ပန်းချီအနုပညာများ ဖန်တီးနိုင်မည့် အနုပညာစံအိမ်ကို သန်လျင်မြို့တွင် ဖွင့်လှစ်ထား

The Art Garden တွင် ပြသထားသော ပန်းချီကားအချို့ (ဓာတ်ပုံ − ခင်ရူပါမော်)

 မြန်မာနိုင်ငံတွင် ပထမ ဆုံးပြုလုပ်ထားသည့် အနုပညာ စံအိမ် (Artist Residency) ကို သန်လျင်မြို့ ကျောက်တန်းမြို့ နယ် ကျိုက်ကမော့ကျေးရွာရှိ TheArt Garden ၌ ဖွင့်လှစ်ထားသည်။

‘‘၂၀၀၈ လောက်မှာ ကိုယ် ကိုယ်တိုင်လည်း မလေးရှားမှာ Artist Residency အဖြစ် နေခဲ့ဖူး ပါတယ်။ ပန်းချီဆရာတွေ အနု ပညာဖန်တီးတဲ့ နေရာလေးကို သဘောကျတယ်။ ဒီမှာလည်း အဲဒီလိုနေရာမျိုးလေးတစ်ခုရှိရင် ကောင်းမှာပဲလို့ တွေးမိပြီး လုပ် ဖြစ်တာပါ’’ဟု The Art Garden တည်ထောင်သူ ကိုခင်ဇော်လတ် က ပြောသည်။

အဆိုပါနေရာသည် မြေ လေးဧကကျယ်ဝန်းပြီး ပန်းချီ ဆရာများအတွက် ကင်းဗတ်စ၊ ပန်းချီဆေး၊ စားသောက်နေထိုင် စရိတ်များကိုပါ စီစဉ်ပေးထား သည့်နေရာဖြစ်သည်။

‘‘နယ်မှာနေတဲ့ ပန်းချီဆရာ တို့ ရန်ကုန်မှာ ရပ်တည်ဖို့ ခက် တယ်လေ။ နေဖို့စရိတ်တွေ၊ နေ ဖို့ရရင်လည်း တခြားအလုပ်အ ကိုင်တွေနဲ့ ဒီအပေါ်ကို အာရုံ မစိုက်နိုင်တာနဲ့ သေချာအာရုံ မစိုက်နိုင်တာတွေရှိတယ်။ Resi-dency မှာကျတော့ ပန်းချီကား တွေပဲ ဖန်တီးနေရတာ’’ဟု ကိုခင် ဇော်လတ်က ပြောသည်။

ပထမဆုံး Residency တွင် သုံးလကြာနေထိုင်ခဲ့သည့် ပန်းချီ ဆရာများသည် ဦးအောင်မော်၊ မင်းဇော်အောင်၊ ဇော်ဇော်ကိုနှင့် စောစတေးဖတို့ဖြစ်သည်။

‘‘ဒီမှာ ပြည့်ပြည့်စုံစုံပေးထား တယ်။ အိမ်မှာနေသလို တခြား ကိစ္စတွေ စဉ်းစားစရာမလိုဘူး။ ပန်းချီကားတွေ အများကြီးဖန်တီး ဖြစ်တာပေါ့’’ဟု ပန်းချီဆရာစော စတေးဖက ပြောသည်။

အဆိုပါနေရာတွင် သုံးလ ကြာ နေထိုင်ပြီး အနုပညာဖန်တီး ခဲ့သည့် ပန်းချီဆရာလေးဦး၏ လက်ရာများကို ဗိုလ်အောင်ကျော် ပန်းချီပြခန်းတွင် စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိ ပြသနေသည်။ပြပွဲတွင် ၎င်းတို့၏ လက်ရာပန်းချီ ကား ၄၀ ကို ကြည့်ရှုခံစားနိုင်ပြီး တန်ဖိုး ဒေါ်လာ ၆၀၀ မှ ၇၀၀ ဖြစ်သည်။

More in News Section