ခရီးဝေးနှင့် လမ်းကြမ်းအတွက်Land Rover Discovery2017 မိတ်ဆက်

Land Rover ကားသစ်မိတ်ဆက်ပွဲကို စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်နေစဉ် (ဓာတ်ပုံ − မိုးညို)

 မြန်မာပြည်ဈေးကွက်သို့ Land Rover ကားကုမ္ပဏီမှ မော်ဒယ်အသစ်ဖြစ်သော LandRover Discovery 2017 ကို စက်တင်ဘာ ၈ ရက်က တရားဝင် မိတ်ဆက်ခဲ့သည်။


တင်သွင်းလာသည့် Dis-covery မျိုးဆက် Land Roverကားသစ်နှစ်စီးကို ရန်ကုန်- အင်းစိန်လမ်းပေါ်ရှိ Land Rover Myanmar အရောင်းပြခန်းတွင် စတင်မိတ်ဆက် ပြသခဲ့ခြင်းဖြစ် သည်။

အမေရိကန်ထုတ် Land Rover Discovery မော်ဒယ်သစ် သည် ပဉ္စမမြောက် မျိုးဆက်ဖြစ် ပြီး ယင်းကားမှာ လူခုနစ်ဦးအထိ သက်သောင့်သက်သာစီးနင်းနိုင် သော ဘက်စုံသုံး SUV ယာဉ်အမျိုးအစားဖြစ်သည်။ မြို့တွင်းမောင်း နှင်နိုင်ပြီး ခရီးဝေးနှင့် လမ်းကြမ်း များတွင် ပိုမိုအသုံးပြုနိုင်သည်။ 

ယင်းကားကို စိတ်ဝင်စားသူများပြားပါက ပြည်တွင်းသို့ အမြောက်အမြား တင်သွင်းရောင်းချရန် မြန်မာပြည်ကိုယ်စားလှယ်Capital Automotive က တရားဝင်ကြေညာသည်။

Land Rover သည် Disco-very မော်ဒယ်များကို ၁၉၈၉ကတည်းက စတင်ထုတ်လုပ်ပြီး၂၀၁၆ တွင် မျိုးဆက်လေးခုတိုင် ခဲ့ကာ ကမ္ဘာတွင် ကားအစီးရေ ၁ဒသမ ၂ သန်း ရောင်းချပြီးဖြစ် သည်။

Land Rover သည် မြန်မာ ပြည် Brand New ကားဈေးကွက် တွင် အဆင့် (၅)နေရာ ရပ်တည် နေပြီး မြန်မာပြည်ဈေးကွက်၌ ပုံမှန်အစီးရေ လစဉ်ငါးစီးမှ ၁၅ စီးအထိ ရောင်းချနေသည်။

Land Rover ကိုယ်စားလှယ် Capital Automotive သည် အမေရိကန်နိုင်ငံထုတ် Ford ကားများကိုလည်း တရားဝင်ဖြန့်ဖြူးရောင်း ချနေသည်။

Top News