နှလုံးခွဲစိတ်ကုသထားသည့် ဒေါက်တာတင်မျိုးဝင်း မြန်မာနိုင်ငံသို့ ပြန်ရောက်

စင်ကာပူနိုင်ငံသို့ သွား ရောက် ဆေးကုသမှုခံယူသည့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် စက်တင်ဘာ ၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများက ပြော ကြားသည်။ 


ဒေါက်တာတင်မျိုးဝင်းသည် သြဂုတ် ၁၁ ရက်တွင် ရန်ကုန်မြို့ ၌ ကော်မရှင်နှင့် UNFC တို့၏ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)လက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းမှု ဆွေးနွေးပွဲအပြီး၌ ရင်ဘတ်အောင့် ၍ ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ်တက်ရောက်ခဲ့ရသည်။ ထို့ နောက် စင်ကာပူသို့သွားရောက်ကာ ၎င်း၏နှလုံးရောဂါကို သြဂုတ်၂၁ ရက်တွင် ခွဲစိတ်ကုသခဲ့သည်။ 

ဒေါက်တာတင်မျိုးဝင်းအ နေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲများတွင် ဦးဆောင် ဆွေးနွေးနိုင်သည့် အနေအထား ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းရာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ‘‘အဲဒါတော့ မပြောတတ်သေး ဘူးဗျ။ ရောက်တယ်ဆိုတာပဲ သိ တာပါ။ အနားယူရဦးမယ်ထင်ပါ တယ်’’ဟု ပြောသည်။ 

ဒေါက်တာတင်မျိုးဝင်းအ နေဖြင့် ၎င်း၏နေအိမ်၌ပင် အနား ယူနေသည်ဟု ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာအေး ကိုကိုက ပြောသည်။

ဒေါက်တာတင်မျိုးဝင်း၏ ကျန်းမာရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်းများဆောင် ရွက်သင့်၊ မသင့်နှင့်ပတ်သက်၍ ဒေါက်တာအေးကိုကိုက ‘‘လုပ် တာတော့ လုပ်လို့ရတယ်။ ဒါပေမဲ့နားနားနေနေပေါ့။ အားသွန်ခွန် စိုက်တအားကြီး အားစိုက်လို့က တော့ မသင့်တော်ဘူးပေါ့’’ဟု ပြောသည်။ 

ဒေါက်တာတင်မျိုးဝင်း၏ ကျန်းမာရေးကောင်းမွန်လာပါက အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC)တို့အကြား NCA လက် မှတ်ရေးထိုးရေး ညှိနှိုင်းမှုဆွေးနွေး ပွဲများဖြစ်လာမည်ဟု မျှော်လင့် ကြောင်း UNFC ပြောရေးဆိုခွင့် ရှိသူ ဦးထွန်းဇော်က ပြောသည်။ 

ဒေါက်တာတင်မျိုးဝင်းသည် ဒီချုပ်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို အဓိကဦးဆောင်နေသူဖြစ် သည်။ 

အစိုးရ၏ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC ၏နိုင်ငံရေးဆိုင် ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ (DPN)တို့၏ခုနစ်ကြိမ် မြောက် တရားဝင်ဆွေးနွေးပွဲကို စက်တင်ဘာအတွင်း ပြုလုပ်ရန် ချိန်းဆိုထားသော်လည်း ဆွေးနွေး ပွဲရက် သတ်မှတ်နိုင်ခြင်းမရှိသေး ပေ။

Top News