အောင်ထက်နှင့် တွေ့ဆုံခြင်း

‘‘မြန်မာနိုင်ငံသားတစ်ယောက်က ကိုယ့်မြန်မာနိုင်ငံသူတစ်ယောက် လိုအပ်နေတဲ့အရာကို အဝေးတစ်နေရာမှာ ကူညီပေးခွင့်ရတယ်။ ဒါပါပဲ’’
ဓာတ်ပုံ-ကျော်ဇင်သန်း

အိပ်မက်ဆုံရာ ရာသက်ပန် Sea-son 1 တွင် Winner  ဆုရရှိပြီး ဂီတလောကထဲသို့ ခြေစုံပစ် ဝင် ရောက်ခဲ့သူသည် အဆိုတော် အောင်ထက်ဖြစ်သည်။ ဂီတသက် တမ်း ၂ နှစ်အတွင်း ဇာတ်ဝင်တေး အချို့အပါအဝင် နာမည်ကြီးပြန် ဆိုတေးများကို ပိုင်နိုင်သပ်ရပ်စွာ သီဆိုနိုင်မှုကြောင့် အောင်ထက် တွင် ပရိသတ်အင်အား ပိုပိုတိုး လာသည်။ ထို့အပြင် မကြာသေးမီ က ဗီယက်နမ်နိုင်ငံတွင် ကျင်းပ သော အာဆီယံသီချင်းဆိုပြိုင်ပွဲ၌ လည်း လူကြိုက်အများဆုံးဆု ရရှိ ပြီး ၎င်းနှင့်အတူ သွားရောက်ယှဉ် ပြိုင်ခဲ့သည့် နီနီခင်ဇော်၏ ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’ သီချင်း တွင် ဗုံတီးကာ ဝင်ရောက်အားဖြည့် ပေးရသည့်အပေါ် အောင်ထက်၏ စိတ်ခံစားချက်နှင့် ပြိုင်ပွဲဝင်စဉ် တစ်လျှောက် ရရှိသည့် အတွေ့ အကြုံများ၊ အနာဂတ်အစီအစဉ် များကို တွေ့ဆုံမေးမြန်းခဲ့သည်။
 

အာဆီယံနှစ်ပတ်လည်အထိမ်းအ မှတ်အနေနဲ့ ဗီယက်နမ်က အဆို ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ တဲ့ အတွေ့အကြုံတွေ မျှဝေပါဦး။ 

အာဆီယံနိုင်ငံအားလုံးကို ဖိတ်တယ်။ ကျွန်တော်တို့ဆီက လည်း အဆိုတော်နှစ်ဦး (သို့ မဟုတ်) သုံးဦးလွှတ်ပေးဖို့ သူတို့ ဆီက ဖိတ်တယ်။ လူကြီးတွေက နိုင်ငံကိုယ်စားပြုသွားဖို့ဆိုပြီး စေ လွှတ်တယ်။ အစကတော့ အလုပ် တွေဖျက်ပြီးသွားဖို့ အစီအစဉ်မရှိ ဘူး။ ဒါပေမဲ့ အာဆီယံပွဲဆိုတော့ ကိုယ်တွေ မြန်မာနိုင်ငံသားဖြစ်တဲ့ အတွက် ကိုယ့်နိုင်ငံက စေလွှတ် တာကို သွားသင့်တယ်လို့ မြင် တယ်။ ကိုယ်ကိုယ်တိုင်လည်း နိုင်ငံကိုယ်စားပြုအနေနဲ့ မလုပ်ဖူး တဲ့အတွက် သွားဖို့ဆုံးဖြတ်ပြီး ကျွန်တော်တို့ သွားခဲ့တယ်။ အဓိကက တော့ သီချင်းဆိုပြိုင်ပွဲဆိုတာထက် နိုင်ငံရဲ့ ယဉ်ကျေးမှုတွေဖလှယ်တဲ့ ပွဲဆိုလည်း မှန်ပါတယ်။ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံရဲ့ အဝတ်အစား၊ LED ကပြတဲ့ Background ကအစ ပြင်ဆင်သွားရတာပေါ့။ အတွေ့အ ကြုံကတော့ ဒီကသီချင်းတွေ ပြင်ဆင်သွားရတယ်။ တီးသွားရတယ်။ ကျွန်တော်တို့အကြောင်းတွေကို သူတို့ဆီကို အီးမေးလ်နဲ့ပို့ပေးရ တယ်။ ဟိုရောက်တဲ့အခါ Camp(စခန်း) သွင်းထားသလို အချိန်ဇယားနဲ့ လုပ်ရတယ်။ သီချင်းဆိုတဲ့အခါမှာလည်း သူများနိုင်ငံရဲ့ Music တွေ ကိုယ်သိရတယ်။ ကိုယ့်နိုင်ငံက Music တွေကို ချပြခွင့်ရတယ်။ တချို့နိုင်ငံတော်တော်များ များကတော့ အင်္ဂလိပ်သီချင်းပဲဆို ကြတယ်။ သူတို့ရဲ့ ဘာသာစကားနဲ့ သူတို့နိုင်ငံသီချင်းဆိုတာကတော့ ရှားတယ်။ ကျွန်တော်တို့ပဲ ကိုယ့် ဘာသာစကားနဲ့ ကိုယ့်နိုင်ငံရဲ့ သီချင်းကို ဆိုတာပေါ့။ သူတို့ဆီက သီချင်းဆိုတာနဲ့ပတ်သက်တဲ့ အ တွေ့အကြုံတွေ အများကြီးရခဲ့ တယ်။ အတုယူစရာတွေလည်း ရှိခဲ့တယ်။ ကျွန်တော့်အတွက် တကယ်တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ မြန်မာသီချင်းကိုလည်း အသိအ မှတ်ပြုတဲ့အပြင် လာကြည့်တဲ့ ပရိ သတ်တွေကိုယ်တိုင်က သဘော ကျအားပေးမှုကြောင့် ကျွန်တော် က လူကြိုက်အများဆုံးဆုရတယ်။ အဲဒီအတွက် အရမ်းပျော်တယ်။ အရမ်းလည်းဂုဏ်ယူမိပါတယ်။ 

အဲဒီပြိုင်ပွဲမှာ နီနီခင်ဇော်ကို ဗုံတီး ပေးတာလည်း တွေ့ရတယ်။ ဗုံတီးတာက အရင်ကတည်းက ဝါသနာ ပါတာလား။

Music နဲ့ပတ်သက်တာမှန် သမျှ အကုန်ဝါသနာပါတယ်။ ဒါ ပေမဲ့ ကိုယ်လက်လှမ်းမီရာ အနီး စပ်ဆုံးလုပ်နိုင်မယ့် Instrument (တူရိယာ)တွေကိုတော့ ကြိုးစား သင်ယူတယ်။ အခုဆို ကျွန်တော် တယောထိုးတာသင်နေတယ်။ အ ရမ်းကြီး ကျွမ်းကျင်လို့တော့ မဟုတ်ပါဘူး။ လုပ်ချင်စိတ်တစ်ခုကြောင့် သာ နီနီ့ရဲ့ ‘မျှော်လင့်ချက်တစ်စုံ တစ်ရာ’သီချင်းမှာ Background အနေနဲ့ တီးပေးဖြစ်တယ်။ သူက ဖိုင်နယ်တက်တယ်။ ကျွန်တော်က ဖိုင်နယ်မတက်ဘူး။ ဆီမီးဖိုင်နယ် ပြိုင်ပြီး နောက်တစ်ရက်မှာပဲ သူ က ဒီသီချင်းကို တီးပေးပါပေါ့။ သူ့ Music ကိုလည်း နားမထောင်ရ သေးတော့ ဘယ်လိုတီးထားမှန်း လည်းမသိဘူး။ ကျွန်တော် ဗုံသယ် သွားဖြစ်တာကလည်း မဟာ သီချင်းကို တီးမယ်ဆိုပြီး သယ် သွားတာဗျ။ ဒီက သီချင်းရွေးသွား တာက ‘အချစ်ဘယ်ကစ’နဲ့ ‘မဟာ’ နှစ်ပုဒ်ရွေးသွားတာ။ ဆီမီးဖိုင်နယ် မှာ ‘အချစ်ဘယ်ကစ’ စဆိုတာ။ ‘မဟာ’သီချင်းဆိုရင် နောက်ခံမှာ ပုဂံရဲ့ပုံရိပ်တွေ၊ မြန်မာနိုင်ငံရဲ့ အလှတွေ၊ အဲဒါမျိုးတွေပါတဲ့ အ ရုပ်တွေယူသွားပြီး LED မှာ ပြမယ် ပေါ့။ ဒါပေမဲ့ ကျွန်တော်ဖိုင်နယ် တက်ခွင့်မရတဲ့အတွက် အဲဒါတွေ ကို ပြခွင့်မရခဲ့ဘူး။ အဲဒါကြောင့် သိမ်းထားတယ်။ အဲဒီမှာ နီနီက လည်း ပြောတယ်။ ဗုံကလည်း သယ်လာပြီဆိုတော့ အလဟဿ ဖြစ်မှာစိုးတာနဲ့ နီနီ Music ကို ကျွန် တော့်ကို ပေးနားထောင်ပါဆိုပြီး ညတွင်းချင်း နားထောင်လိုက် တယ်။ ညဘက်ဖြစ်တဲ့အတွက် သူများတွေ အိပ်နေတဲ့အချိန်တီး လို့ကလည်းမရဆိုတော့ ညတွင်း ချင်း နားထောင်ပြီး ဘယ်နေရာက လိုက်တီးပေးရမလဲ စဉ်းစားတယ်။ ပြီးတော့ ပက်တန်နှစ်မျိုးနဲ့ပဲ သူ့ကို လိုက်တီးပေးခဲ့တယ်။ တကယ့်ကို လည်း ကြည်နူးစရာကြီးပါ။ တစ် ယောက်က ဖိုင်နယ်တက်ခွင့်ရ တယ်။ တစ်ယောက် ဖိုင်နယ်တက် ခွင့်မရပေမယ့် ဖိုင်နယ်တက်ခွင့်ရ တဲ့သူကို ကိုယ်တိုင်ပါဝင်ပြီး ဆက် ကူညီခွင့်ရတာ အရမ်းပီတိဖြစ် စရာကောင်းတယ်။ ဗုံတီးတာက ဟန်ပြမဟုတ်ဘူး။ Live ကို အ နောက်ကလိုက်တီးပေးရတာပါ။ ဒါလည်း ပုံရိပ်တစ်ခုကို ပြသနိုင်ခဲ့ တယ်လို့ပဲ ဆိုရမှာပေါ့။ သူဆုရလို့ လည်း ပိုပျော်တယ်။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း လူ ကြိုက်အများဆုံးဆုရတဲ့အတွက် နှစ်ယောက်စလုံးက ကျွန်တော်တို့ နိုင်ငံရဲ့ ပုံရိပ်ကို ပြနိုင်ခဲ့တယ်။ 

မြန်မာအဆိုတော်တစ်ယောက်က သူများနိုင်ငံမှာ မြန်မာသီချင်းဆို ပြီး ဆုရတယ်ဆိုတာ အရမ်းထူး ခြားတယ်ပေါ့။ ကိုယ့်နိုင်ငံပြန် ရောက်တဲ့အချိန်မှာ ဒုတိယဆုရ တဲ့သူကိုပဲ အာရုံစိုက်နေကြတယ်။ လူကြိုက်အများဆုံးဆုရတဲ့သူကို မေ့နေကြတယ်လို့ ပြောကြတာ တွေရှိပါတယ်။ ဒီအပေါ်မှာကော ကာယကံရှင်တစ်ဦးဖြစ်တဲ့ အစ်ကို့ အမြင်က ဘယ်လိုရှိလဲ။

တချို့ကတော့ ကျွန်တော်ဆု ရတာကို မသိကြဘူး။ နီနီက ဆုရ တယ်။ ကျွန်တော်က ဆုမရဘူး ပေါ့။ အဲဒီအပေါ်မှာလည်း ကျွန် တော်က ဘာမှမခံစားရဘူး။ မသိ တာကို အပြစ်မတင်ချင်ပါဘူး။ တချို့ကလည်း တကယ်မသိကြ တာပါ။ ကျွန်တော့်ရဲ့ အောင်ထက်Page မှာတော့ ဆုရတဲ့ ‘အချစ် ဘယ်ကစ’ဆိုတဲ့ သီချင်းလေးကို ဖုန်းနဲ့ရိုက်ပြီး တင်ထားတယ်။ ဒါ ကလည်း အမှတ်တရဖြစ်အောင် လို့ပါ။ ကျွန်တော်ဆုရလာတယ်ဆို တာထက် ကျွန်တော်တို့ ဒီမှာပြိုင် ခဲ့တယ်၊ ဒီလိုလေး အသိအမှတ် ပြုခံရတယ်ဆိုတာကို ကိုယ့်မြန်မာ နိုင်ငံသားအချင်းချင်းကိုတော့ ပြန် ပြောပြချင်တယ်လေ။ နီနီတို့ နေ့ကတော့ Live လွှင့်တယ်။ ကျွန်တော်တို့ ပြိုင်တဲ့နေ့တုန်းကတော့ Live မလွှင့်ဘူး။ တချို့ဆို ဘာလို့ဆုရ တာလဲပေါ့။ နောက်က ဗုံတီးပေး လို့ ဆုရတာလားပေါ့။ အဲဒါ ကြောင့် သိပ်မသိကြတာပါ။ ဖိုင် နယ်နေ့က ပိုပြီး Official ဖြစ်တယ်။ကျွန်တော်တို့ တတ်နိုင်တာလုပ်ခဲ့ တယ်၊ ကြိုးစားခဲ့ကြတယ်။ မျက် နှာပန်းလေးလည်း လှခဲ့တယ်။ တစ်ယောက်က ဒုတိယဆု၊ တစ် ယောက်က လူကြိုက်အများဆုံးဆု ရခဲ့တယ်။ ပီတိဖြစ်စရာကြီးပေါ့။ အဲဒါကြောင့် ဒီမြန်မာနိုင်ငံက ဒီ သီချင်းတွေကို ဖန်တီးခဲ့တဲ့ ဂီတ ပညာရှင်အကုန်လုံးကို လေးလေး စားစားနဲ့ပဲ ဂါရဝပြုချင်တယ်။ သူ တို့သာမဖန်တီးခဲ့ရင် အဆင်မပြေ ဘူး။ ကျွန်တော်တို့လည်း အသစ် တွေကို ကြိုးစားနေတယ်။ ဒါပေမဲ့ အရင်တုန်းကလူတွေက တကယ် တော်ကြတယ်လေ။ အခုလူတွေ လည်း တော်ကြတယ်။ တစ်မျိုးစီ ပေါ့လေ။ ကျွန်တော်ကတော့ ကိုယ့်ထက်တတ်ကျွမ်းတဲ့ ဂီတ ပညာရှင်တွေ ဖန်တီးထားတဲ့ သီချင်းကို သွားရောက်ချပြခွင့်ရတဲ့ အတွက် သူတို့ကို အရမ်းလေးစား တယ်။ 

ဆုကိစ္စနဲ့ပတ်သက်လို့ နီနီရဲ့ အင် တာဗျူးတချို့အပေါ်မှာ အခြေခံ ပြီး ဝေဖန်ပြောကြားချက်တွေကို ကော တစ်ခုခုခံစားရတာမျိုးရှိ ပါလား။

ကိုယ်ကတော့ ဘာစိတ်မှ မထားပါဘူး။ သူကလည်း ဖြေနေ ရင်းနဲ့ ဖြစ်သွားတာမျိုး ရှိကောင်း ရှိမှာပေါ့။ ဘာမှလည်း အပြစ်တင် စရာမရှိဘူး။ အဓိကကတော့ သူ ဆိုတဲ့အချိန်မှာ သူအကူအညီ တောင်းတဲ့အခါ ကျွန်တော်အ ကောင်းဆုံးကြိုးစားပေးနိုင်ခဲ့ တယ်။ တကယ်တော့ သူ့ကိုအကူ အညီနည်းနည်းပဲပေးခွင့်ရတာပါ။ ဒါပေမဲ့ အဲဒီလိုပံ့ပိုးပေးခွင့်ရတဲ့အ တွက် ပီတိဖြစ်နေပြီ။ အဓိက သူ က ဖိုင်နယ်တက်ခွင့်ရလို့ သူက ပိုပြီးပြနိုင်ခဲ့တယ်။ ပြီးတော့ ရန် ကုန်ပြန်ရောက်တဲ့အထိတောင် နီနီ့ကို ဖုန်းဆက်ပြီးပြောနေတုန်း။ နီနီဆိုတဲ့သီချင်းကို ပြန်ကြည့်တာ လည်း အခေါက်ပေါင်းမနည်းဘူး။ သူဆိုတာကိုကြည့်ပြီး ပီတိဖြစ်နေ တာ၊ ပျော်နေတာလေ။ သူဖြေ တာနဲ့ပတ်သက်ပြီးကတော့ သူ လည်း ရုတ်တရက် ချက်ချင်းဖြေရ တဲ့အခါမျိုးမှာ အမှားရှိချင်လည်း ရှိမှာပဲလေ။ ဒါကတော့ ကျွန်တော့် အနေနဲ့ သီးသန့်ကြီး အဲဒါကို တွေး နေမှာမဟုတ်ဘူး။ မြန်မာနိုင်ငံသားတစ်ယောက်က ကိုယ့်မြန်မာနိုင်ငံ သူတစ်ယောက် လိုအပ်နေတဲ့အ ရာကို အဝေးတစ်နေရာမှာ ကူညီ ပေးခွင့်ရတယ်။ ဒါပါပဲ။

အခုလက်ရှိ ဂီတလှုပ်ရှားမှုနဲ့ပတ် သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲ။

လက်ရှိက ဒီလကုန်မှာ ကျွန် တော့်ရဲ့ အယ်လ်ဘမ်သစ်အတွက် အလုပ်တွေ လက်စသတ်နေ တယ်။ အဲဒီအတွက်လည်း သေချာ ပြင်ဆင်ထားတယ်။ သီချင်းက ၁၁ ပုဒ် (သို့မဟုတ်) ၁၃ ပုဒ်လောက် ပါဖြစ်မယ်။ သီချင်းပုံစံတွေက တော့ သီချင်းအမျိုးအစားဆိုတာ ထက် ကျွန်တော်နဲ့ လိုက်ဖက်တဲ့ ပုံစံလေးတစ်ခုကို ကြိုးစားပြီး ဖန်တီးထားတယ်။ ဆရာတွေကို လည်း အကူအညီတောင်းထား တယ်။ အားလုံးပြီးလုနီးပါးဖြစ်နေ ပါပြီ။ ကိုးလပိုင်း နောက်ဆုံးပတ် ထွက်ဖြစ်အောင် ထွက်ပါမယ်။ တချို့အလုပ်တွေကို ခဏရပ်ပြီး အခွေကိုပဲ အာရုံစိုက်နေပါတယ်။

ပါဝင်တဲ့ တေးရေးဆရာတွေကို လည်း ပြောပါဦး။

ဆရာစောခူဆဲ၊ ဦးရွှေဂျော်၊ ဂျော်၊ ကိုဖိုးကာပါမယ်၊ ကျွန်တော် ပါမယ်။ အစကတော့ တခြားတေး ရေးဆရာတွေလည်း အပ်ထား တယ်။ တချို့သီချင်းပုံစံတွေက နောက်ထပ်ခေါင်းစဉ်တစ်ခုနဲ့ နောက်တစ်ခွေသွားဖို့ ချန်ထား တယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောက်လုပ်မယ့်အခွေတွေကို အခုကတည်းက ကြိုတင်ပြင်ဆင်နေ တာမျိုးတွေရှိတယ်။ အခွေနာမည် ကိုတော့ မပေးရသေးဘူး။ ရွေး နေတုန်းပါ။

အစ်ကိုကိုယ်တိုင် သီချင်းဘယ်နှ ပုဒ်လောက် ရေးထားတာပါဝင် မလဲ။

ကျွန်တော်ရေးတာ အများ ဆုံးပါပါမယ်။ ရေးထားတာက တော့ အများကြီးပဲ။ အခု ၁၈ ပုဒ် လောက်တီးထားတယ်။ အဲဒီထဲက မှ Theme မတူတာလေးတွေ ပြန် ရွေးပြီး ဒီအခွေထဲမှာ ထည့်ပေးပါ မယ်။ အကြောင်းအရာတွေက လည်း အချစ်၊ အလွမ်း၊ အဆွေး အားလုံးစုံပါတယ်။

ပရိသတ်တော်တော်များများက အစ်ကို့ဆို ရိုးသားတယ်လို့ ပြော ကြတယ်။ ဒီအပေါ်မှာကော ဘယ် လိုမြင်မိပါလဲ။

ရိုးသားတယ်ဆိုတာက အ ရက်သောက်တာနဲ့မဆိုင်ဘူး၊ ဆေးလိပ်သောက်တာနဲ့ မဆိုင် ဘူး၊ ကွမ်းစားတာနဲ့ မဆိုင်ဘူး။ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ မဆိုင် ဘူး။ ရိုးသားတယ်ဆိုတာ လူ့စိတ် ပဲ။ ကျွန်တော်က စကားပွင့်ပွင့် လင်းလင်းပြောတတ်တယ်။ ရိုးရိုး ရှင်းရှင်းပဲနေတယ်။ ပေါ့ပေါ့ပါးပါး ပဲနေတတ်တယ်။ သူများရဲ့ ကြိုး စားမှုကိုလည်း အမြဲတမ်းအားပေး တယ်။ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားနေတယ်။ စိတ်လွတ်ကိုယ် လွတ်နဲ့ သူများမထိခိုက်အောင်နေ မယ်။ အဲဒီလိုနေတတ်တာကို မြင် လို့လည်း ကျွန်တော်ရိုးသားတယ်၊ မရိုးသားဘူးကို သူတို့သတ်မှတ် ပေးတာနေမှာပါ။ ဘယ်လိုပဲဖြစ် ဖြစ် ကျွန်တော့်ကို အဲဒီလိုမြင်ပေး လို့ ဝမ်းသာတယ်။ 

လက်ရှိ အချစ်ရေးကကော ဘယ် လိုရှိလဲ။

တစ်ယောက်တည်းပဲ။ ဒါပေ မဲ့ လူငယ်ပဲဗျာ။ ရင်ခုန်တဲ့သူတော့ ရှိကောင်းရှိမှာပေါ့။ သီးသန့်ကြီး တွဲသွားတွဲလာလုပ်ရတဲ့၊ နားလည် မှုရှိတဲ့ အနီးကပ်ချစ်သူတော့ မရှိ သေးပါဘူး။ ရင်ခုန်နေတဲ့သူတော့ ရှိတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်ကိုယ် သေချာအောင် ပြန်မေးရပါဦး မယ်။ မသေချာရင် မကောင်းဘူး လေ။ အခုလောလောဆယ်က တော့ တစ်ယောက်တည်းပါပဲ။

အနုပညာနဲ့ပတ်သက်ပြီး ဂီတအ ပြင် ဘာတွေဝါသနာပါသေးလဲ။

ကျွန်တော် ဝါသနာပါတာ တွေက အများကြီးပဲ။ ပန်းချီဆွဲ ချင်တယ်။ ဒါပေမဲ့ အဲဒီဘက်မှာ ပါရမီမပါဘူး။ တခြားက ကိုယ့် အမ်တီဗီမှာ သရုပ်ဆောင်တာ လောက်ပေါ့။ တခြားသရုပ်ဆောင် လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။

ကျေးဇူးတင်ပါတယ်။