ပုဂံမနူဟာဘုရားပွဲ၏ အရုပ်သွန်းပွဲတွင် ခေတ်ပေါ် တေးဂီတများ ထည့်သွင်းခွင့်မပြုဘဲ ရိုးရာတူရိယာများဖြင့်သာ ကျင်းပ

စက်တင်ဘာ၎ရက်တစ်ရက်သာကျင်းပသည့် အရုပ်သွန်းပွဲသို့ လာရောက်သူများ (ဓာတ်ပုံ−စည်သူလင်း)

ပုဂံမနူဟာဘုရားပွဲ တော်၏ အရုပ်သွန်းပွဲတွင် ယခုနှစ်ကစတင်ကာ ခေတ်ပေါ်တေးဂီတ များ ထည့်သွင်းခွင့်မပြုဘဲ မြန်မာ့ ရိုးရာတူရိယာများဖြင့် ကျင်းပခဲ့ ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးစိုးမြင့်ကပြောသည်။

ပုဂံမနူဟာဘုရားပွဲတော်ကို တော်သလင်းလဆန်း ၁၄ ရက် (စက်တင်ဘာ ၄ ရက်) မှ လပြည့် ကျော် ၁ ရက် (စက်တင်ဘာ ၆ ရက်) အထိ သုံးရက်ကြာ ကျင်းပ မည်ဖြစ်သည်။ ရိုးရာအရုပ်သွန်းပွဲ တော်ကို စက်တင်ဘာ ၄ ရက် တစ် ရက်တည်းသာ ကျင်းပခြင်းဖြစ်ပြီး ကျန်ရက်များတွင် ဇာတ်ပွဲများ၊ ဆွမ်းသပိတ် လောင်းလှူခြင်းများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

ယခင်နှစ်များက အရုပ်သွန်း ပွဲတွင် အရုပ်များဖြင့် လှည့်လည် ကပြဖျော်ဖြေရာ၌ ဆောင်း ဘောက်စ်များဖြင့် ခေတ်ပေါ်တေး ဂီတများ ဖွင့်ကာကျင်းပခဲ့ပြီး ယခု နှစ်တွင် ရိုးရာ အိုးစည်၊ ဒိုးပတ် စသည့် မြန်မာ့တူရိယာများဖြင့် ကပြဖျော်ဖြေရန် ဆောင်ရွက်ခဲ့ ကြောင်း ဦးစိုးမြင့်က ပြောသည်။

‘‘အရုပ်သွန်းလှည့်လည်တဲ့ အချိန်ဆိုရင် ကားတွေပေါ် ဓာတ် စက်တွေနဲ့ ရှေ့နဲ့နောက်ဖွင့်တော့ ဘာမှ နားထောင်လို့မရဘူး။ လူ ငယ်တွေကလည်း အပျော်လွန် တော့ ထိန်းမနိုင်ဘူး။ ဒါကြောင့် ဘုန်းကြီးတွေရော၊ ရပ်မိ ရပ်ဖ တွေရော၊ လူငယ်ခေါင်းဆောင် တွေရော အားလုံးညှိနှိုင်းပြီး ပိတ် လိုက်တာ။ ဟိုအရင်တုန်းက အိုးစည်၊ ဒိုးပတ်၊ ပတ်မကြီးတွေနဲ့ လှည့်လည်တဲ့ရိုးရာပွဲဗျ။ ရိုးရာ ယဉ်ကျေးမှုကို ပြန်လည်ဖော် ဆောင်တာပေါ့’’ ဟု ၎င်းကဆို သည်။

မနူဟာဘုရားပွဲတော်၏ အ ရုပ်သွန်းပွဲကို မြင်းကပါကျေးရွာရှိ ရပ်ကွက် ခြောက်ခုနှင့် ဘုန်းကြီး ကျောင်း ၁၄ ကျောင်းက လူဝင် ကရသည့် အရုပ်များ သွန်းလုပ် ကာ ကျေးရွာအတွင်း သံချပ်များ ဖြင့် လှည့်လည်ကပြဖျော်ဖြေပြီး ဘုရားအနီးသို့ လာရောက်ယှဉ် ပြိုင်ကပြကြသည်။ ယခုနှစ် အရုပ်သွန်းပွဲတွင် လှည့်လည်ဖျော်ဖြေ သည့် အဖွဲ့ ၁၇ ဖွဲ့ရှိသည်။

ပုဂံမြို့မြင်ကပါအရပ်ရှိ မနူ ဟာဘုရားကို မနူဟာမင်းက မြန် မာသက္ကရာဇ် ၄၂၉ ခုနှစ် (ခရစ်နှစ်၁၀၆၇) တွင် ထည်ထားခဲ့ခြင်းဖြစ် သည်။

Top News