ဘဏ္ဍာရေးမညီမျှမှုများ ကျန်ရှိနေဆဲ ကမ္ဘာကြီး

ယခုနှစ်အတွင်း အမေရိကန် နိုင်ငံ ဝိုင်အိုမင်းပြည်နယ် ဂျက်ဆန် ဟိုးတွင် ကမ္ဘာတစ်ဝန်းမှ ဗဟို ဥက္ကဋ္ဌများ တွေ့ဆုံဆွေးနွေးကြစဉ် ၎င်းတို့အဓိကထားသော အ ကြောင်းအရာသည် ငွေကြေးမူဝါဒ သက်သက်မဟုတ်ပေ။


အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ  ဂျဲနက်ယယ်လင့်၏ အဖွင့်မိန့်ခွန်း သည်  ၂၀၀၈ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ ရေးအကျပ်အတည်းဖြစ်ပေါ်ပြီး နောက် မူဝါဒစည်းမျဉ်းအပြောင်း အလဲများ လုပ်ရခြင်းအပေါ် အဓိ ကထားပြောကြားခဲ့သည်။ ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ မာရီယိုဒရာဂီက မူ ယူရိုဇုန်၏ မကြာသေးမီက စီး ပွားရေးနာလန်ထမှုကို ဆက်လက် ထိန်းသိမ်းနိုင်ရေး ဥရောပတွင် ပြု ပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်ရမည့် အကြောင်းကို ၎င်း၏ နေ့လယ်စာစားပွဲဆွေးနွေးမှု ၌ အဓိကထားပြောကြားခဲ့သည်။

သို့သော်အဆိုပါဆွေးနွေးပွဲ တွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေးနှင့် ဘဏ္ဍာရေးအကြောင်း အရာများက အဓိကနေရာယူခဲ့ပြီး ယင်း အကြောင်းအရာများက လည်း စီးပွားရေးမျှော်မှန်းချက် ဘဏ္ဍာရေးဈေးကွက်အခြေအနေ များကို ပုံသွင်းပေးပြီး ဗဟိုဘဏ် အရာရှိများ အဓိကနပန်းလုံးရ သော ကိစ္စများဖြစ်သည်။

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များကို ကမ္ဘာလုံးဆိုင်ရာအသွင် ဖန်တီးမှုအကျိုးသက်ရောက်မှု များကို ဆွေးနွေးရာတွင် ပြည် တွင်းအလုပ်အကိုင်၊ လုပ်ခလစာ နှင့် မညီမျှမှုများအကြောင်း အဓိ ကထားဆွေးနွေးခဲ့ကြပြီး ဘဏ္ဍာ ရေးအကြောင်း ဆွေးနွေးရာ၌ နိုင်ငံတကာငွေကြေးအရင်းအနှီးများ စီးဆင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုများအကြောင်း ဦးတည် ဆွေးနွေးခဲ့ကြသည်။

ဤနေရာတွင် ဆိုရိုးဟောင်း တစ်ခုက အကျုံးဝင်နေသည်။ ‘အပြောင်းအလဲများများလုပ် လေ၊ နဂိုအတိုင်းဆက်ရှိမှုများ လေ’ဟူသော ဆိုရိုးဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်လေးခုတွင် အမေရိကန်နိုင်ငံသည် ကမ္ဘာ တစ်ဝန်းမှ ငွေကြေးအရင်းအနှီး များကို အဓိကတင်သွင်းနေသော နိုင်ငံဖြစ်သည်။

ပြီးခဲ့သည့်ရာစုနှစ်အစော ပိုင်းကစ၍ ၁၉၈၀ ပြည့်ကျော်နှစ် များအထိ အမေရိကန်နိုင်ငံ၏ ပြည်ပလက်ရှိငွေကြေးစာရင်းတွင် လိုငွေပြမှုအလွန်နည်းပါးသည်။ လက်ရှိငွေစာရင်းဆိုသည်မှာ နိုင်ငံ တစ်နိုင်ငံ၏ စုဆောင်းငွေနှင့် ရင်း နှီးမြှုပ်နှံမှုမျှခြေကို ရောင်ပြန်ဟပ် သည်။ စုဆောင်းငွေက ရင်းနှီး မြှုပ်နှံမှုထက်ပိုများပါက လက်ရှိ ငွေစာရင်း (စာရင်းရှင်ငွေစာရင်း) တွင် ပိုငွေပြပြီး ယင်းနိုင်ငံက ကျန် ကမ္ဘာ့နိုင်ငံများကို ငွေချေးသော နိုင်ငံဖြစ်လာသည်။

ပထမကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာပြီးနောက် အမေရိကန်နိုင်ငံသည် ကျန်ကမ္ဘာ့နိုင်ငံများအား ငွေကြေး အရင်းအနှီး အဓိကထောက်ပံ့ သော နိုင်ငံဖြစ်လာသည်။

၁၉၈၇ တွင်မူ ကမ္ဘာလုံးဆိုင် ရာ ငွေကြေးမညီမျှမှုသည် မရေ ရာသော နယ်ပယ်တစ်ခုအတွင်း သို့ ဦးတည်နေသည်ဟု ပထမဆုံး ထောက်ပြပြောဆိုသူများတွင် စီး ပွားရေးပညာရှင် ဖရက်ဒ်ဘာစ တန်လည်းပါဝင်သည်။ ‘‘ဒုတိယ ကမ္ဘာစစ်အပြီး ကမ္ဘာ့စီးပွားရေး စနစ်ကို ပုံဖော်သူနှင့် ကမ္ဘာသုံး ငွေကြေးကို ပိုင်ဆိုင်သော အမေရိ ကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အ ကြီးမားဆုံး ကြွေးတင်နေသော နိုင်ငံဖြစ်လာပြီး အမေရိကန်၏ လို ငွေပြမှုသည် ၁၉၉၀ ကျော်နှစ်များ အထိ ဆက်လက်စီးဆင်းနေမည်’’ ဟု ဖရက်ဒ်က ပြောကြားသည်။

တစ်ဖက်တွင်လည်း လွန်ခဲ့ သော မျိုးဆက်တစ်ခုအထိ ဖွံ့ဖြိုး ဆဲနိုင်ငံဟု ကင်ပွန်းတပ်ခံခဲ့ရ သော ဂျပန်က အကြီးဆုံးမြီရှင် နိုင်ငံဖြစ်လာပြီး ဂျပန်နိုင်ငံ၏ နိုင်ငံ ရပ်ခြားပို်င်ဆိုင်မှုများ ဆက်လက် တိုးတက်နေမည်ဟု ၎င်းက ဟော ကိန်းထုတ်ခဲ့သည်။

၁၉၈၆ တွင် ဂျပန်နိုင်ငံ၏ စာ ရင်းရှင်ငွေစာရင်းသည် နိုင်ငံဂျီဒီပီ ၏ ၄ ရာခိုင်နှုန်းအထိရှိပြီး ဂျပန် ဗဟိုဘဏ်ကလည်း အမေရိကန် ဗဟိုဘဏ်ရှယ်ယာများကို စံချိန် တင်ဝယ်ယူထားသဖြင့် ကမ္ဘာလုံး ဆိုင်ရာဘဏ္ဍာရေးမညီမျှမှုများ၏ အဓိကတရားခံသည် ဂျပန်နိုင်ငံ ဟု ပြောကြားခဲ့သည်။ ယင်းအတွက်ဂျပန်နိုင်ငံကလည်း အမေရိကန်သို့ တင်ပို့မှုများကို မိမိဘာသာ ကန့်သတ်မှုများထားရှိခဲ့ပြီး ၁၉၈၅ Plaza Accord သဘောတူညီ ချက်အရ ကန်ဒေါ်လာနှင့် နှိုင်း ယှဉ်ပါက ယန်းငွေတန်ဖိုးမြင့်တက် ရေးလုပ်ဆောင်ခဲ့သည်။

သို့သော် ၁၉၈၀ နှစ်များ ကုန် ခါနီးတွင် ဂျပန်ယန်းငွေတန်ဖိုးမြင့် တက်လာပြီး အိမ်ခြံမြေနှင့် ရှယ် ယာများ၌ ဂျပန်၏ ပိုင်ဆိုင်မှု ပူဖောင်းများ ပေါက်ထွက်သွားခဲ့ ပါက ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုလည်း ဇောက်ထိုး ဆင်းသွားခဲ့သည်။ ထိုအချိန် လောက်မှာပင် တောင်ကိုရီးယား နိုင်ငံသည် အမေရိကန်ကုန်သွယ် ရေးလိုငွေတရားခံယာယီဖြစ်ခဲ့ သေးသည်။၁၉၈၇-၁၉၈၈ တောင် ကိုရီးယား၏ စာရင်းရှင်ငွေစာရင်း သည် နိုင်ငံဂျီဒီပီ၏ ၆ ရာခိုင်နှုန်း  အထိ မြင့်တက်ခဲ့ပြီး ငွေကြေးခြယ် လှယ်မှုများကြောင်း ယင်းနိုင်ငံ၏ ပြည်ပစုဆောင်းငွေများ မြင့်တက် ခဲ့သည်ဟု ခကြာခဏပြောကြားခံ ရသည်။

တရုတ်နိုင်ငံသည်လည်း ထိုသို့စွဲချက်တင်ခံခဲ့ရပြီး ၎င်းတို့၏ ပြည်ပပို့ကုန်ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်မှု၊ အမေရိကန်ပိုင်ဆိုင်မှုများကို စံချိန်တင်ဝယ်ယူမှုနှင့် တစ်စိတ်တစ်ပိုင်းထိန်းချုပ် ထားသော ငွေကြေးလဲလှယ်မှု စနစ်တို့ကြောင့် ကမ္ဘာ့ဘဏ္ဍာရေးမညီမျှမှုများက အကြောင်းဆွေးနွေးမှု များ၌ တရုတ်နိုင်ငံအကြောင်း လွှမ်းမိုးခဲ့ သည်။ တကယ်လည်း ငွေကြေးခြယ်လှယ်မှုနှင့် မမျှတသော ကုန် သွယ်ရေးအလေ့အကျင့်များမှာ အဓိကနောက်ကွယ်မှ မောင်းနှင် အားများဆိုသော ပြောဆိုမှုများကို ထောက်ခံသော အထောက်အ ထားများရှိခဲ့ပြီး အနည်းဆုံးအချို့ ကာလများတွင် မှန်ကန်ခဲ့သည်။

သို့သော် တရုတ်နိုင်ငံ၏ လက်ရှိငွေစာရင်းသည် ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နှင့် အခြားဟောကိန်းထုတ်သူများ မျှော်လင့်ထားသည်ထက် ပိုမိုလျော့ပါးလာ ပါသည်။

၂၀၀၆-၂၀၀၈ တွင် ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းထက်ပင် ကျော်လု ကျော်ခင်ဖြစ်နေသော ပြည်ပပို ငွေသည် လတ်တလော၌ ၁ နှင့် ၂ရာခိုင်နှုန်းကြားသာ တဝဲလည် လည်ဖြစ်နေသည်။ ထို့အပြင် ယခုနှစ်၏ ပထမဆုံးလပတ်တွင် အနည်းငယ်တည်ငြိမ်ခဲ့သော် လည်း တရုတ်နိုင်ငံမှ ပုဂ္ဂလိက အရင်းအနှီးထွက်ခွာမှုများ ဆက် လက်ဖြစ်ပေါ်နေသည်။

ဤနေရာတွင် ဂျာမနီနိုင်ငံ ဝင်လာသည်။ တရုတ်နိုင်ငံ၏ စာရင်းရှင်ငွေစာရင်းပိုငွေလျော့ ကျလာစဉ်မှာပင် ဂျာမနီနိုင်ငံ၏ ပိုငွေစံချိန်တင်မြင့်တက်လာခဲ့ သည်။  ယင်းစာရင်းရှင်ပိုငွေများ သည် မမျှတသော ကုန်သွယ်ရေး အလေ့အကျင့်များမှ ထွက်ပေါ် လာသည်ဆိုသော ကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြောကြားချက် သည် အနှစ်မရှိဟုသာ ပြောရ မည်။ ဂျာမနီနိုင်ငံတွင် ကိုယ်ပိုင် ငွေကြေးမရှိသဖြင့် ငွေကြေးခြယ် လှယ်မှုမှ အမြတ်ထွက်နေသည်ဟု ပြောခြင်းသည် လွန်ရာကျသည်။

ဂျာမနီနိုင်ငံ၏ ကုန်သွယ် ရေးပိုငွေပမာဏကို သီးခြားထုတ် ၍ ပြောနေကြသော်လည်း ဖွံ့ဖြိုး ပြီး နိုင်ငံများကြားတွင် ကုန်သွယ် ရေးနှင့် ပြည်ပပိုငွေများအတိုင်း အတာတစ်ခုအထိ ထိန်းသိမ်း ထားရှိခြင်းသည် ထူးခြားသည် တော့ မဟုတ်ပေ။ ၂၀၁၇ တွင် သြစတြီးယား၊ ဒိန်းမတ်၊ အိုင်ယာလန်၊ ဂျပန်၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်နှင့် ဆွစ်ဇာလန် စသော နိုင်ငံများအားလုံးသည် ၎င်းတို့၏ ဂျီဒီပီနှင့် နှိုင်းယှဉ်လျှင် စာရင်းရှင်ငွေစာရင်း၌ ပိုငွေများ ပြသခဲ့ကြပြီး အခြားအာရှနိုင်ငံ များတွင်လည်း အလားတူ ပိုငွေ များပြသခဲ့သည်။

အမေရိကန်နိုင်ငံတွင် စာရင်းရှင်ငွေစာရင်းလိုငွေဖြင့် လည်ပတ် နေသည်မှာ မျိုးဆက်နှစ်ဆက်နီး ပါးရှိလာပြီဖြစ်သည်။ ကုန်သွယ် ရေးပိုငွေပြနေသော နိုင်ငံများကို လက်ညှိုးထိုးခြင်းသည်လည်း ကြာ မြင့်လာပြီဖြစ်သည်။ ဝိုင်အိုမင်း ပြည်နယ် တွေ့ဆုံမှုတွင် ငွေကြေး ပိုငွေပြနေသော နိုင်ငံများကို ပိုမို သုံးစွဲရန်နှင့် လျှော့၍ စုဆောင်းရန် နိုင်ငံတကာက ဖိအားပေးသင့်ပါ သလားဟု တစ်စုံတစ်ယောက်က မေးမြန်းခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးချိန် အမေရိကန်နိုင်ငံတွင် ပိုငွေ များ ပြသနေချိန်က အလားတူမေး ခွန်းမျိုး အမေရိကန်နိုင်ငံအား မေး မြန်းခဲ့ရာ ယင်းကို ခြွင်းချက်မရှိ ပယ်ရှားခဲ့သည်။

၁၉၈၀ နောက်ပိုင်း ၃၈ နှစ် တာကာလအတွင်း အမေရိကန် နိုင်ငံ၏ စာရင်းရှင်ငွေစာရင်း သုံး ကြိမ်သာလျှင် ပိုငွေပြခဲ့သည်။ အ ခွန်မူဝါဒသည် ငွေကြေးစုဆောင်း ခြင်းထက် အိမ်တိုင်းအိမ်တိုင်း ကြွေးမြီများ ဆင့်ကဲဆင့်ကဲရယူခြင်းကို မျက်နှာသာပေးထား သည်။ ကုန်ထုတ်လုပ်မှု သိသိသာသာကျဆင်းလာချိန်တွင်မူ နိုင်ငံတကာ၌ အမေရိကန်၏ ယှဉ်ပြိုင် နိုင်စွမ်းကို ထိခိုက်လာသည်။ သို့သော်အခြားရွေးချယ်စရာ မရှိဖြစ်နေသောကြောင့် ကမ္ဘာကြီး၏ အဓိက အရန်ငွေကြေးဟူသော ဒေါ်လာ၏ ရပ်တည်မှုသည် ပြိုင်ဘက်ကင်းနေသည်။ ယင်းအ တွက် အမေရိကန်က စာရင်း ရှင်ငွေစာရင်းလိုငွေများကို ဖာ ထေးရန် လွယ်ကူနေသည်။ သို့ သော် ယင်းသို့လွယ်ကူနေခြင်း သည် ကောင်းသည်ဟုတော့ မဆို သာပေ။

—Ref:The Persistence of Global Imbalances

Top News