ပါတီထူထောင်ပြီးပါက ၈၈ ငြိမ်းပွင့်တွင် မပါဝင်ဘဲ သီးခြားရပ်တည်မည်ဟု ဦးကိုကိုကြီးပြော

ပါတီနှင့် ငြိမ်းပွင့်ကြား ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု ၈၈ ခေါင်းဆောင်များပြော
ဓာတ်ပုံ − နစ်ကီ

နိုင်ငံရေးမျိုးဆက်သစ် များ ပါဝင်မည့် ပါတီထူထောင်ပြီး ပါက ပါတီဦးဆောင်သူများအနေ ဖြင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ဆက်လက်ပါဝင်ခြင်းမရှိဘဲ သီး ခြားရပ်တည်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက ပြော ကြားသည်။


‘‘ဘာလို့ ပါတီထောင်တာလဲ မေးရင် ကျွန်တော်တို့ရဲ့ အယူအ ဆတွေ၊ မူဝါဒတွေ လက်တွေ့အ ကောင်အထည်ဖော်နိုင်ဖို့သာဖြစ် ပါတယ်။ ငြိမ်းပွင့်ကို ဆိုင်းဘုတ် ပြောင်းတာမဟုတ်ပါဘူး။ နား လည်မှုလွဲမှာစိုးလို့ ရှင်းပြတာဖြစ် ပါတယ်’’ဟု ၎င်းကပြောသည်။

တစ်ဖက်တွင် ပါတီဖွဲ့စည်း နိုင်ရေးဆောင်ရွက်နေသော်လည်း  ၈၈ ငြိမ်းပွင့်နှင့် ပါတီတို့ကြား မတူညီသည့် အင်အားစုနှစ်ခုအ နေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ ဓမ္မပီယကျောင်းတိုက်၌ ပြုလုပ်သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ နယ်ကွန်ရက်များ စုံညီတွေ့ဆုံပွဲတွင် ၎င်းက ရှင်းလင်းပြောကြားသည်။

၈၈ မျိုးဆက် ငြိမ်းပွင့်မှ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာတို့ အ ပါအ၀င် ပုဂ္ဂိုလ်အချို့သည် နိုင်ငံရေးပါတီသစ်တစ်ရပ်ထူထောင်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်း ဆောင်ရွက်နေရာ ဒေသအသီးသီး မှ ၈၈ မျိုးဆက် ကျောင်းသား ဟောင်းများက မည်သည့်အစုအ ဖွဲ့တွင် ရပ်တည်သင့်ကြောင်း မေးခွန်းထုတ်မှုများရှိခဲ့သည်။

‘‘ခေါင်းဆောင်တွေအကြား ရပ်တည်ချက်မတူမှုက ကျွန်မတို့ ကို နည်းနည်းတော့ ဝေခွဲမရဖြစ် စေတာပေါ့။ ဒါပေမဲ့ ကောင်းတဲ့ ရည်ရွယ်ချက်တွေလို့ပဲ နားလည် ထားပါတယ်’’ဟု စုံညီတွေ့ဆုံပွဲ သို့ တက်ရောက်လာသည့် မြိတ် မြို့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဖွဲ့ဝင်များ၏ မေးခွန်း ထုတ်မှုများကို ပြန်လည်ကြားသိရ ကြောင်းနှင့် ၈၈ မျိုးဆက်များအ ကြား ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်မှုများရှိနေမည်ဖြစ် ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

‘‘နိုင်ငံရေးပါတီရဲ့ သဘော သဘာဝနဲ့ တခြားအဖွဲ့အစည်း တွေရဲ့ သဘောသဘာဝလည်း မတူပါဘူး။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးဆို တဲ့ ကြွေးကြော်သံအောက်မှာ ကျွန်တော်တို့လည်း တညီတညွတ် တည်းရှိနေပါမယ်။ နှစ်ခြမ်းကွဲ တာမျိုးမှာမဟုတ်သလို သဘော သဘာဝချင်းလည်း မတူပါဘူး’’ ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက ပြော ကြားသည်။

လက်ရှိတွင် ၈၈ မျိုးဆက် များပါဝင်သည့် နိုင်ငံရေးပါတီ သစ်တစ်ရပ် ထူထောင်နိုင်ရေး ဧရာဝတီတိုင်းဒေသကြီး ပါတီဖြစ် မြောက်ရေးလုပ်ငန်းကော်မတီကို စတင်ဖွဲ့စည်းထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခု၌ ရုံးခန်းများဖွင့်၍ စည်းရုံးရေးလုပ်ငန်းများ စတင်နေကြောင်း ဦးကိုကိုကြီးက ပြောသည်။

ပါတီ၏ အမည်၊ အလံနှင့် ပါတီတံဆိပ်များကို အောက်တို ဘာတွင် အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်အတည်ပြုမည်ဖြစ်ပြီး ၂၀၁၇ နှစ်ကုန်၌ ပါတီမှတ်ပုံတင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များက ပြောသည်။

အဆိုပါ ပါတီတွင် ၈၈ အ ရေးတော်ပုံကို အခြေခံ၍ ပေါ် ပေါက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားများသာမက အခြား နိုင်ငံရေးမျိုးဆက်များ၊ အခြားအ ဖွဲ့အစည်းများနှင့် လူငယ်အသင်း အဖွဲ့များ စသည့် ပြန့်ကျဲနေသော နိုင်ငံရေးအင်အားစုများပါဝင်နိုင် ရန် ကြိုးပမ်းမည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်၊ နိုင်ငံ ရေးပါတီဖြစ်မြောက်ရေးကော်မ တီဗဟိုဦးဆောင်အဖွဲ့ဝင် ဦးမင်း ဇေယျာက ဆိုသည်။

‘‘ပါတီမူဝါဒနဲ့ ပတ်သက်လို့ က အထူးသဖြင့် တိုင်းရင်းသား ပါတီများနဲ့ မဟာမိတ်ကိစ္စဟာ ယနေ့ နိုင်ငံရေးအတွက် အင်မ တန်ကို သိမ်မွေ့အရေးကြီးတဲ့ ကိစ္စလို့မြင်ပါတယ်။ တကယ်နက် ရှိုင်းတဲ့ နိုင်ငံရေးကိစ္စတွေကို ဖြေ ရှင်းမယ်ဆိုရင် လက်ရှိ ရှိနေတဲ့ နိုင်ငံရေးစနစ် ရွေးကောက်ပွဲစနစ် သက်သက်နဲ့ ဖြေရှင်းလို့ မရဘူး လို့ ကျွန်တော်တို့ ယုံကြည်တယ်’’ ဟု ဦးကိုကိုကြီးက ပြောသည်။

စုံညီတွေ့ဆုံအစည်းအဝေး ကို ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် ဆက်လက်ပြုလုပ်မည် ဖြစ်သည်။

Top News