အမျိုးသမီးအဆိုတော်လေးဦး ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေတဲ့ ဆိုဖီယာ

 အမျိုးသမီးအဆိုတော် လေးဦး ပါဝင်သီဆိုမည့် Roman-tic Opera ပွဲတွင် စီနီယာများနှင့် အတူ ဖျော်ဖြေမည်ဖြစ်သော ကြောင့် စိတ်ပူပန်မှုရှိသော်လည်း အကောင်းဆုံးကြိုးစားမည်ဟု Myanmar Idol   အဆိုရှင် ဆိုဖီ ယာက ပြောသည်။

‘‘ကိုယ်ဆိုနေကျ သီချင်းပုံစံ နဲ့ ဘာမှမဆိုင်ဘူး၊ ကွဲထွက်နေ တယ်။ ဒီပွဲမှာ ပထမဆုံးအဖွင့် သီချင်းကလည်း ဆိုဖီ စင်ဒရဲလား သီချင်းနဲ့ စဖွင့်မှာဆိုတော့ အ ကောင်းဆုံးတော့ ပြင်ဆင်ထားပါ တယ်’’ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲတွင် အပိုင်း သုံးပိုင်းခွဲ  ဖျော်ဖြေမည်ဖြစ်ပြီး တတိယပိုင်းဖျော်ဖြေမှုအစီအစဉ် ၌ ကြေညာမထားသည့် အနု ပညာရှင်တစ်ဦးနှင့် အင်္ဂလိပ် သီချင်းတစ်ပုဒ်ကို စုံတွဲသီဆိုဖျော် ဖြေမည်ဟု ၎င်းက ဆိုသည်။

Romantic Opera အမည် ဖြင့် ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၃ ရက်ညတွင် Rose Garden ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ပြီး ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ ဝိုင်းလေးနှင့် ဆိုဖီယာတို့ ပါဝင် ဖျော်ဖြေမည်ဖြစ်သည်။

‘‘မဖြူကိုတော့ အရမ်းကြိုက် ပါတယ်။ အရမ်းလည်း လေးစား တယ်။ သူ့သီချင်းတွေကို Live မှာဆိုခဲ့တာ မျက်မြင်တွေ့ခဲ့ရတာ ဆိုတော့ အရမ်းသဘောကျတယ်။ အခုလိုအတူတွဲဆိုခွင့်ရမယ်လို့ လုံးဝထင်မထားဘူး’’ဟု ယင်း ဖျော်ဖြေပွဲတွင် ပါဝင်မည့် အဆို တော် ဖြူဖြူကျော်သိန်းနှင့်ပတ် သက်၍ ၎င်း၏အမြင်ကို ပြော သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဒုတိယတစ် ကိုယ်တော်အခွေကို အပြီးသတ် နေပြီး နိုဝင်ဘာတွင် ထွက်ရှိနိုင် ရန် ကြိုးစားနေကြောင်း ဆိုဖီယာ က ပြောသည်။

‘‘Mini Album လိုပုံစံမျိုး။ သီချင်းပုံကတော့ အသစ်ပုံစံတွေ ပါတယ်။ R&B တစ်ခုတည်း မဟုတ်ဘူး။ လက်တင်ပုံစံတွေ လည်း ပါပါတယ်’’ဟု ဒုတိယတစ် ကိုယ်တော်အခွေနှင့်ပတ်သက်၍ ပြောသည်။

သီချင်းများကို ငွေကြေးနှင့် မရောင်းချချင်သော်လည်း မြန်မာ နိုင်ငံတွင် တစ်ကိုယ်တော်အခွေ ထွက်ရှိမှသာ အဆိုတော်တစ်ဦး အဖြစ် အသိအမှတ်ပြုသော ကြောင့် ရောင်းချရပြီး ဒုတိယ တစ်ကိုယ်တော်အခွေကို ပရိသတ်များအားလုံး ဝယ်ယူနိုင်မည့်ဈေး ဖြင့် ရောင်းချမည်ဟု ၎င်းကဆို သည်။

ယင်းအခွေမထွက်မီတွင် Broken Mirror အမည်ဖြင့် သီချင်းတစ်ပုဒ်ကို အွန်လိုင်းက ဖြန့်ချိမည်ဟု ဆိုဖီယာက ပြော သည်။