နှစ်စဉ် ကမ်းပြိုမှုများ ကြုံတွေ့နေသည့် ရန္တပိုရွာတွင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

မြင်းခြံမြို့နယ်ဆီမီးခုံကျေးရွာတွင် ယမန်နှစ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ−ဦးတိုးအောင်လင်း)

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဧရာဝတီမြစ်ဘေးရှိ နှစ်စဉ်ကမ်းပြိုမှုဖြစ်ပွားနေသော ရန္တပိုကျေးရွာတွင် လာမည့်ဘဏ္ဍာ နှစ်ကစတင်၍ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက် လုပ်ရေးဝန်ကြီးဦးဇာနည်အောင် ကပြောသည်။

ရန္တပိုရွာ ကမ်းပြိုကာကွယ် ရေးလုပ်ငန်းအတွက် ကျပ်သန်း ၃၈၀ ကျော် ကုန်ကျနိုင်ပြီး လာ မည့်နှစ်တွင် ဘဏ္ဍာငွေရရှိမှုအ ပေါ် မူတည်ကာ ဆောင်ရွက်မည် ဟု ၎င်းကပြောသည်။

စက်တင်ဘာ ၁ ရက်က ပြု လုပ်သော မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မြင်းခြံမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်အေးက ရန္တပိုကျေးရွာကမ်း ပါးပြိုမှုများနှင့် ပတ်သက်၍ ကာ ကွယ်ထိန်းသိမ်းရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဝန်ကြီးက အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခဲ့သည်။

ဧရာဝတီမြစ်အရှေ့ဘက် ကမ်းရှိ အဆိုပါရွာသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပေ ၄၀၀ ကျော် မြစ်ရေတိုက်စားခံခဲ့ရသည်ဟု ဦး ခင်မောင်အေးက ပြောသည်။ ရိုး ရာအိုးလုပ်ငန်းများ လုပ်ကိုင်ကာ နိုင်ငံခြားခရီးသွားများ လာရောက် ပြီး နှစ်စဉ်ကမ်းပြိုမှုများကြောင့် ယခင်က ရွာအလယ်ရှိ ဘုရား သည် လက်ရှိတွင် မြစ်ကမ်းဘေးသို့ ရောက်ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ဒီရွာကလက်မှုလုပ်ငန်း တွေလုပ်တယ်။ နိုင်ငံခြားခရီးသွား တွေလည်း အဝင်အထွက်တွေရှိ တော့ ကမ်းပြိုကာကွယ်ရေး လုပ် ငန်းလုပ်ဖို့ လိုတာပေါ့။ နောက်ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပြေ ငြိမ်းရေး စာချုပ်ချုပ်တဲ့ အထိမ်း အမှတ် ကျောက်စာတိုင်တွေ လည်းရှိတယ်’’ ဟု ဦးခင်မောင် အေးကဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် မန္တလေး တိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ တံတားဦးမြို့ နယ်၊ ငါန်းဇွန်းမြို့နယ်၊ ညောင်ဦး မြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်း ရှိ ကမ်းပြိုနေသော ကျေးရွာများ ကို ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

More in Regional Section