါ။ ဂျပန်ပညာရှင်တွေ ပူး ပေါင်းတီထွင်ထားတဲ့ Pileus ဟာWi-Fi ချိတ်ဆက်နိုင်ပြီး Built-inကင်မရာပါ တပ်ဆင်ထားပါ တယ်။ ထီးမှာပါတဲ့ ကင်မရာကို သုံးပြီး ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်သလို Wi-Fi တန်း ချိတ်ပြီး YouTube နဲ့ Flickr တို့မှာ အလွယ်တကူတင်နိုင်ပါတယ်။ ထီးရဲ့ အတွင်းသားက Projector တစ်ခုရဲ့ မျက်နှာပြင်လို အလုပ် လုပ်နိုင်မှာ ဖြစ်ပါတယ်။ ထီးရိုးကိုလှည့်ဖွင့်လိုက်ရင် RFID Reader တစ်ခုပါရှိပြီး သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တစ်ခုစီရဲ့ အကြောင်းအရာ တွေကို ကြည့်လို့ရပါတယ်။ ထီးကို တီထွင်သူတွေက GPS စနစ်ကိုပါ ထည့်သွင်းပေးပြီး ထီးအတွက် လမ်းကြောင်းရှာ နည်းပညာကိုပါ အသုံးပြုနိုင်အောင် ကြိုးစားနေပါ တယ်။

iBrella

Apple က ထုတ်လုပ်တဲ့ i Device တွေနဲ့ ဒီထီးက နာမည်ချင်း တိုက်တိုက်ဆိုင်ဆိုင် ဆင်တူနေရုံ သက်သက်မဟုတ်ပါဘူး။ Appleရဲ့ iPod နဲ့ ချိတ်ဆက်နိုင်ဖို့ပါ ဖန်တီးထားတာ ဖြစ်ပါတယ်။ ထီးကိုအဖွင့်အပိတ်လုပ်ရုံနဲ့ iPod ထဲကသီချင်းတွေကို ဖွင့်နားထောင်နိုင်ပါတယ်။ ထီးကို ခါလိုက်ရုံနဲ့ သီချင်းအပြောင်းအလဲတွေ လုပ်နိုင်တယ်။ ထီးကိုမြှောက်ပြီး ခပ် ဆတ်ဆတ်လေးလှုပ်လိုက်ပါ။ ဒါဆိုရင် သီချင်းအသံ အတိုးအ လျှော့ကို ထိန်းချုပ်နိုင်ပါပြီ။ ထီးဆောင်းထားတဲ့အချိန် iPad ကိုတကူးတက ထုတ်ပြီး သီချင်းရွေး တာတွေ၊ ဖွင့်တာတွေ လုပ်စရာမလိုဘဲ အလိုလို ပြီးမြောက်တော့ မှာ ဖြစ်ပါတယ်။

My Day Umbrella

ePaper ဆိုတဲ့ စမတ်စက္ကူ နည်းပညာကို အခြေခံပြီး ဂျပန်ပညာရှင်တစ်ဦးက ဖန်တီးထား တာ ဖြစ်ပါတယ်။ ထီးရဲ့ အတွင်းပိုင်း မျက်နှာပြင်မှာ ကွဲပြားတဲ့ ရှုခင်းပုံရိပ် ခြောက်မျိုးကို ထည့်သွင်းပေးထားတယ်။ ပုံရိပ်တစ်ခုစီနဲ့ ကိုက်ညီတဲ့ သီချင်းတီးလုံးလေး တွေလည်း ပါရှိနေပါတယ်။ ထီးရဲ့ လက်ကိုင်ကို အသာလှည့်လိုက် ရုံနဲ့ ကိုယ့်စိတ်ကြိုက်ပုံနဲ့ သီချင်းကို အလွယ်တကူ ပြောင်းလဲနိုင်မှာ ပါ။ ဒါကြောင့် ပတ်ဝန်းကျင်မှာ မိုးသဲသဲမဲမဲရွာနေပေမယ့် အပေါ်ကိုမော့ကြည့်ရင် နေသာတဲ့ ချစ်စရာနေ့လေးတစ်နေ့ရဲ့ ပုံရိပ်မျိုး ဖြစ်နေဖို့ မခက်တော့ပါဘူး။ လောလောဆယ်တော့ Concept နမူနာအဆင့်မှာ ဆက်လက်တီထွင်နေ ဆဲလို့ဆိုတယ်။ ဒီထီးမှာ ကိုယ့်စိတ်ကြိုက်ပုံတွေပါ ရွေးချယ်ပြီး ထည့်သွင်းထားနိုင်ဖို့လည်း ကြိုးစားနေ တယ်။ 

Bumpbrella

မိုးသဲသဲမဲမဲ ရွာနေချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အ ကောင်းဆုံးကိစ္စတစ်ခုက တခြား သူတွေနဲ့ ထီးချင်းတိုက်မိတဲ့ ကိစ္စပါ။ လူသွားလူလာထူထပ်တဲ့ နေ ရာမျိုးမှာတော့ ဘယ်လိုမှ ရှောင်လွှဲလို့မရပါဘူး။ Bumpbrellaဟာ တခြားထီးတွေရဲ့ ထီးရွက်နဲ့လာတိုက်မိရင် အလိုလိုချော်ထွက်သွားအောင် ဒီဇိုင်းထုတ် ဖန်တီးထားပါတယ်။ ပြီးတော့ လေသွင်းထားတဲ့ ထီးရွက်အသားက လုံးဝဥဿုံကြည်လင်ပြီး အလင်းပေါက်အောင် တည်ဆောက်ထားတဲ့အ တွက် ပတ်ဝန်းကျင်ကိုလည်း ရှင်း ရှင်းလင်းလင်း မြင်နေမှာပါ။ ထီး မှာ တောက်ပလင်းလက်တဲ့ LEDမီးသုံးလုံး ထည့်ပေးထားပြီး မိုး သည်းနေတဲ့ ညပိုင်းမှာတောင် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်း လင်း မြင်နိုင်မှာ ဖြစ်ပါတယ်။ ထီးပိတ်ချင်ရင်လည်း လွယ်လွယ် လေးပါ။ လက်ကိုင်ကို နောက် ဘက် ပြန်ဆွဲလိုက်ရုံပါပဲ။ သူ့အလိုလို လေလျော့ပြီး ချပ်ချပ်ရပ် ရပ်နဲ့ သိမ်းဆည်းထားဖို့ အသင့် ဖြစ်သွားပါလိမ့်မယ်။ 

—Ref: PC Magazine