အားလပ်ရက်မှာ ဖတ်စရာ

ဓာတ်ပုံ− စိုင်းဇော်

- ဒီတစ်ပတ် အားလပ်ရက်မှာဖတ်စရာအဖြစ် ဆရာမြဝင်း (ဒဿန) ရေးသားတဲ့ ခရေရိပ် စကားဝိုင်း နဲ့ ဆရာမကြီး (ဒေါ်)ခင်စောတင့် အင်္ဂလိပ်ကနေ မြန်မာဘာသာပြန်ဆိုတဲ့ မည်းမှောင်သောတိမ်တိုက်တိုင်းမှာ ငွေရောင် အနားကွပ်ရှိသည် စာအုပ်နှစ်အုပ်ကိုရည်ညွှန်းလိုက်ပါတယ်။ဆရာမြဝင်း (ဒဿန)ဟာ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာဆောင်း ပါးတွေ ကြိုးကြားကြိုးကြား ရေးသားခဲ့ရာမှာ ဘာသာရေး၊ ဘာသာတရားနဲ့ ပတ်သက်ဆက် နွှယ်တဲ့ အကြောင်းအရာတွေများ ခဲ့ပါတယ်။ ယခုစာအုပ်မှာဆိုရင် လယ်တီဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးတရားအမြင်၊ မန်လည် ဆရာတော်ဘုရားကြီးရဲ့ နှလုံး သွင်းတရား၊ ဦးရွှေအောင်ရဲ့ဘဝ အမြင်သစ်၊ တည်တောဆရာ တော် ဘုရားကြီးရဲ့ ဘဝအဓိပ္ပာယ် ဖွင့်ဆိုချက်၊ မဟာဂန္ဓာရုံဆရာ တော်ကြီးရဲ့ သင့်တင့်လျောက် ပတ်တဲ့ဒေသဖွင့်ဆိုချက်၊ မင်း ကွန်းဆရာတော်ကြီးရဲ့ စာစိတ် ပေစိတ်၊ တရားဟောရာမှာ ထား ရှိတဲ့ သည်းခံတဲ့ခန္တီစိတ်၊ ရွှေ ဟင်္သာဆရာတော်ကြီးရဲ့ အတုယူ ဖွယ်ရာအဖြေ အစရှိတဲ့အကြောင်း အရာတွေကို ဖတ်ရပါမယ်။

ဆရာမကြီး(ဒေါ်)ခင်စော တင့်ကတော့ EVERY CLOUD HAS A SILVER LINING ဆိုတဲ့စာအုပ်ကို ဘာသာပြန်ရာမှာ ကမ္ဘာကျော် လူပုဂ္ဂိုလ်တွေရေးသားဟောပြောချက်တွေထဲကနေ အထူးခြားဆုံးနဲ့ အကောင်းမွန်ဆုံး၊ တိုတိုနဲ့ အထိမိဆုံး စကားစုတွေ ကိုဖော်ပြထားတာပါ။ ဆရာမကြီး (ဒေါ်)ခင်စောတင့်ဟာ ကင်ဆာရောဂါကိုကုသတိုက်ဖျက်ဖို့ ဘန်ကောက်မြို့ဆေးရုံကြီးမှာ တက်ရောက်နေစဉ်အတွင်း ယခုစာအုပ်ကို တဖြည်းဖြည်းချင်း ဘာသာပြန်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာပါတဲ့စာတွေဟာ တိုပေမယ့်တစ်သက်လုံး နှလုံးသွင်း ဆင်ခြင်သွားရမယ့် စာတွေချည်းဖြစ်ပါတယ်။ ဥပမာ -

အတိုက်အခံကောင်းကင်က

လူတစ်ယောက်အတွက်

အကြီးမားဆုံး

အထောက်အပံ့တစ်ခုဖြစ်တယ်။

စွန်တွေက

ကောင်းကင်ဆီ

လေနဲ့ အလိုက်သင့် မတက်ပါဘူး။

လေကိုဆန်ပြီး တက်ကြတာပါ။

John Neal

ဘဝဆိုတာ

သင့်ကိုယ်သင်

ရှာဖွေနေဖို့ မဟုတ်ပါဘူး။

ဘဝဆိုတာ

သင့်ကိုယ်သင်

ဖန်တီးရှင်သန်နေဖို့ပဲ ဖြစ်တယ်။

George Bernard Shaw

မြေကြီးက

ဖိနပ်မပါ ခြေဗလာနဲ့နင်းတာကို

နှစ်သက်သလို

လေတွေကလည်း

သင့်ဆံပင်တွေနဲ့ ဆော့ကစားဖို့

တောင့်တတယ်ဆိုတာ

မမေ့ပါနဲ့။

Khalil Gibran

ဆရာမြဝင်း (ဒဿန)ရဲ့ ခရေရိပ်စကားဝိုင်းကို အိပ်မက် ရိပ်စာပေက တန်ဖိုး ၂,၀၀၀ ကျပ်နဲ့ထုတ်ဝေပြီး ဆရာမကြီး (ဒေါ်)ခင်စောတင့်ရဲ့ မည်းမှောင်သောတိမ်တိုက်တိုင်းမှာ ငွေ ရောင်အနားကွပ်ရှိသည်ကိုတော့ မျိုးဆက်သစ်စာပေက တန်ဖိုး ၂,၀၀၀ ကျပ်နဲ့ ဖြန့်ချိထားပါတယ်။          ။

Top News