ပရိသတ်ကြောင့် မြန်မာပြည်ကို အပြီးပြန်လာဖို့ စဉ်းစားနေတဲ့ Mary

ဓာတ်ပုံ-စိုင်းဇော်

အားပေးသည့် ပရိသတ် များကြောင့် မြန်မာနိုင်ငံသို့ အပြီးပြန်လာရန် စဉ်းစားနေကြောင်း ဂျပန်ရောက်အဆိုတော် Mary ကပရိသတ်များအား ပြောသည်။


‘‘Mary ကို  တကူးတကကြီး အဝေးကနေ  လာအားပေးတဲ့အ တွက်    အရမ်းကျေးဇူးတင်ပါ တယ်။ Mary Fan တွေကြောင့်ပဲ နောက်နှစ်ထဲမှာ  မြန်မာနိုင်ငံကို အပြီးပြန်လာဖို့   စဉ်းစားထားပါ တယ်’’ဟု သူကဆိုသည်။

Mary နှင့် သူ၏ပရိသတ် များတွေ့ဆုံပွဲကို စက်တင်ဘာ ၂ ရက်က  ရန်ကုန်မြို့ရှိ  Royal Green River Prince အပျော်စီး သင်္ဘောပေါ်၌ ကျင်းပပြီး ရန်ကုန်ပရိသတ်အပြင် မန္တလေးမှပရိ သတ်များလည်း လာရောက်ခဲ့ သည်။ ဖိတ်ကြားခြင်းခံရသော ပရိသတ်အယောက်၁၀၀ကို ရွေးချယ်ရာတွင်  Mary အသုံးပြုသည့်Page ၌ ၄င်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို  တင်ကာမေးမြန်းထားသော မေးခွန်းထဲမှ အနီးစပ်ဆုံးမှန်အောင် ဖြေဆိုနိုင်သူများကိုရွေးချယ်ခြင်းဖြစ်သည်။

ပရိသတ်များနှင့်   တွေ့ဆုံပွဲ ၌ သီချင်းဆိုခြင်းအပြင်    ဂိမ်းက စားပြီး အနိုင်ရသူများကို Mary ၏အလှဓာတ်ပုံများ    အမှတ်တရ လက်ဆောင်ပေးခြင်းအစီအစဉ် များဖြင့်    ပျော်ရွှင်စွာ ကျင်းပခဲ့ သည်။

‘‘အမှန်တကယ်တော့ အား လုံးနဲ့တွေ့ချင်ပါတယ်။ မတွေ့နိုင် တဲ့သူတွေကိုလည်း တကယ်စိတ် မကောင်းပါဘူးရှင့်’’ဟု Mary က ဆိုသည်။

နေရာအခက်အခဲအပြင် ရုတ်တရက်စီစဉ်ရခြင်းကြောင့် သင်္ဘောပေါ်၌ ပရိသတ်တစ်ရာ ဖြင့်သာ လုပ်ဖြစ်ခဲ့ကြောင်း Mary က ပြောသည်။

သြဂုတ် ၂၈ ရက်က 3am ဟု အမည်ပေးထားသည့် သီချင်း ကို အွန်လိုင်းမှတင်ပေးမည်ဟု ပရိသတ်များအား အသိပေးထား သော်လည်း ယခုထိမတင်ရသေး သဖြင့် စောင့်ပေးကြပါဟု Mary က ဆိုသည်။

‘‘တကယ်တော့ 3AM သီချင်းက Mary အမေမွေးနေ့ သြဂုတ် ၂၈ ရက်မှာ အမှတ်တရလက် ဆောင်အဖြစ်ပေးမယ်ဆိုပြီး တင် ဖို့ လုပ်ခဲ့တာပါ။ ဒါပေမဲ့ i_tune ကိုတင်ရင် Approval(ခွင့်ပြု ချက်) လိုတယ်ပေါ့နော်။ အဲဒီမှာ နည်းနည်းလေးအချိန်ကြာသွား တယ်။  ၂၈ ရက်နေ့မမီလိုက်ဘူး’’ ဟု  Mary က ပြောသည်။

3AM သီချင်းသည် အသည်း ကွဲနေသည့် ကောင်မလေးတစ် ယောက်အကြောင်းကို ရေးစပ် ထားပြီး အိပ်မရသည့်ည၌ မနက် သုံးနာရီတွင် ထရေးထားသည့် သီချင်းဖြစ်သောကြောင့် 3AM ဟု ပေးထားခြင်း ဖြစ်သည်။

‘‘Accident သီချင်းလေးက တော့ နောက်လထဲမှာထွက်ဖို့ ရှိ တယ်။ Mary နဲ့ ကိုကျားပေါက် တွဲဆိုထားတာပါ။ ဒီတစ်ခေါက် အွန်လိုင်းကနေလည်း တင်မယ်။ MRTV 4 နဲ့လည်း  ချိတ်ထားပါ တယ်’’ဟု ဆိုသည်။ 

၎င်းတစ်ဦးတည်းသီဆို ထားသော 3AM သီချင်း၊ အဆိုတော်ကျားပေါက်နှင့် နှစ်ယောက် တွဲသီဆိုထားသည့် Accident ဟု အမည်ရှိသော သီချင်းနှစ်ပုဒ် ကို မြန်မာနိုင်ငံသို့ တစ်လကျော် ကြာ အလည်အပတ်ရောက်ရှိ လာချိန်၌ ဖန်တီးဖြစ်ခဲ့သည်။

‘‘ဒီကြားထဲမှာ Mary အခု ရန်ကုန်ပြန်လာတဲ့အချိန်မှာ လုပ်ထားတဲ့ သီချင်းနှစ်ပုဒ်ထွက်ဖို့ ရှိ မယ်။ ကြားထဲမှာတော့ Mary ဂျပန်နိုင်ငံသို့ ပြန်ပြီး ကျောင်းပြန်တက်ရမယ်ဆိုတော့ ပရိသတ်နဲ့နည်းနည်းအဆက်အသွယ်ပြတ် သွားဖို့ရှိတယ်။ ကြားထဲမှာ နည်းနည်းပါ။ အမြဲအားပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်’’ဟု Mary က ပြောသည်။ Mary သည်သြဂုတ် ၄ ရက်က ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး  စက်တင်ဘာ ၇ ရက်တွင် ဂျပန်သို့   ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

၎င်းသည် ၀ဲနှင့် Mask သီချင်းနှစ်ပုဒ်ဖြင့် ပရိသတ်အား ပေးမှုရရှိထားသူ ဖြစ်သည်။

Mary သည် ရန်ကုန်တွင်း ပဉ္စမတန်းအောင်ပြီးနောက် ဂျပန်နိုင်ငံသို့ ထွက်သွားကာ အလယ် တန်း၊ အထက်တန်းနှင့် ယခု လက်ရှိ ဂျပန်နိုင်ငံ Aoyama Gakuin တက္ကသိုလ်၌ နောက်ဆုံး နှစ်ကို Economy and Policy  အဓိကဖြင့် တက်ရောက်နေသည်။