အကြမ်းဖက်ခံ ရခိုင်ဒေသအတွက် အနုပညာရှင်များ စုပေါင်းလှူဒါန်း

 အနုပညာရှင်များ ပါဝင် ဖွဲ့စည်းထားသည့် မေတ္တာသင်္ဂဟ အဖွဲ့က အကြမ်းဖက်မှုများကြုံ နေရသည့် ရခိုင်ဒေသအတွက် စက်တင်ဘာ ၁ ရက်တွင် အလို တော်ပြည့်ဆရာတော်မှတစ်ဆင့် လှူဒါန်းခဲ့သည်။

‘‘ရခိုင်မှာ ရှိတဲ့အပြစ်မဲ့ပြည် သူတွေကို ကိုယ်ချင်းစာနာပြီး လှူ တာရယ်၊ အသက်ဘေးကာကွယ် နေတဲ့ တပ်မတော်သားတွေ၊ ရဲ တပ်ဖွဲ့ဝင်တွေအတွက် လေးစား တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး မေတ္တာသင်္ဂဟပေါင်းပြီး လှူဒါန်း တာပါ’’ဟု မေတ္တာသင်္ဂဟအဖွဲ့မှ သရုပ်ဆောင်ခန့်စည်သူက ပြော သည်။

ယခုတစ်ကြိမ်တွင် သိန်းကိုးဆယ်လှူဒါန်းပြီး ၎င်းတို့အဖွဲ့အ နေဖြင့် အကြိမ်(၆၀) မြောက် လှူဒါန်းခြင်းဖြစ်သည်။ အလိုတော် ပြည့် ဆရာတော်ကြီးသည် ရခိုင်ဒေသအတွက် စိတ်ရောကိုယ်ပါ ကူညီပံ့ပိုးမှု ပေးနေသောကြောင့် ဆရာတော်ကြီးမှတစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ခန့်စည် သူက ဆိုသည်။

အလိုတော်ပြည့် ဆရာတော် သည်     လက်ရှိအကြမ်းဖက်မှု များဖြစ်ပွားနေသည့် ဘူးသီး တောင်၊ မောင်တောဒေသအထိ သွားရောက်လှူဒါန်းမည်ဖြစ်ပြီး ရခိုင်ဒေသသို့ စက်တင်ဘာ ၁ ရက် ညနေတွင် လေကြောင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း မိန့် ကြားသည်။

‘‘အကြမ်းဖက်တဲ့ ကိစ္စမှန်သ မျှကို အကုန်ဆန့်ကျင်ပါတယ်။ ရှုတ်ချပါတယ်။ ဒါမျိုးက လုံးဝမရှိ သင့်ပါဘူး။ ပိုဆိုးတာက ကိုယ့် မြေကိုယ့်ရေပေါ်မှာ ကိုယ့်လူမျိုး တွေကို သတ်ဖြတ်တယ်။ မောင်း ထုတ်တယ်။ ဒါကလုံးဝလက်မခံ နိုင်တဲ့ အရာတစ်ခုပါ’’ဟု ရခိုင် အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ် သက်၍ ခန့်စည်သူက ပြောသည်။

မေတ္တာသင်္ဂဟအဖွဲ့ဝင်များ အနေဖြင့် အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားသည့် ဒေသအထိသွား ရောက်၍ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ရန် အစီအစဉ်ရှိသော် လည်း လက်ရှိအချိန်တွင် သွား ရောက်နိုင်ဦးမည်မဟုတ်ကြောင်း  ယင်းအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ထွန်းအိန္ဒြာဗိုက ပြောသည်။

‘‘မငြိမ်းချမ်းဘဲနဲ့တော့ သွား ဖို့မလွယ်ဘူး။ အခုက လေယာဉ် ပျံကိုတောင် ဆင်းခါနီးမှာ ဂျင်ကလိနဲ့ ပစ်တာဆိုတော့ လောလောလတ်လတ်တို့ သွားဖြစ်မှာ မဟုတ်ဘူး’’ ဟု ၎င်းကပြောသည်။

လတ်တလောတွင်  အဆိုပါ ဒေသခံများအတွက် ၎င်းတို့အ နေဖြင့် ဆုတောင်းပေးရုံသာ တတ် နိုင်ပြီး အလှူငွေလှူဒါန်းရသည့် အပေါ် စိတ်ကြည်နူးရသည်ထက် စိတ်မကောင်းဖြစ်သည့် စိတ်ကပို များကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်မတစ်ကိုယ်တည်း အ တွေးကတော့ အခွင့်အရေးရတုန်း အပြီးအပြတ် ရှင်းစေချင်တယ်။ ဒါပေမဲ့ တခြားကျွန်မတို့ မမြင်နိုင် တဲ့ အခက်အခဲတွေ ဘာရှိလဲဆို တာတော့ ဉာဏ်မမီဘူး။ အခုအ သက်တွေလည်း အများကြီးပေး ထားရပြီဆိုတော့ တစ်ခါတည်းအ ပြတ်ရှင်းထုတ်လိုက်ဖို့ ကောင်း တယ်လို့ မြင်ပါတယ်’’ဟု ရခိုင်အ ကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက် ၍ ၎င်း၏အမြင်ကို ထွန်းအိန္ဒြာဗို က ပြောသည်။

မောင်တောဒေသတွင် သြဂုတ် ၂၅ မှ ၂၉ ရက်အထိ ARSA အစွန်းရောက်အကြမ်းဖက်သမား များ၏ အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် တပ်မတော်သားတစ် ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းတစ်ဦး စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့သည့်အပြင် အရပ်သား သေဆုံးမှု ၂၀ ကျော်ရှိပြီ ဖြစ်သည်။

Top News