စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ ဇာတ်ရုပ်ကို လက်ခံရိုက်ကူးမယ့် ဇေရဲထက်

 ရွှေရေးထင်ထင် ဒါရိုက် တာအဖြစ် ရိုက်ကူးမည့် ‘ရာဇဝင် ရိုင်းခဲ့တယ်’ ရုပ်ရှင်ဇာတ်ကားတွင် စိတ်ကစဥ့်ကလျားဖြစ်နေသူတစ် ဦးအဖြစ် ပါဝင်သရုပ်ဆောင်ရ မည်ဖြစ်ကြောင်း ဇေရဲထက်က ပြောသည်။

‘‘ဒီကားမှာ Abnormal ဖြစ် နေတဲ့အတွက် ဆံပင်၊ ရုပ်၊ နောက်တစ်ခုက သူ့ဇာတ်ကောင်က Sexy ကျတဲ့ ကင်မရာမန်းဆို တော့ အဲဒီပုံစံဖြစ်အောင် လိုက် လေ့လာနေတယ်။ ဒီကားက ချစ် ကြိုက်ကွဲညားကား မဟုတ်တဲ့ အတွက် လှည့်စားမှုတွေ၊ ယောက်ျားမာယာတွေ အရမ်းများ တဲ့ကားဖြစ်တယ်။ ကျွန်တော်တစ် ခါမှ မလုပ်ဖူးတဲ့အတွက် စိန်ခေါ်မှု များပါတယ်’’ဟု ဇေရဲထက်က ပြောသည်။

ယင်းဇာတ်ကားကို သရုပ် ဆောင်ဇင်ဇင်ဇော်မြင့်၏ ထုတ် လုပ်ရေးက ရိုက်ကူးခြင်းဖြစ်ပြီး ဇေရဲထက်နှင့်အတူ ရဲအောင်၊ အောင်လေး၊ ဇင်ဇင်ဇော်မြင့်၊ ခင်ဇာခြည်ကျော်တို့အပြင် သရုပ် ဆောင်မင်းသမီးအသစ်များလည်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ ရုပ် ရှင်ဇာတ်ကား၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ရွှေရေးထင်ထင်က ကိုယ်တိုင် ရေးသားထားသည်။

ယင်းဇာတ်ကားတွင် ဇေရဲ ထက်က ငယ်စဉ်ကတည်းက မိဘများနှင့်ပတ်သက်၍ စိတ် ကစဥ့်ကလျားဖြစ်ပြီး ယင်းဖြစ် စဉ်နှင့် ပတ်သက်ခဲ့သူများကို လက်စားချေသည့် ကာရိုက်တာ ဖြင့် ပါဝင်သရုပ်ဆောင်မည်ဖြစ် သည်။

‘‘ဒီဇာတ်ကားက တော်တော် လေးကို စဉ်းစားပြီး လက်ခံခဲ့တာ ပါ။ တော်တော်လေးကို ဗီလိန် ဆန်ပါတယ်’’ဟု ဇေရဲထက်က ပြောသည်။

ထို့အပြင် မကြာမီ ရုံတင်ပြ သတော့မည့် ‘ထဘီချွတ်၍လွှတ် လိုက်သည်’ဆိုသည့်ရုပ်ရှင်နှင့် ပတ်သက်၍ ‘‘မှတ်မှတ်ရရဆိုရင် အချစ်နာကျတဲ့ဆင်းန်မှာ တော် တော်ကြီးကို မုဒ်ဝင်သွားတယ်။ ထောင်ထဲမှာ ရိုက်တဲ့ဆင်းန်၊ တရားရုံးချုပ်မှာ ရိုက်တဲ့ဆင်းန် ဆိုရင် တကယ်မုဒ်ဝင်ပြီးလုပ်ခဲ့ တဲ့ကား။ တစ်နေ့လုံး တစ်ညလုံး မအိပ်ဘဲနဲ့နေတယ်။ ထမင်းလည်း မစားဘဲနဲ့ ချုံးချုံးကျအောင် လုပ်ခဲ့ တယ်’’ဟု ယင်းဇာတ်ကားရိုက်ကူး ရေး အမှတ်တရကို ပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်ကား သည် စာရေးဆရာမောင်သာရ၏ စာပေဆုရထားသည့် ဝတ္ထုကို ဒါရိုက်တာညီညီထွန်းလွင်က ရိုက်ကူးခြင်းဖြစ်သောကြောင့် ကိုယ်တိုင် ကျေနပ်အားရသလို ဂုဏ်ယူကြောင်း ပြောသည်။

Top News