အာဆီယံနိုင်ငံများပူးပေါင်းပြီး လေကြောင်းဈေးကွက်တစ်ခု ထူထောင်မည်

အာဆီယံဒေသတွင်း တစ်ခုတည်းသော လေကြောင်း ဈေးကွက်ကြီးတစ်ခု ပေါ်ပေါက် လာရေး လာအိုနိုင်ငံ ဗီယန်ကျင်း မြို့တွင်ကျင်းပနေသော အာဆီ ယံ လေကြောင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်း ဖော်ဆောင်ရေး အုပ်စု ATWG အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

(၆)ကြိမ်မြောက် အာဆီယံ လေကြောင်း သယ်ယူပို့ဆောင် ရေးလုပ်ငန်း ဖော်ဆောင်ရေးအုပ်စု အစည်းအဝေးကို လာအို နိုင်ငံတွင် စက်တင်ဘာ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံ များအချင်းချင်း ယခုထက်ပိုမိုပြီး လေကြောင်းလိုင်းများ ဆက်စပ် ပြီး လျင်မြန်စွာ ပျံသန်းနိုင်ရေးနှင့် ကမ္ဘာတွင် အရှေ့တောင်အာရှ လေကြောင်းဈေးကွက်တစ်ခုပေါ် ပေါက်လာစေရန် ယင်းအစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရဲထွဋ်အောင်က ပြော ကြားသည်။

‘‘အစည်းအဝေးသွားနေတဲ့ အဖွဲ့ကတော့ လာအိုမှာပဲရှိနေ သေးတယ်။ ဒီနေ့(စက်တင်ဘာ ၇)မှပြီးမှာ။ အသေးစိတ်ကိုတော့ သူတို့အဖွဲ့လာမှပဲ အသေးစိတ် သိရမှာပေါ့’’ ဟု ၎င်းက ဆိုသည်။

အာဆီယံ၏ တစ်ခုတည်း သော လေကြောင်းဈေးကွက် ဖော်ဆောင်ရေးသည် အာဆီယံ စီးပွားရေးအသိုက်အဝန်း AEC ကို ဖော်ဆောင်ရာတွင် ပါဝင် သော အရေးပါသည့်အချက် တစ်ခုဖြစ်ကြောင်း ဦးရဲထွဋ်က ပြောသည်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဗီဇာ မလိုဘဲ သွားရောက်နိုင်ခြင်း၊ လေ ယာဉ်လက်မှတ်များ ယခုထက်ပိုမို သက်သာလာနိုင်စေခြင်း၊ ချိတ် ဆက်ထားမှု မရှိသေးသော နိုင်ငံ များနှင့် ချိတ်ဆက်ပြီး ပျံသန်းလာ နိုင်ခြင်းနှင့် အားကောင်းသော လေကြောင်းကုမ္ပဏီ များစုပေါင်း ခြင်းဖြင့် အင်အားကြီး အာဆီယံ လေကြောင်းဈေးကွက်တစ်ခု ဖြစ် လာနိုင်ကြောင်း MNA လေ ကြောင်းလိုင်း တာဝန်ရှိသူတစ်ဦး က သုံးသပ်သည်။

လက်ရှိတွင် အဆိုပါဈေး ကွက်အတွင်းသို့ ဝင်ရောက်နိုင်ရန် မြန်မာနိုင်ငံမှ လေကြောင်းလိုင်း အများစုသည် အင်အားနည်းနေ သေးကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ လေကြောင်း လိုင်းအများစုသည် ရပ်တည်ရုံမျှ သာ လည်ပတ်နိုင်သေးပြီး အရှေ့ တောင်အာရှဈေးကွက်သို့ ထိုး ဖောက်ရန် အားနည်းနေသေး သဖြင့် ပြည်တွင်းလေကြောင်း လိုင်းအများစုသည် စုပေါင်းလုပ် ဆောင်သင့်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က 7Day Daily  သတင်းစာ နှင့်သီးသန့်တွေ့ဆုံစဉ် ဖြေကြား ထားသည်။

Top News