အားလပ်ရက်မှာလည်ပတ်စရာ

ဓာတ်ပုံ− ရွှေဘုတ်

ဒီတစ်ပတ် အားလပ်ရက်မှာတော့ ဘောလုံးချစ်သူ၊ သူငယ်ချင်းတွေ အချင်းချင်း တွေ့ဆုံလို့  ကောင်းပြီး မြန်မာ့လက်ရွေးစင် ရွှေခေတ်ဘောလုံးသမားတွေရဲ့ အမှတ်တရဓာတ်ပုံတွေ၊ လက်မှတ်တွေကိုတစုတစည်းတည်း လေ့လာခွင့်ရမယ့် နေရာလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

ဒီဆိုင်လေးကတော့ ဘောလုံးချစ်သူတွေအကြိုက် အပြင်အဆင် ဒီဇိုင်းတွေနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်က သုဝဏ္ဏမြက်ခင်းတု ဘောလုံးကွင်းအနီးမှာ စတင်ဖွင့် လှစ်ခဲ့တဲ့ နာမည်ကြီးအဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ Soccer House Cafe ဆိုတဲ့ဆိုင်ပါပဲ။ ဘောလုံးကွင်းနားမှာ ဘောလုံးချစ်သူတွေအတွက် ဖွင့်လှစ်ထားတဲ့ ဆိုင်လေးဖြစ်လို့ အရက်၊ ဘီယာ၊ လုံးဝရောင်းချခြင်း မရှိဘဲ ကော်ဖီ၊ အအေးနဲ့ ပေါ့ပေါ့ပါးပါး စားလို့ရမယ့် စားစရာကောင်းလေးတွေကိုသာ ဦးစားပေးရောင်းချပေးတာ တွေ့ရပါတယ်။

Soccer House Cafe ဆိုတဲ့ နာမည်အတိုင်း ပထမဦးဆုံးဆိုင်ထဲကို ရောက်တာနဲ့ ကြမ်းပြင်လေးက အစ ဘောလုံးကွင်းမြက်ခင်း တုပုံစံခင်းထားပြီး ဆိုင်အတွင်း ပတ်ပတ်လည်မှာတော့ မြန်မာ့လက်ရွေးစင် ရွှေခေတ်ဘောလုံးသမားတွေရဲ့ တွေ့ရခဲတဲ့ ဂိုးသွင်းခဲ့တဲ့ပုံတွေ၊ ဆုယူခဲ့တဲ့ အမှတ်တရ ပုံတွေနဲ့ ကစားသမားတွေရဲ့အမှတ်တရ လက်မှတ်တွေကို စုံစုံလင်လင် တွေ့ရမှာပါ။ ဒီဆိုင်လေးကို ဦးတင်အောင်(ဂိုး)၊ ဦးတင်မြင့်အောင်၊ ဦးမျိုးလှိုင်ဝင်းတို့ အပါအဝင် နာမည်ကြီး လက်ရွေးစင် ဘောလုံးသမားဟောင်းတွေမကြာခဏ လာရောက်လည်ပတ် လေ့ရှိကြပါတယ်။ ဘောလုံးချစ်သူတွေ အတွက်တော့ ဓာတ်ပုံရိုက်လို့ ကောင်းမယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။


နောက်ပိုင်းမှာလည်း ဒီဆိုင်မှာ ဘောလုံးကန်ဖိနပ်တွေ၊ ဘောလုံးအင်္ကျီလေးတွေပါ ရောင်း ချသွားဖို့ရှိတဲ့အတွက် အပြင်မှာ တကူးတကသွားဝယ်ဖို့ မလိုတော့ဘဲ ဘောလုံးလာကစားရင်း ဝင်ရောက်ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ထူးခြားချက်နောက် တစ်ခုကတော့ ဆိုင်အတွင်းကနေ မြက်ခင်းတုကွင်းမှာ လာရောက် လေ့ကျင့်တဲ့ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် ဘောလုံးအ သင်းများရဲ့ လေ့ကျင့်နေပုံတွေ၊ မြက်ခင်းတုကွင်းမှာ ကျင်းပတဲ့ အပျော်တမ်း ဘောလုံးပွဲတွေကို ကော်ဖီလေးသောက်ရင်း အေး အေးဆေးဆေး အားပေးကြည့် ရှုလို့ရနိုင်အောင် ဖန်တီးပေးထား ပါတယ်။ နှစ်ထပ်ပုံစံ တည် ဆောက်ထားတဲ့ ဆိုင်ပုံစံဖြစ်တာ နဲ့အညီ  ဆိုင်အပေါ်ထပ်မှာ တော့ ဘောလုံးကွင်းကို ရှင်းရှင်း လင်းလင်း မြင်ရအောင် မှန်ကာ ရံထားခြင်း မရှိတော့ဘဲ ထီးအကြီးများနဲ့ မိုးလုံလေလုံ ကာရံပေး ထားပါတယ်။ ဒါအပြင် သူငယ်ချင်း မိတ်ဆွေတွေနဲ့ အသေးစားမွေးနေ့ပွဲလေးတစ်ခု ကျင်းပလို့ ရအောင်လည်း ဆိုင်အပေါ်ထပ်က အတန်အသင့် ကျယ်ဝန်းပါ တယ်။

Soccer House Cafe ဆိုင် လေးက စဖွင့်ကတည်းက ကော်ဖီ ကို အဓိက ဦးစားပေးထားတဲ့အ တွက် အရသာကောင်းတဲ့ ကော် ဖီအမျိုးအစား တော်တော်များများ ကို မြည်းစမ်းခွင့်ရပါလိမ့်မယ်။ မ နက်ခင်း လေ့ကျင့်ခန်းလာလုပ်တဲ့ အားကစားသမားတွေ အတွက် လည်း ရာသီပေါ်အသီးဖျော်ရည် တွေအပြင် မနက်ခင်းစားစရာတွေ ကိုလည်း အစုံအလင်ရရှိနိုင်ပါ တယ်။ ရန်ကုန်က ဆိုင်တိုင်းမှာ မရနိုင်တဲ့ မန္တလေးနန်းကြီးသုပ်က တော့ ဆိုင်ရဲ့နာမည်ကြီး စားစရာ တစ်ခုပါပဲ။

ကော်ဖီ အမျိုးအစား မျိုးစုံ ထဲကနေ ကာပူချီနိုနဲ့အသီးနဲ့ တွဲ ဖက်ဖျော်စပ်တဲ့ လက်တေးက တော့ ဒီဆိုင်ရောက်ရင် အရင်ဆုံး   မြည်းစမ်းကြည့်သင့်တဲ့ထဲ ပါပါ တယ်။ ကော်ဖီနဲ့ တွဲဖက်စားသုံးဖို့ ဆန်းဒဝစ်ခ်ျနဲ့ ပေါင်မုန့်မီးကင်စ တဲ့ ပေါ့ပေါ့ပါးပါး စားစရာတွေ လည်း ရနိုင်ပါတယ်။ ဒီဆိုင်မှာ ရောင်းချတဲ့  ကော်ဖီ၊ အအေးနဲ့ အစားအသောက် ဈေးနှုန်းက လည်း အရမ်းမများဘဲ ကျပ် ၁,၀၀၀ မှ ကျပ် ၄,၀၀၀ ခန့်အထိ သာ ရှိပါတယ်။

ပြီးတော့ ဒီဆိုင်လေးက မ နက်ခင်း ၆ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်တဲ့အတွက်ညခင်း အဆာပြေ စားတတ်တဲ့သူတွေအ တွက်  ပူပူနွေးနွေးစားလို့ရတဲ့ ည ပိုင်းမုန့်ဟင်းခါးကလည်း စားချင် စဖွယ် ကောင်းလောက်အောင် ဆွဲဆောင်နေပါတယ်။

မိုးအေးအေးလေးမှာ ကော် ဖီကောင်းကောင်းလေးသောက် ပြီး ကားတွေကျပ်ပိတ်နေတဲ့ မြင် ကွင်းတွေနဲ့ ဝေးရာမျက်စိအေး စေတဲ့ မြက်ခင်းစိမ်းစိမ်းလေးတွေ ကြည့်ချင်လို့ပဲဖြစ်ဖြစ်၊ မြက်ခင်း တုကွင်းမှာ ယှဉ်ပြိုင်တဲ့ဘောလုံးပွဲ ကို ဇိမ်ကျကျ အားပေးချင်လို့ပဲ ဖြစ် ဖြစ် ဝေဇယန္တာလမ်းမကြီးဘေး သုဝဏ္ဏဘောလုံးကွင်းရှေ့ မြက် ခင်းတု ဘောလုံးကွင်းအနီးမှာ ဖွင့်လှစ်ထားတဲ့ Soccer House Cafe ဆိုင်ကို သွားရောက်ဖို့ လမ်းညွှန်ချင်ပါတယ်။         ။

Top News