မြန်မာအမျိုးသမီးသတင်းစာဆရာမတစ်ဦးရဲ့ ဘဝဖြတ်သန်းမှုကို ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲ

 မြန်မာအမျိုးသမီး သတင်းစာဆရာမတစ်ဦး၏ ဘဝ ဖြတ်သန်းမှုအကြောင်း ရေးသား ထားသည့် ‘ကျွန်မချစ်တဲ့သူတွေ’ စာအုပ်ကို ရွှေမြစ်မခ မီဒီယာနှင့် အင်န်အမ်အက်စ်ကုမ္ပဏီတို့ ပူး ပေါင်း၍ ‘မုန်တိုင်းကို ရင်ဆိုင်ခဲ့သူ တွေ’အမည်ဖြင့် ရုပ်သံဇာတ်လမ်း တွဲ ရိုက်ကူးရန်စီစဉ်နေသည်။

‘ကျွန်မချစ်တဲ့သူတွေ’ စာ အုပ်သည် တတိယအကြိမ်အထိ ထုတ်ဝေထားပြီး အောင်မြင်ခဲ့ သောစာအုပ်ဖြစ်ကြောင်း ယင်း စာအုပ်ရေးသားသူ စာရေးဆရာမ မေသင်္ကြန်ဟိန်က ပြောသည်။

‘‘ကျွန်မတို့ ဒီမိုကရေစီခရီး လမ်းက လမ်းဆုံးပန်းတိုင်ကို မရောက်သေးတဲ့အတွက် ခြေ ချော်မလဲအောင်၊ ကျွန်မတို့လိုချင် တဲ့ ဒီမိုကရေစီကိုရောက်တဲ့အထိ သွားနိုင်အောင် ကျွန်မအနေနဲ့ ဒါ လေးကို ရုပ်သံဇာတ်လမ်းတွဲအ နေနဲ့ ရိုက်ကူးမယ်လို့ စဉ်းစားခဲ့ တာပါ။ ကျွန်မကိုယ့်ကိုယ်ကိုယ် ယုံတယ်။ ကျွန်မနဲ့ လက်တွဲပြီး အ လုပ်လုပ်မယ့် သူတွေကိုလည်း ယုံပါတယ်။ ပရိသတ်ကလည်း ကြည့်ချင်ပြီး စိတ်ဝင်စားကြမယ်၊ သိချင်မယ်လို့ ထင်ပါတယ်။ ဒါ က တကယ့်ဖြစ်ရပ်မှန်ဖြစ်တဲ့အတွက် ဖန်တီးထားတာမရှိဘူး။ ရိုက်တဲ့အခါမှာလည်း တကယ့်အဖြစ်အပျက်တွေကိုပဲ ပြမှာပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါစာအုပ်သည် ၁၉၈၈ ကစတင်ခဲ့ပြီး ၂၀၁၅ အတွင်း နိုင်ငံရေးအပြောင်းအလဲများကို အခြေခံထားသောကြောင့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ ဝင်နိုင်ငံရေးသမားများနှင့် မိသား စုဝင်များ၏ ဒီမိုကရေစီရေးအ တွက် မုန်တိုင်းကာလကို ဖြတ် ကျော်ရသော အားထုတ်ကြိုးပမ်း ချက်များ၊ သတင်းမီဒီယာသမား တို့၏ အခက်အခဲများနှင့် ဖြတ် သန်းမှုများ၊ ပြည်သူလူထု၏ ဒီမို ကရေစီရေးနှင့် မျှော်လင့်ချက်များ ပါဝင်မည့် ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။

ယင်းရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာနေသူရိန်ရိုက်ကူးပြီး မင်းသားနေထက်လင်း၊ နေမင်း၊ ကောင်းပြည့်နှင့် မင်းသမီး သင်ဇာဝင့်ကျော်အပါအဝင် သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးမည် ဖြစ်သည်။

မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ ဇာတ်လမ်းတွဲသည် ၎င်း၏ ပထမ ဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်၍ များစွာရင်ခုန်စိတ်လှုပ်ရှားနေ ကြောင်း သရုပ်ဆောင်နေမင်းက ပြောသည်။

‘‘အစ်ကိုက ဆရာမရဲ့ အမျိုး သား ဦးတင်လင်းဇော်နေရာကနေ ပါဝင်ရမှာပါ။ သူကနေ Suppor-ter ကောင်းတစ်ယောက်ဖြစ်တဲ့ အတွက် သူ့နေရာကနေ ပါဝင် သရုပ်ဆောင်ရမှာကို ကျေနပ်ပါ တယ်။ ကာရိုက်တာပိုင်းနဲ့ပတ် သက်ပြီး အစ်ကို့စိတ်တွေကို ပြင် ဆင်ထားပါတယ်။ လေ့လာလို့ရ သလောက်လည်း လေ့လာထား ပါတယ်။ အကောင်းဆုံးဖြစ် အောင်လည်း ကြိုးစားမှာပါ။ အစ်ကိုတို့ကြောင့်   အတိမ်းအ စောင်းမဖြစ်သွားစေချင်တာတွေ ပါတယ်။ ဒီဇာတ်လမ်းတွဲက အစ် ကိုတို့ ရုပ်ရှင်လောကအတွက် လည်း ပွိုင့်တစ်ခုဖြစ်လာနိုင်သလို လမ်းကြောင်းတစ်ခုလည်း ဖြစ် လာနိုင်တယ်။ ဒီဇာတ်လမ်း ကြောင့် တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူကြီး၊ လူငယ်အကုန်လုံးရဲ့ အ သိအမြင်ကြွယ်ဝသွားမယ့် ဇာတ် မျိုးဖြစ်အောင် ကြိုးစားမှာပါ’’ဟု ပြောသည်။

ဆရာမ မေသင်္ကြန်ဟိန်၏ ဖခင်နေရာတွင် သရုပ်ဆောင်ရန် ဒါရိုက်တာနေသူရိန်နှင့် သရုပ် ဆောင်နေမင်းက ကမ်းလှမ်းသည့် အပြင် ဘဘ (ဦးထွန်းထွန်းဟိန် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင်)၏နေရာကို စိတ်ဝင်စား သောကြောင့် အဆိုပါဇာတ်ကား ကို လက်ခံရိုက်ကူးဖြစ်ကြောင်း သရုပ်ဆောင် နေထက်လင်းက ပြောသည်။

အဆိုပါ ဇာတ်လမ်းတွဲကို မန္တလေး၊ နောင်ချို၊ ရန်ကုန်၊ ဘန် ကောက်၊ ချင်းမိုင်နှင့် ဧရာဝတီ တိုင်းတို့တွင် သွားရောက်ရိုက်ကူး မည်ဖြစ်ပြီး MNTV က ထုတ်လွှင့် ပြသရန် စီစဉ်ထားသည်။

Top News