ငါးသီးစုံစပယ်ရှယ်

ဒီတစ်ပတ်တော့ ပုံမှန်ချက်နေကျမဟုတ်တဲ့ ပုံစံလေးနဲ့ ငါးဟင်းချက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ပထမဦးစွာ ငါးကိုအကြေးထိုး၍ အတုံးလေးများတုံးကာ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ကာနှပ်ထားပါ။

၂။ပါဝင်သော ဟင်းသီးဟင်းရွက်များကို မိမိနှစ်သက်ရာပုံစံလှီး၍ ရေဆေးထားပါ။

၃။ငရုတ်ပုခြောက်ကို ရေစိမ်၍ အစေ့ထုတ်ကာ ကြက်သွန်နီနှင့်ရောပြီး ညက်အောင်ထောင်းပါ။

၎။ဒယ်အိုးထဲတွင် ဆီထည့်၍ ပူလာလျှင် ထောင်းထားသော အနှစ်များ ကိုထည့်၍ ဆီသတ်ပါ။

၅။အနှစ်များ ကြွပ်လာလျှင် နယ်ထားသော ငါးကိုထည့်၍ လုံးပေးပါ။

၆။ငါးအသား ကျစ်လာလျှင် (ရုံးပတီသီးနှင့် ပဲစောင်းလျားသီးမှအပ) ကျန်ဟင်းသီးများထည့်၍ သမအောင်ရောမွှေပေးပါ။

၇။ငါးအသားနူးစေရန် ရေအနည်းငယ်ထည့်၍ တည်ပေးပါ။

၈။အသားနူးလျှင် မန်ကျည်းမှည့်ရေ၊ အရသာမှုန့်၊ ဆား၊ ရုံးပတီသီးနှင့် ပဲစောင်းလျားသီးတို့ကိုထည့်ပါ။

၉။ပွက်ပွက်ဆူလာလျှင် အရသာစိတ်ကြိုက်မြည်း၍ ငရုတ်သီးစိမ်းနှင့် နံနံပင်အုပ်ကာ မီးပိတ်လို့ရပါပြီ။

ပါဝင်ပစ္စည်းများ

ငါးရံ့ (သို့) ငါးကြင်း (သို့) ငါးမြင်း (၃၀)ကျပ်သား

ခရမ်းချဉ်သီး (၂)လုံး

ရုံးပတီသီး(၅)တောင့်

မုန်လာဥဖြူ(၂)လုံး

ငရုတ်သီးစိမ်း(၈)တောင့်

ခရမ်းသီး(၁)လုံး

ပဲစောင်းလျားသီး(၁)စည်း

ကြက်သွန်နီ(၃)လုံး

နံနံပင်အနည်းငယ်

မန်ကျည်းမှည့်ရည်အနည်းငယ်

ငရုတ်ပုခြောက်(၃)ခု

ဆီ(စားပွဲတင်ဇွန်း)၁၀ဇွန်း

 

Ei's Cooking Diary မှ ပံ့ပိုးပူညီပါသည်။

Top News