Myanmar Ladies အမည်ရှိ ပန်းချီပြပွဲ ငါးရက်ကြာပြသ

ပြပွဲတွင် ပြသထားသော ယနေ့ခေတ်မိန်းကလေးများ ပုံရိပ်ပန်းချီကားအချို့ (ဓာတ်ပုံ − ခင်ရူပါမော်)

၂၁ ရာစု မိန်းမပျိုများ၏ ပုံများ အဓိကပြသထားသည့် Myanmar Ladies (အပျိုမများ) အမည်ရှိ ပြပွဲကို စက်တင်ဘာ ၃ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ 43 Art Gallery တွင် ငါးရက်ကြာ ပြသနေသည်။

ပြပွဲတွင် ပန်းချီညီညီ အလိမ္မာက ယနေ့ခေတ် မိန်းကလေးများ၏ ပုံရိပ်ကို အဓိကရေးဆွဲ ပြသထားသည်။

‘‘ဒီနေ့ခေတ် မိန်းကလေး တွေရဲ့ ကျောင်းသွား၊ ကျောင်း ပြန်၊ ရုံးသွား၊ ရုံးပြန်ပုံရိပ်တွေကို အဓိကခံစားပြီး ရေးဆွဲထားတာ ပါ’’ဟု ပန်းချီညီညီအလိမ္မာက ပြောသည်။

ပြပွဲတွင် ဆီဆေးဖြင့် ရေးဆွဲ ထားသော ပန်းချီကား ၄၂ ကား ပြသထားပြီး တစ်ကားလျှင် ကျပ် သုံးသိန်းဖြစ်သည်။

‘‘ခေတ်တစ်ခေတ်ရဲ့ ပုံရိပ် ကို ထင်ဟပ်စေချင်လို့၊ ဒီခေတ် လူငယ်တွေရဲ့ သွားလာလှုပ်ရှား မှု၊ ဝတ်စားဆင်ယင်မှုတွေ၊ နေ့စဉ်ဘဝဖြတ်သန်းမှုကို မှတ်မှတ်ရရလေးဖြစ်အောင်ရေးဖြစ်တာ ပါ’’ဟု ပန်းချီညီညီအလိမ္မာကပြောသည်။ Myanmar Ladies (အပျို မများ) ပြပွဲသည် ပန်းချီညီညီ အလိမ္မာ၏ ပထမဆုံး တစ်ကိုယ် တော်ပြပွဲဖြစ်သည်။

More in News Section