နည်းပညာ

အာရှ-ပစိဖိတ်ဒေသတွင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ဈေးကွက်ဖွံ့ဖြိုးရေး ထိုင်းနိုင်ငံ၌ ညီလာခံကျင်းပ
အွန်လိုင်းဒစ်ဂျစ်တယ်ဝန်ဆောင်မှု ဈေးကွက်ဖွံ့ဖြိုးရေးညီလာခံ ထိုင်းနိုင်ငံ၌ ကျင်းပနေစဉ် (ဓာတ်ပုံ − နိုင်လင်းအောင်)

 မြန်မာနိုင်ငံအပါ အ၀င် အာရှ-ပစိဖိတ်ဒေသအတွင်း မိုဘိုင်းဖုန်းသုံးစွဲမှု မြင့်မားလာခြင်းကြောင့် အွန်လိုင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ဈေးကွက်ဖွံ့ဖြိုးရေး  ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ညီလာခံတစ်ခု ကျင်းပခဲ့ သည်။


ညီလာခံကို တရုတ်အခြေ စိုက်နည်းပညာကုမ္ပဏီ ဟွာဝေး က ထိုင်းနိုင်ငံရှိ အမျိုးသားဆက် သွယ်ရေးကော်မရှင် NBTC နှင့် ပူးပေါင်းကာ သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက်တွင် ပြုလုပ်ခဲ့သည်။

‘‘အာရှ-ပစိဖိတ်ဒေသတွင်း မှာ အံ့သြဖွယ်ကောင်းတဲ့ တိုး တက်မှုတွေ ကြုံတွေ့နေရပါ တယ်။ ကျွန်တော်တို့အနေနဲ့ ဒီ ဒေသတွင်းက ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ လက်တွဲဖော်လုပ်ငန်းတွေကို အကောင်းဆုံး တီထွင်ဖန်တီးမှုတွေ၊ ယှဉ်ပြိုင်နိုင် စွမ်းရှိတဲ့ ICT နည်းပညာတွေ ထုတ်ကုန်တွေကို အပြည့်အ၀ရရှိ အောင် ကူညီထောက်ပံ့ပေးသွား မယ့်အပြင် ထွန်းသစ်စပြုလာတဲ့ ဈေးကွက်ကို ဖွံ့ဖြိုးလာအောင် အတူတကွပူးပေါင်းဆောင်ရွက် သွားမှာ ဖြစ်ပါတယ်’’ဟု ဟွာဝေး  စီးပွားရေးကွန်ရက်ဆိုင်ရာလုပ်ငန်းစု ဒုဥက္ကဋ္ဌ Mr.Zhou Jianjun က ပြောသည်။

ယင်းညီလာခံတွင် မြန်မာ နိုင်ငံမှ နိုင်ငံပိုင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် အမ်ပီတီ အပါအ၀င် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ ဆက်သွယ်ရေးအော်ပ ရေတာများ၊ ဟွာဝေးနှင့် လက်တွဲ ဖော် နည်းပညာကုမ္ပဏီပေါင်း နှစ်ရာကျော် တက်ရောက်ပြီးမိုဘိုင်းဖုန်းနှင့် အင်တာနက်သုံးစွဲမှုမှ တစ်ဆင့်ဖွံ့ဖြိုးလာသည့် ဒစ်ဂျစ်တယ် ၀န်ဆောင်မှုများအ ကြောင်းကိုအဓိကထား ဆွေးနွေးခဲ့သည်။

‘‘ဒီပွဲနဲ့ပတ်သက်ပြီး တော် တော်လေးဗဟုသုတရပါတယ်။ ဥပမာ အွန်လိုင်းပေါ် ဗီဒီယိုရုပ်သံ ဇာတ်လမ်းတွေကို ကြည့်နိုင် အောင် ကိစ္စတွေမိုဘိုင်းငွေပေး ချေဝန်ဆောင်မှုကိစ္စတွေ မိုဘိုင်း Broadband ၀န်ဆောင်မှုနဲ့ ပတ် သက်တဲ့ကိစ္စတွေ၊ ဖိုက်ဘာနဲ့ပတ် သက်တဲ့ ၀န်ဆောင်မှုသစ်တွေ အကြောင်း ဆွေးနွေးခဲ့ကြပါ တယ်။ ကျွန်တော်တို့ အော်ပရေ တာတွေနဲ့လည်း ၀န်ဆောင်မှုတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေး နွေးထားပါတယ်’’ဟု အမ်ပီတီ မှ ဒုတိယ စီးပွာရေးအရာရှိချုပ် ဦးသိန်းဟုတ်က ပြောကြားခဲ့ သည်။

အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများ၌ ဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၌ Myanmar Digital Economy ၊ တရုတ်နိုင်ငံတွင် Internet Plus ၊ ထိုင်းနိုင်ငံတွင် Digital Thailand ဟူ၍ ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိ သည်။

အလားတူ မလေးရှားနိုင်ငံ တွင် Smart Digital Malaysia,အိန္ဒိယနိုင်ငံတွင် Digital India အင်ဒိုနီးရှားနိုင်ငံတွင် Indonesia Broadband Plan ၊ ဖိလစ်ပိုင် တွင် Philippine NBN ၊ ဗီယက်နမ်တွင် Vietnam Industry 4.0Promotion နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် Digital Bangladesh အမည်ဖြင့် ဆောင်ရွက်နေသည်။