ခါကာဘိုရာဇီတောင် အမြင့်ပေ သတ်မှတ်ရန် တောင်ထိပ် တက်တိုင်းတာမည်ဟုဆို

မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်မှ ခါကာဘိုရာဇီတောင်တက်မည့် အဖွဲ့ဝင်များအား အောင်မြင်ရေးအလံပေးအပ်စဉ် (ဓာတ်ပုံ − စိုင်းဇော်)

 ခါကာဘိုရာဇီရေခဲ တောင်၏ အမြင့်ပေကို တိတိကျ ကျ သတ်မှတ်နိုင်ရန် တောင်ထိပ် တက်၍ တိုင်းတာမည်ဟု တောင် တက်ခရီးစဉ်ကို ဦးဆောင်မည့် မြန်မာနိုင်ငံ ခြေလျင်တောင် တက်အဖွဲ့ချုပ် နည်းစနစ်မှူး ဦးပြည့်ဖြိုးအောင်က ပြောသည်။

စက်တင်ဘာ ၆ ရက်က ရန် ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သည့် ‘၂၀၁၈ ခုနှစ် ခါကာဘိုရာဇီတောင် တက်ခရီးစဉ် သတင်းစာရှင်းလင်း ပွဲနှင့် ပံ့ပိုးကူညီငွေပေးအပ်ခြင်း’ အခမ်းအနား၌ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။


၎င်းအပါအဝင် အဖွဲ့ဝင်သုံးဦးပါသော တောင်တက်အဖွဲ့ သည် ခါကာဘိုရာဇီရေခဲတောင် ကို တောင်ဘက်က စတင်၍ ၂၀၁၈ သြဂုတ်တတိယပတ်အတွင်း တက်ရောက်ရန် စီစဉ်ထားပြီး ခရီးလမ်းတစ်လျှောက်ရှိတိုင်းရင်းသားများကိုလည်း ကူညီထောက်ပံ့မည်ဟု ဦးပြည့်ဖြိုးအောင်ကပြောသည်။

 မြန်မာနိုင်ငံနှင့် အရှေ့ တောင်အာရှတွင် အမြင့်ဆုံး တောင်အဖြစ် သတ်မှတ်ထား သော ကချင်ပြည်နယ် ပူတာအို မြို့နယ်ရှိ ခါကာဘိုရာဇီ ရေခဲ တောင်သည် လွန်ခဲ့သည့် နှစ် ၉၀ ကျော်က တိုင်းတာခဲ့သော အိန္ဒိ ယ မြေပုံအညွှန်းအရ ၁၉,၂၉၆ ပေ အမြင့်ရှိပြီး ဂမ်လန်ရာဇီ တောင်မှာ ပေ ၂၀၀ နိမ့်သည်ဟု မှတ်တမ်းတင်ထားသည်။

သို့သော် ၂၀၁၃ သြဂုတ်က အမေရိကန်-မြန်မာ ချစ်ကြည် ရေးခရီးစဉ်အဖြစ် အမေရိကန် နိုင်ငံသား အင်ဒီတိုင်စန် ဦးဆောင်သော တောင်တက်အဖွဲ့သည် ဂမ်လန်ရာဇီတောင်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ ပြီး ၎င်းက ဂမ်လန်ရာဇီတောင် သည် ခါကာဘိုရာဇီတောင်ထက် မီတာ ၁,၀၀၀ ပိုမြင့်ကြောင်းတိုင်းတာရရှိသည်ဟု အေပီသတင်းဌာနအား ပြောကြား သည်။

‘‘ကျွန်တော်တို့ အဓိကက အာဆီယံထဲမှာ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတောင်အဖြေကို သိချင် တဲ့အခါကျတော့ ဒီခရီးစဉ်ကို စီ စဉ်ရခြင်းဖြစ်ပါတယ်’’ဟု ဦးပြည့် ဖြိုးအောင်က ရှင်းပြသည်။

 တောင်တက်အဖွဲ့ဝင်များ သည် ကချင်ပြည်နယ် ပူတာအို မြို့နယ်ရှိ ခါကာဘိုရာဇီရေခဲ တောင်တက်နိုင်ရန် ထူးဖောင်ဒေး ရှင်း၏ ကူညီထောက်ပံ့မှုဖြင့် လာ မည့်အောက်တိုဘာ ၂၈ ရက်တွင် နီပေါနိုင်ငံသို့ သွားရောက်၍ အ ကြိုလေ့ကျင့်မှုအဖြစ် အအေး ဒဏ် ခံနိုင်ရည်ရှိရန်နှင့် တောင် တက်ရာတွင် အထောက်အကူပြု သော နည်းပညာပိုင်းဆိုင်ရာများ ကို ၃၁ ရက်ကြာ လေ့ကျင့်သင် ကြားမည်ဖြစ်သည်။ ထို့အပြင် ခရီးစဉ်အတွင်း ခါကာဘိုရာဇီ ထက် မီတာတစ်ထောင် ပိုမြင့် သော တောင်သုံးလုံးပေါ်သို့ လည်း တက်ရောက်မည်ဟု ဦး ပြည့်ဖြိုးအောင်က ပြောသည်။

ခါကာဘိုရာဇီ ရေခဲတောင် ကို ၁၉၉၆ တွင် ဂျပန်လူမျိုး အိုဇာ ကီနှင့် တိဗက်လူမျိုး မြန်မာနိုင်ငံ သား နမားဂျွန်ဆင်တို့ တက် ရောက်နိုင်ခဲ့သော်လည်း တောင် ၏ အမြင့်ပေကို သတ်မှတ်တိုင်း တာနိုင်ခြင်း မရှိပေ။

More in News Section

Top News