သတင်းသမား သုံးဦးအမှု အပြီးသတ်အမိန့်မချသေးဘဲ ရုံးချိန်းထပ်မံခေါ်ယူ

မတရားအသင်းအက် ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် တရားစွဲဆိုခံရသည့် သတင်း သမားများကိုတပ်မတော်က အမှု ရုပ်သိမ်း ကျေအေးထားပြီး ဖြစ် သော်လည်း သီပေါတရားရုံးက အပြီးသတ် လွှတ်မိန့်မချသေးဘဲ လာမည့် စက်တင်ဘာ ၁၅ ရက် တွင် ထပ်မံ ရုံးချိန်းခေါ်ယူထား သည်။

လုပ်ထုံးလုပ်နည်းအရ ခရိုင် ဥပဒေအရာရှိနှင့် ရဲတပ်ဖွဲ့၏ သ ဘောထားမှတ်ချက် မရရှိသေး သဖြင့်အမှုကို အပြီးသတ်လွှတ် မိန့်မချသေးဘဲ ရုံးချိန်းထပ်မံ ခေါ်ယူရန် မြို့နယ် ဥပဒေအရာ ရှိက တရားရုံးသို့ လျှောက်ထားခဲ့ ကြောင်း စွပ်စွဲခံရသူများ၏ အကျိုး ဆောင် ရှေ့နေ ဦးဝင်းမြင့်အောင် က ပြောသည်။


 ‘‘နောက်ရုံးချိန်းမှာတော့ အားလုံးပြီးပြတ်မယ်  ထင်ပါ တယ်’’ ဟု  တရားလွှတ်တော်ရှေ့ နေ ဦးဝင်းမြင့်အောင်က ပြော သည်။

          ဒီဗီဘီသတင်းဌာန သတင်း ထောက်နှစ်ဦး၊ ဧရာဝတီသတင်း ဌာန သတင်းထောက်တစ်ဦး၊ ကားဆရာနှစ်ဦးနှင့် တီးဝိုင်းဆရာ တစ်ဦးတို့ကို တအာင်း (ပလောင်)လက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ဆက်သွယ်သည်ဆိုကာ ပြီးခဲ့ သည့် ဇွန် လ၂၆ ရက်တွင် တပ် မတော်က ဖမ်းဆီးခဲ့သည်။ သ တင်းထောက်သုံးဦး အပါအဝင် ၎င်းတို့ ခြောက်ဦးကို  မတရားအ သင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှု ဖွင့်ခဲ့ပြီး ကားဆရာနှစ်ဦးကို လိုင်စင်မဲ့ကားအသုံးပြုမှု ဖြင့် ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် ထပ်မံ အမှုဖွင့်ခဲ့သည်။ ထို့ နောက် အာမခံမပေးဘဲသီပေါ အကျဉ်းထောင်တွင် ချုပ်နှောင် ထားပြီး နှစ်လကျော်အကြာ စက်တင်ဘာ ၁ ရက်၌တပ်မတော် က အမှုကို ပြန်လည်ရုပ်သိမ်းခဲ့ သည်။

 စက်တင်ဘာ ၁ ရက်တွင် သတင်းသမားသုံးဦးနှင့် တီးဝိုင်း ဆရာတို့ အာမခံဖြင့် ပြန်လည် လွတ်မြောက်ခဲ့ပြီး စက်တင်ဘာ ၄ ရက်ရုံးချိန်း၌ ပို့ကုန်၊သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ကားသမားနှစ်ဦးပါ အာမခံရရှိခဲ့ သည်။

လာမည့်စက်တင်ဘာ ၁၅ ရက် ရုံးချိန်းတွင် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုထားသည့်အမှုကို အ ပြီးသတ် လွှတ်မိန့်ချဖွယ်ရှိနေပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် စွဲဆို ထားသည့်အမှုကိုလည်း စွဲချက် တင်၊ မတင် အမိန့်ချမည်ဖြစ် ကြောင်း ရှေ့နေ့ဦးဝင်းမြင့်အောင် ကပြောသည်။

More in News Section