ပြည်သူ့အစိုးရနှင့်အတူ

အင်္ဂလိပ်ဘာသာစကားလုံး Shock (အံ့အားသင့်တုန်လှုပ် စရာကောင်းသော)ရဲ့ Idiom အသုံးအနှုန်းတွေကိုကြည့်တဲ့အခါမှာ သုံးမျိုးလောက်တွေ့ရပါတယ်။ Sticker Shock ဆိုတာက ကုန်တိုက်တစ်ခုကိုရောက်ပြီး ကုန်ပစ္စည်းတစ်ခုမှာ ကပ်ထားတဲ့ ဈေးနှုန်းစတစ်ကာကိုကြည့်ပြီး ဈေးက ကြီးလိုက်တာလို့ ထိတ်လန့်မိတာကို ခေါ်တာဖြစ်ပါတယ်။ နောက်တစ်ခု Culture Shock ဆိုတာကတော့ ကိုယ် မရောက်ဖူးသေးတဲ့နိုင်ငံ (သို့မဟုတ်) ဒေသတစ်ခုမှာ ရင်းနှီးမှု မရှိတဲ့ ယဉ်ကျေးမှုဓလေ့တွေနဲ့ တွေ့ကြုံရပြီး ဝန်းကျင်သစ်မှာ အလိုက်အထိုက်နေထိုင်ဖို့ ခက်ခဲ တာကို ခေါ်တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခု Shell Shock ကတော့ စစ်အတွေ့အကြုံကြောင့် စိတ်ချောက်ချားထိတ်လန့်မှုပါ။

ပထမဆုံး Idiom ဖြစ်တဲ့ Sticker Shock ကိုတော့ စာဖတ် သူများ မကြာခဏ ကြုံဖူးကြမှာ ပါ။ ကုန်တိုက်တစ်ခုရောက်တုန်း အဆင်လှတဲ့ အင်္ကျီလေးတွေတွေ့ လို့ ကောက်ကိုင်လိုက်ပြီး တန်ဖိုး ကပ်ထားတဲ့ စတစ်ကာကို မြင်ခါ မှ ဈေးကြီးလွန်းလို့ ပြန်ချထား လိုက်ရတာမျိုး ဖြစ်ပါတယ်။ Culture Shock ကတော့ မကြာ ခင်က ဖေ့စ်ဘွတ်ခ်နဲ့ယူကျုဘ်မှာ တက်လာတဲ့ ကိုရီးယားအမျိုး သမီးတစ်ဦးရဲ့ ဗီဒီယိုဖိုင်ထဲမှာ ပြောတဲ့ မြန်မာပြည်အတွေ့ အကြုံမျိုးပါ။ ရန်ကုန်မှာ လူတွေ မျဉ်းကြားကမဟုတ်ဘဲ လမ်းကူး တာကိုကြည့်ပြီး သူကိုယ်တိုင်ကူး ဖို့ ထိတ်လန့်မိတဲ့အကြောင်းဖြစ် ပါတယ်။ Shell Shock ကတော့ အထွေအထူးပြောစရာ မလိုပါ ဘူး။ ယခု ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုကို တွေ့ကြုံနေရ တဲ့ ပြည်သူပြည်သားတွေရဲ့အဖြစ် မျိုးပါ။


Shock ဆိုတဲ့ အံ့အားသင့် တုန်လှုပ်မှုကို လူရယ်လို့ဖြစ်လာ ရင် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရ မှာဖြစ်ပါတယ်။ လမ်းကို အမှတ် တမဲ့ဖြတ်ကူးရင်း ပွမ်လို့ မော် တော်ကား ဟွန်းသံကြားလို့ လှည့်ကြည့်မိခါမှ ကိုယ့်နောက်မှာ ကားကြီးကို တွေ့တာမျိုးကစလို့ ပါ။ အမှတ်တမဲ့နေခဲ့လို့သာ ကိုယ် ရခဲ့တဲ့ Shock တွေကို မမှတ်မိတာ ဖြစ်ပါလိမ့်မယ်။

 မကြာခင်က ရန်ကုန် ဆင် ခြေဖုံး ရပ်ကွက်တစ်ခုမှာ ကွန်က ရစ်လမ်း ခင်းပါတယ်။ လမ်းခင်းဖို့ အလျား၊ အနံထုတွေကို တိုင်းကြ၊ ထွာကြ လုပ်နေတုန်းမှာ လမ်းသူ လမ်းသားတစ်ဦးက လမ်းခင်းမယ့် သူတွေကို ကန့်ကွက်မှုလုပ်ပါ တယ်။ ရပ်ကွက်ထဲက တခြား လမ်းတွေ ကွန်ကရစ်လမ်းခင်းရင် လမ်းအကျယ် ၁၄ ပေ၊ ထုက ၉ ပေ ခင်းခဲ့ပေမယ့် ယခုလာခင်းမှာ က အကျယ် ၁၂ ပေ၊ ထုက ၆ ပေ ဖြစ်နေလို့ပါတဲ့။ လမ်းခင်းမယ့်သူ တွေကလည်း အကျယ် ၁၄ ပေ လုပ်ရင် ကျူးကျော်ထားတဲ့အိမ် တွေနဲ့ မလွတ်လို့ပါလို့ ဖြေရှင်း ချက်ပေးပါတယ်။ လမ်းသူလမ်း သားကလည်း လျှော့မပေးပါဘူး။ ခက်တာက ယခုလို စောဒက တက်တဲ့သူ တစ်ဦးတည်းကသာ လမ်းပေါ်မကျူးတာပါ။ ကျန်တဲ့ အိမ် တော်တော်များများက အိမ် ရှေ့မှာ ဈေးဆိုင်တွေ အခိုင်အမာ ဆောက်ပြီး ကျူးထားကြတော့ အများနဲ့တစ်ယောက် ဖြစ်နေပါ တယ်။

ဒီလိုနဲ့နောက်ဆုံးမှာ ရပ် ကွက် အုပ်ချုပ်ရေးမှူးရောက်လာ ပြီး လမ်းနဲ့မလွတ်တဲ့ ကျူးကျော် တွေ အကုန်ဖျက်ရမယ်။ အာဏာ ရပါတီရဲ့ ပါတီဝင်က တိုင်ထား တယ်လို့ လာပြောသွားပါတယ်။ စာရေးသူ Shock ဖြစ်မိတာက အုပ်ချုပ်ရေးမှူးပြောတဲ့ အာဏာ ရ ပါတီရဲ့ ပါတီဝင်က တိုင်ထား တယ်ဆိုတဲ့ စကားပါ။ အာဏာရ ပါတီရဲ့ ပါတီဝင်ဆိုသူက အခုန က လမ်းဖောက်မှုနဲ့ပတ်သက်ပြီး စံချိန်စံညွှန်းမပြည့်လို့ စောဒက တက်သူပါ။ ဘယ်ဘက်ကကြည့် ကြည့် စောဒကတက်သူရဲ့အဆို က မှန်ပါတယ်။ လမ်းဆိုတာ စံ ချိန်စံညွှန်းပြည့်မှ သွားရလာရ လွယ်ကူပြီး ရေရှည်ခံမှာပါ။ မှား တဲ့သူတွေက လမ်းနယ်နိမိတ် အထိ ကျူးကျော်သူတွေနဲ့ လမ်း ကို စံချိန်စံညွှန်းလျှော့ခင်းမယ့်သူ တွေဖြစ်ပါတယ်။

ဒါပေမဲ့ အုပ်ချုပ်ရေးမှူးလုပ် သူရဲ့စကားကြောင့် လမ်းထဲက ကျူးကျော်သူတွေနဲ့ လမ်းကောင်း ကောင်းခင်းပေးဖို့ အဆိုပြုသူတို့ ကို ပဋိပက္ခဖြစ်စေပါတယ်။ ဒါက အတိုလေးပဲ ကြည့်မိတာဖြစ်ပါ တယ်။ အရှည်ကြီးအထိ ကြည့် မယ်ဆိုရင် အာဏာရပါတီကိုပါ အမြင်စောင်းစေတဲ့အထိ ဖြစ်ပါ တယ်။ မင်းတို့ပါတီ အာဏာရမှ ငါတို့အိမ်ရှေ့ ဖျက်ရတယ်ဆိုတဲ့ အဖြစ်မျိုးရောက်အောင် တွန်းပို့ တာပါ။ စာရေးသူအတွက်တော့ တော်တော် Shock ရခဲ့ပါတယ်။

ယခု ကမ္ဘာ့မီဒီယာမှာ မြန်မာ နိုင်ငံ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အုတ်အော်သောင်း တင်းဖြစ်အောင် လုပ်နေတာဟာ လည်း တည်ဆဲအစိုးရကို Shock ရစေခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသက လုံခြုံရေးရဲ စခန်း ရဲကင်း ၃၀ ကျော်ကို အစွန်း ရောက်ဘင်္ဂါလီတွေ အင်အားသုံး ကာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်မှုကို ကမ္ဘာ့အင်အား ကြီးနိုင်ငံတချို့နဲ့ ကုလသမဂ္ဂကပါ  ရှုတ်ချခဲ့ပါတယ်။ အကြမ်းဖက်မှု ကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာလည်း အကြမ်းဖျက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့ကို  ဖွဲ့စည်းခဲ့ ပြီး စနစ်တကျ ဖြေရှင်းခဲ့ပါတယ်။ အစွန်းရောက်ဘင်္ဂါလီတွေရဲ့ ရွာ တွေ မီးရှို့မှု၊ သတ်ဖြတ်မှုတွေကို ကြောက်ရွံ့ပြီး ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကိုလည်း လူမျိုး ဘာသာ မခွဲခြားဘဲ ထောက်ပံ့ကူ ညီခဲ့၊ ကူညီဆဲဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့မီဒီယာတချို့ ရဲ့ ရေးသားထုတ်လွှင့် ပြသနေမှု တချို့မှာတော့ ရခိုင်ဒေသက ဘင်္ဂါလီလူမျိုးတွေ (သူတို့အဆို ရိုဟင်ဂျာ)ကို မြန်မာအစိုးရစစ် တပ်က လူမျိုးတုံး သတ်ဖြတ်နေ သယောင်၊ သူတို့ကို တခြားသို့ ထွက်ပြေးအောင် မောင်းထုတ်နေ သယောင် ရေးသားဖော်ပြလာကြ ပြီး နိုင်ငံတကာနဲ့ ကမ္ဘာ့အသိုက် အဝန်းမှာ မြန်မာ့ပုံရိပ်ကို မှေးမှိန် လာအောင် ပြုလုပ်လာကြပါ တယ်။ နောက်ဆုံးမှာ ငြိမ်းချမ်း ရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ကိုပါ လူ့အခွင့်အရေးပေ တံနဲ့ ပြန်လည်တိုင်းထွာဖို့ ကြိုး စားလာကြပါတယ်။

ကမ္ဘာ့ပြည်သူတွေအားလုံး ဟာ မည်သည့် အကြမ်းဖက်မှုကို မှ လက်မခံကြပါဘူး။ ကမ္ဘာ့အင် အားကြီး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ ၂၀၀၁ ခုနှစ် မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာနဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့ကို အ ကြမ်းဖက် တိုက်ခိုက်ခံရတဲ့ (၉/ ၁၁)ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီး အကြမ်းဖက်မှုကြောင့် တုန်လှုပ်မှု Shock အကြီးအကျယ်ရခဲ့ပါ တယ်။ ပြီးနောက်မှာ အကြမ်းဖက် သူများ နေထိုင်ရာ အာဖဂန်နစ္စ တန် နိုင်ငံအတွင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ အားလုံး မှတ်မိ ကြပါလိမ့်မယ်။ ကိုယ့်နိုင်ငံသား ကိုထိရင် ဘယ်အစိုးရကမှ လက် ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။

စက်တင်ဘာလ ၆ ရက်နေ့ က နိုင်ငံတော်သမ္မတအိမ်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေး ကိစ္စများနဲ့ တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ရှင်းလင်းတင်ပြတဲ့အခမ်း အနားမှာ သမ္မတကြီးက ပြည်သူ များ၏ စိုးရိမ်ကြောင့်ကြမှုများကို အခွင့်ကောင်းယူကာ သွေးထိုးလှုံ့ ဆော်မည့်သူများကို အချိန်မီ ဟန့် တားနိုင်ရေး၊ တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရန် ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

အဖျက်သမားမှန်သမျှဟာ အခွင့်ကောင်းယူတတ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မတည် မငြိမ်မှုများကို အသုံးချကာ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခကိုဦး တည်ဖို့ ကြိုးစားလာကြပါလိမ့် မယ်။ မြန်မာစကားမှာ ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မဆိုတာ ရှိပါတယ်။ မကောင်းသူကို လူမျိုးဘာသာကို မကြည့်ဘဲ မကောင်းသူလို့ မြင်ဖို့ လိုပါတယ်။ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ ဦးတည်နေချိန်မှာ အမှောင့် ပယောဂတွေကတော့ ရှိနေဦးမှာ ပါ။ ထို့အတွက် ပြည်သူတွေ တင် မြှောက်ထားတဲ့ ပြည်သူ့အစိုးရကို အားဖြည့်ကြဖို့ တိုက်တွန်းချင်ပါ တယ်။

(ဖော်ပြပါ ဆောင်းပါးသည်စာရေးသူ၏အာဘော်သာဖြစ်ပါသည်။)