တစ်ကိုယ်တော်ခွေနဲ့ စုံတွဲခွေတွေ ဆက်တိုက်ထွက်လာမယ့် ဖြိုးပြည့်စုံ

Photo - Aung Zaw( Love Space )

 ‘မျှော်နိုင်သမျှ’ အမ်တီဗီ ကို အောက်တိုဘာတွင် ထွက်နိုင် ရန် ကြိုးစားနေပြီး ဒုတိယတစ် ကိုယ်တော်အခွေနှင့် အတွဲခွေများ လည်း ထွက်ရှိရန် စီစဉ်နေ ကြောင်း အဆိုတော် ဖြိုးပြည့်စုံက ပြောသည်။

‘‘မျှော်နိုင်သမျှ မြူးဇစ်ဗီဒီယို က အားလုံးလည်းရိုက်ပြီးပါပြီ။ နောက်လထဲမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ နောက်တစ် ခုက ဒုတိယတစ်ကိုယ်တော်အ ခွေလုပ်နေတယ်။ Iron Cross နဲ့ ပဲတီးပါတယ်။ တစ်ဝက်လောက် တော့ပြီးပြီ။ လာမယ့် ဖေဖော်ဝါရီ လမှာ မွေးနေ့ရှိတဲ့အတွက် အဲဒီ လထွက်နိုင်အောင် ကြိုးစားနေ တယ်။ အဲဒါအပြင် ဒီကြားထဲမှာ နောက်ထပ် Group အခွေနှစ်ခွေ ထွက်ဖို့ရှိပါတယ်’’ဟု ၎င်းက ပြောသည်။ မျှော်နိုင်သမျှ Audio အခွေ ၌ သီချင်း ၁၃ ပုဒ်ပါဝင်ထားသော် လည်း အမ်တီဗီတွင် ၁၁ ပုဒ်သာ ရွေးချယ်ခဲ့ပြီး ရတနာပုံဇာတ်လမ်း တွဲ ဇာတ်ဝင်သီချင်းဖြစ်သော ‘မျှော်လင့်ချက်လေး’သီချင်းမှာ Official မထွက်ရသေးသော ကြောင့် MTV ထဲတွင် ထပ်မံထည့် သွင်းထားကြောင်း ဖြိုးပြည့်စုံက ပြောသည်။

‘‘စတိုရီတစ်ဝက်၊ အဆို ကတ်တွေပဲ တစ်ဝက်မျှအောင် ရိုက်ထားပါတယ်။ အကုန်လုံး စတိုရီချည်းပဲမရိုက်ထားဘူး။ ပျင်း စရာကောင်းသွားမှာစိုးလို့ပါ။ ဆင်ဆာမတင်ရသေးတဲ့အတွက် အဲဒါ လေးတွေ စောင့်နေတာပါ။ သရုပ်ဆောင်တွေက ကိုနေတိုး၊ ထွန်း ထွန်း၊ ထွန်းကိုကို၊ ထူး၊ အလင်း ရောင်၊ ဝိုင်းစုခိုင်သိန်း၊ မိုးစက်ဝိုင်၊ခေးဆက်သွင်၊ နွယ်ဒါလီထွန်းတို့ ပေါ့။ တခြားသူတွေလည်း ပါပါ သေးတယ်’’ဟု ဖြိုးပြည့်စုံက ပြော သည်။ ဒါရိုက်တာများအနေဖြင့် ကြည်ဖြူသျှင်၊ မေဘရဏီ၊ အောင်မြတ်၊ နေဟိန်း၊ စိုင်းအောင်ထွန်း နှင့် အပေါ့ပါးဆုံးသီချင်းသုံးပုဒ်ကို ၎င်းကိုယ်တိုင်ရိုက်ကူးထားသည် ဟု ဆိုသည်။ ထို့အပြင် ၎င်းနှင့် M United Entertainment, Hi BirdBand နှင့် အောင်ထက်တို့ ပူးပေါင်းဖန်တီးနေသည့် နှစ်ယောက်တွဲ အခွေထွက်လာရန်ရှိကြောင်း ဆိုသည်။

‘‘အောင်ထက်နဲ့က တစ် ယောက်ချင်းစီ လေးပုဒ်၊ ရှစ်ပုဒ်နဲ့ နှစ်ယောက်တွဲ နှစ်ပုဒ်၊ ၁၀ ပုဒ်ဆို ပြီး ရန်ထားတယ်။ တစ်ပုဒ်စီထပ် တိုးပြီး ၁၂ ပုဒ် အယ်လ်ဘမ်လည်းဖြစ်ချင်ဖြစ်သွားမယ်။ တေးရေး တွေက ဝေကြီးနဲ့ စည်သူမင်းပါ။ အောင်ထက်ကတော့ သူကိုယ် တိုင်ရေးတဲ့သီချင်းတွေပါပါလိမ့် မယ်’’ဟု ၎င်းက ပြောသည်။

ဂီတဘက်ကို အာရုံစိုက်နေ သောကြောင့် ဆရာဝန်အလုပ်နှင့် ပတ်သက်၍ နီးစပ်ရာ ညီအစ်ကို မောင်နှမများကို ကျန်းမာရေး စောင့်ရှောက်မှုမျိုးသာ ပြုလုပ်ပေး ဖြစ်ပြီး အနုပညာအလုပ်ကို ပိုဦး စားပေးလုပ်ဖြစ်ကြောင်း ဆို သည်။

‘‘ဆရာဝန်အလုပ်ကို ကိုယ် အားတဲ့ရက်နဲ့ ပရဟိတနဲ့ တိုက် ရင် ကိုယ်သွားကူညီဖြစ်တာမျိုး တွေ ပါဝင်ဖြစ်တယ်။ ဒါပေမဲ့ ဆေးခန်းထိုင်တာတွေ၊ စာဆက် ဖတ်တာတွေ၊ ကျောင်းတက်တာ တွေ၊ ရာထူးတိုးဖို့အတွက် ကြိုး စားတာမျိုးတွေ မရှိသေးဘူး။ လုပ်လို့မရဘူး။ ဘာကြောင့်လဲဆို တော့ အနုပညာအလုပ်နဲ့ပတ် သက်ပြီး အယ်လ်ဘမ်တွေက လည်း တစ်ခုပြီးတစ်ခု ထွက်ရ မယ်။ မိုးတွင်းဆို အယ်လ်ဘမ် ထွက်ရတယ်။ ပွင့်လင်းရာသီ ရောက်ရင် ခရီးထွက်ပြီး သီချင်း ဆိုရတယ်။ အဲဒါတွေက ပတ်ချာ လည်နေတော့ ဆေးကုဖို့အတွက် က အဆင်မပြေဘူး’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒုတိယအယ်လ် ဘမ်ကို အာရုံစိုက်နေပြီး ဂီတဖန် တီးမှုများ  ကြိုးစားပြီးမှသာ အ ချစ်ရေးကို စဉ်းစားမည်ဟု ဖြိုး ပြည့်စုံက ပြောသည်။

Top News