ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌ တွေ့ဆုံဆွေးနွေးမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် RCSS ဥက္ကဋ္ဌတို့ ၂၀၁၃ ဇွန်လက ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ − RCSS)

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဒုတိ ယဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့စက်တင်ဘာ ၁၁ ရက်တွင် နေပြည် တော်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်း RCSS အကြံပေးဦးခွန်း ဆေက ပြောကြားသည်။ 


RCSS အနေဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သော်လည်း တပ်မတော်နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွား ခြင်း၊ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပခွင့် မရသေး ခြင်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ ပြဿနာအချို့ရှိနေ သည်။ 

‘‘ဥက္ကဋ္ဌကြီးက သွားပြီဆိုရင် တော့ ယုံကြည်မှုတည်ဆောက် ရေးမှာတော့ အများကြီးတိုးတက် လာမှာပေါ့။ ယုံကြည်မှုအများကြီး တိုးတက်လာရင် ပြဿနာဖြေရှင်း ရေးကလည်း အများကြီးတိုးတက် လာမှာ အသေအချာပါပဲ။ ဘယ် လောက်အထိ ပြဿနာဖြေရှင်း နိုင်သလဲဆိုတာက သူတို့ရဲ့ယုံ ကြည်မှုတည်ဆောက်ရေးက ဘယ်လောက်အောင်မြင်သလဲဆို တဲ့အပေါ် မူတည်ပါလိမ့်မယ်’’ဟု ဦးခွန်းဆေက ပြောသည်။ 

ယခင်အစိုးရလက်ထက်က တည်းက စီးပွားရေးလုပ်ကိုင်ခွင့် နှင့်ပတ်သက်၍ လုံခြုံရေးအရဟု ဆိုကာ လုပ်ကိုင်ခွင့်မရသည့် အ ခြေအနေအချို့ RCSS အဖွဲ့ကြုံ တွေ့နေရသည်ဟု ဦးခွန်းဆေက ပြောသည်။ 

‘‘ဥပမာဆိုရင် ဆိုပါတော့ မိုင်းတုံမြို့နယ်မှာဆိုရင် RCSS က သတ္တုတွင်းတူးဖော်မှုလုပ်ချင် တယ်။ မဲခေါင်မြစ်ဝှမ်းနားမှာ လည်း ရော်ဘာစိုက်ပျိုးရေးတို့၊ တ ခြားသီးနှံစိုက်ပျိုးရေးတို့ သူတို့ရပ် တည်ရေးအတွက်၊ သူတို့ရဲ့မိသား စုတွေ ရပ်တည်ရေးအတွက် သူတို့လုပ်ချင်တယ်။ ဒါကို အစိုးရက အိုကေတယ်။ ဒါပေမဲ့ တပ်က တော့ လုံခြုံရေးကိစ္စကြောင့် ခွင့် မပြုနိုင်ဘူးလို့ ဖြစ်ခဲ့တယ်’’ဟု ၎င်း က ရှင်းပြသည်။ 

RCSS အဖွဲ့၏နေပြည် တော်ခရီးစဉ်အတွင်း တပ်မ တော်ခေါင်းဆောင်များနှင့် တွေ့ ဆုံရန် အဆိုပြုထားသည်။

‘‘အနည်းဆုံး ဒုတပ်ချုပ်နဲ့ တော့ တွေ့မယ်။ ဘာဖြစ်လို့လဲဆို ရင်  ဒုတပ်ချုပ်နဲ့ ဥက္ကဋ္ဌယွက်ဆစ် က တော်တော်ရင်းနှီးတယ်။ သူတို့လည်း မတွေ့တာကြာပြီ။ သူတို့ နှစ်ယောက်တွေ့ရင်လည်း SSA နဲ့မြန်မာ့တပ်မတော်နဲ့ ဖြစ်ပျက်နေ တဲ့ဟာတွေကိုလည်း အများကြီးဖြေရှင်းနိုင်မယ်လို့ ထင်တာပေါ့’’ဟု ဦးခွန်းဆေကပြောသည်။ 

ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့်ရက်ပိုင်းကလည်း NCA မရေးထိုးရသေးသည့် မွန် ပြည်သစ်ပါတီဒုဥက္ကဋ္ဌနှင့် အဖွဲ့ကိုနေပြည်တော်တွင် လက်ခံတွေ့ဆုံ ထားသည်။ 

ထိုသို့ တွေ့ဆုံရာတွင် ဒေါ် အောင်ဆန်းစုကြည်က ငြိမ်းချမ်း ရေး အမြန်ဆုံးရရှိရန်လိုလား ကြောင်း သဘောထားဖော်ပြပြီး အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဖြစ်မြောက်အောင် ဆောင်ရွက်မည်ဟု ပြောကြားခဲ့ ကြောင်း NMSP စစ်ဦးစီးချုပ် နိုင်လယီကောင်းက ပြောသည်။ 

Top News